ပီရီကယ်လ်စ်

ပီရီကယ်လ်စ် (၄၉၅ဘီစီ – ၄၂၉ဘီစီ)

ပီရီကယ်လ်စ် သည် အေသင်ရှိ အများသဘောကျ ရွေးကောက်တင်မြှောက်ထားသော ခေါင်းဆောင်ကြီးများထဲမှ တစ်ဦးဖြစ်သည်။ သူ့လက်ထက်၌ အေသင်သည် သာယာဝပြောပြီး အင်အားအလွန်ကြီးမားလာသည်။ ပါသီနွန်အပါအဝင် အထိမ်းအမှတ် အဆောက်အအုံပေါင်းများစွာကို တည်ဆောက်ခဲ့သည်။ ၄၆၁နှင့် ၃၇၉ဘီစီအတွင်း ကာလကို ‘ပါရီကယ်လ်ခေတ်’ အဖြစ်လည်း သိရှိကြသည်။ မည်သို့ပင်ဖြစ်စေကာမူ ပါရီကယ်လ်လက်အောက်၌ အေသင်၏ အခြေအနေ မြင့်မားလာခြင်းကို အိမ်နီးချင်းတိုင်းနိုင်ငံတို့က မကျေမချမ်းနိုင် ဖြစ်ခဲ့ကြသည်။ ထို့ကြောင့်လည်း ပီလိုပွန်နီးရှန်း စစ်ပွဲကို ဖြစ်ပွားစေခဲ့သည်။ စစ်ဖြစ်နေစဉ်အတွင်း အေသင်တစ်ဝန်းတွင် ပလိပ်ရောဂါ ပျံ့နှံ့လားပြီး ပါရီကယ်လ်စ်နှင့် သူ၏မိသားစုဝင် အများစုတို့ အသက်ဆုံးရှုံးခဲ့ရသည်။

၄၉၅ ဘီစီ – ဇန်သစ်ပ်ပတ်စ်နှင့် အဂါရစ်တို့မှ ဖွားမြင်သည်။
၄၅၈ ဘီစီ – စထရာတီဂိုစ်(ဗိုလ်ချုပ်ကြီး) အဖြစ်ရွေးကောက်တင်မြှောက်ခံရသည်။
၄၄၇ ဘီစီ – ပါသီနွန်ကို စတင်ဆောက်လုပ်သည်။
၄၂၉ ဘီစီ – ကွယ်လွန်အနိစ္စရောက်သည်။

မိုးသိမ်း ဘာသာပြန်ဆိုသည့် “ခေါင်းဆောင် ၁၀၀” စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts