ဆိုင်မွန်ဘိုလီဗာ

ဆိုင်မွန်ဘိုလီဗာ (၁၇၈၃ – ၁၈၃၀)

ဆိုင်မွန်ဘိုလီဗာ သည် ဗင်နီဇွဲလား၊ ကိုလံဘီယာ၊ ပနားမား၊ အီကွေဒေါ၊ ပီရူးနှင့် ဘိုလီးဗီးယားတို့တွင် လွတ်လပ်ရေးလှုပ်ရှားမှုများအား ဦးဆောင်ဦးရွက် ပြုခဲ့သူဖြစ်၏။ နပိုလီယန်လက်အောက်တွင် ခဏတာ အမှုထမ်းခဲ့ပြီးနောက် ဘိုလီဗာသည် ၁၈၀၇ ခုနှစ်တွင် ဗင်နီဇွဲလားနိုင်ငံသို့ ပြန်လာခဲ့ပြီး တော်လှန်ရေးလှုပ်ရှားမှုအတွင်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၈၁၉ခုနှစ်တွင် စပိန်ထိန်းချုပ်မှု အောက်ရှိနိုင်ငံများ လွတ်မြောက်ရေးအတွက် ပဓာနကျသော ဂရန်းကိုလံဘီယာအဖွဲ့ကို အစပျိုးပေါ်ပေါက်စေခဲ့ပြီး ယင်းအဖွဲ့၏ ဥက္ကဌဖြစ်လာသည်။ ၁၈၂၂ခုနှစ်တွင် ယင်းအဖွဲ့အတွင်းသို့ ပီရူးနိုင်ငံအား ဖြည့်သွင်းပေးခဲ့သည်။ ၁၈၂၈ခုနှစ်၌ ဂရန်းကိုလံဘီယာအဖွဲ့ အရေးနှိမ့်ချိန်တွင် ဘိုလီဗာလည်း ယင်းအဖွဲ့မှ နုတ်ထွက်ခဲ့သည်။

၁၇၈၃၊ ဇူလိုင်လ၊ ၂၄ – နယူးဂရာနာဒါ (ယခု ကိုလံဘီယာ၊ ဗင်နီဇွဲလားနှင့် အီကွေဒေါ)ရှိ ကရာကက်စ်တွင် ဖွားမြင်သည်။
၁၈၀၈ – ‘အတိုက်အခံစစ်အုပ်စု’ သို့ ဝင်ရောက်သည်။
၁၈၁၉ – ဗင်နီဇွဲလား၊ ကိုလံဘီယာ၊ ပနားမားနှင့် အီကွေဒေါတို့အတွက် ပဓာနကျသော ဂရန်းကိုလံဘီယာအဖွဲ့ကို အစပျိုး ဆောင်ရွက်သည်။
၁၈၂၄ – ဂျုနင်၌ စပိန်တို့အား ပြတ်ပြတ်သားသား တိုက်ခိုက်အနိုင်ယူသည်။
၁၈၂၅ – သူ့အား ဂုဏ်တင်ခံရလေအောင် ဘိုလီဗာက သူ့ဘာသာသူ ဖန်တီးခဲ့သည်။
၁၈၃၀၊ ဒီဇင်ဘာလ၊ ၁၇ – ကိုလံဘီယာနိုင်ငံ၊ စန်တာမာရီယာအနီး၌ အဆုတ်နာရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်သည်။

မိုးသိမ်း ဘာသာပြန်ဆိုသည့် “ခေါင်းဆောင် ၁၀၀” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

Related Posts