ကက်သရင်း

ဒုတိယမြောက် ကက်သရင်း (၁၇၂၉ -၁၇၉၆)

ဇာဘုရင် တတိယမြောက်ပီတာနှင့် လက်ဆက်ခဲ့သည်။ ဒုတိယမြောက် ကက်သရင်း သည် သူ၏ ခင်ပွန်းသည်ထက် လူသိများ အုပ်ချုပ်သူဖြစ်ကြောင်း ကြေညာခဲ့သည်။ ကြေညာပြီး မကြာမြင့်မီမှာပင် ဇာဘုရင်သတ်ဖြတ်ခံခဲ့ရသည်။ ရုရှားဘုရင်မအဖြစ် ကက်သရင်းသည် ကျေးလက်ဒေသများအထိ အာဏာစက် ပျံ့အောင် တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ ဆွေကြီးမျိုးကြီးတို့အား အခွန်ထမ်းဆောင်ခြင်းနှင့် နိုင်ငံတော်တာဝန် ထမ်းဆောင်ရခြင်းတို့မှ လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ အနုပညာနှင့် စာပေတို့ကို တက်တက်ကြွကြွ အထောက်အပံ့ပေးခဲ့သူတစ်ဦဂဖြစ်သည်။ ထို့ပြင် ရယ်စရာဇာတ်မြူးများနှင့် ဝတ္ထုပေါင်းများစွာကို ရေးသားခဲ့သည်။


၁၇၂၉၊ မေလ၊ ၂ – ဂျာမနီ၊ ခရစ်ယာန်ဩဂတ်စတက်စ်မင်းသားမှ ပရပ်ရှားနိုင်ငံ၊ စတက်တင်တွင် ဖွားမြင်သည်။
၁၇၄၄ – ဇာဘုရင်ဖြစ်လာမည့် တတိယမြောက် ပီတာနှင့် လက်ဆက်သည်။
၁၇၆၂ – ဇာဘုရင်ဖြစ်ပြီနောက် ခြောက်လအကြာတွင် ပီတာလုပ်ကြံသတ်ဖြတ်ခံရသည်။ ကက်သရင်းက ထီနန်းကိုဆက်ခံသည်။
၁၇၇၈ – ဘာဘေးရီယန်း ထီးနန်းဆက်ခံခွင့် စစ်ပွဲအတွင်း ပရပ်ရှားနှင့် ဩစတြီးယားတို့အကြား၌ ပြေလည်မှုရစေရန် ဆောင်ရွက်သည်။
၁၇၈၀ – အမေရိကန်တော်လှန်ရေး ကာလအတွင်း ဂရိတ်ဗြိတိန်၏ တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် ဘက်မလိုက် သင်္ဘောအုပ်စုတစ်ခုကို ဖန်တီးသည်။
၁၇၈၃ – အော်တိုမန်အင်ပါယာနှင့် ပထမဆုံးအကြိမ် စစ်ပွဲဖြစ်ပွားပြီနောက် ခရိုင်းမီးယားအား သိမ်းပိုက်လိုက်သည်။
၁၇၈၅ – ဆွေကြီးမျိုးကြီးတို့ကို တိုင်းပြည်တာဝန် ထမ်းဆောင်ခြင်းနှင့် အခွန်ထမ်းဆောင်ခြင်းတို့မှ ကင်းလွတ်ခွင့်ပြုသော ပဋိညာဉ်စာတမ်းကို ထုတ်ပြန်သည််။
၁၇၉၆၊ နိုဝင်ဘာလ၊ ၁၇ – ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်အနီး၌ ကွယ်လွန် အနိစ္စရောက်သည်။ ပထမမြောက်ပေါလ်က ဆက်ခံသည်။

မိုးသိမ်း ဘာသာပြန်ဆိုသည့် “ခေါင်းဆောင် ၁၀၀” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

Related Posts