ပုဇွန်ချဉ်စပ်
ပါဝင်သောပစ္စည်းများ
- ပုဇွန်ခပ်ရွယ်ရွယ် – ငါးဆယ်ကျပ်သား
- ကြက်သွန်နီကြီးကြီး – တစ်ဥ
- ချင်း(ထောင်းပြီး) – စားပွဲတင်ဇွန်းတစ်ဇွန်း
- ကြက်သွန်ဖြူ(ထောင်းပြီး) – စားပွဲတင်ဇွန်းတစ်ဇွန်း
- ဆီ – စားပွဲတင်ဇွန်းသုံးဇွန်း
- ငရုတ်သီးစိမ်း(အစေ့ထုတ်ပစ်ပါ)- စားပွဲတင်ဇွန်းတစ်ဇွန်း
- ယိုးဒယားငရုတ်ချဉ်ရည် – စားပွဲတင်ဇွန်းနှစ်ဇွန်း
- မျှစ်(ပါးပါးလှီးရမည်) – ငါးကျပ်သား
- ရေ – စားပွဲတင်ဇွန်းသုံးဇွန်း
- ပြောင်းကော်မှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း
- ငံပြာရည် – စားပွဲတင်ဇွန်းနှစ်ဇွန်း
- ပင်စိမ်းရွက် – သင့်ရုံ
ပြုလုပ်နည်းအဆင့်ဆင့်
*ပုဇွန်ကို အခွံခွာပြီး ကျောရှိအညစ်အကြေးများ သန့်အောင် ဖယ်ရှားကာ ပုဇွန်မာနေအောင် အလေးဖြင့်ဖိထားပါ။
*ဒယ်အိုးတွင် ဆီထည့်ပြီး ဆီပူလာပါက ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းနှင့် ငရုတ်သီး မွှေကြော်၍ ဆီသတ်ပါ။ မွှေးလာရင် ပုဇွန်ထည့်ပါ။ ပုဇွန်အရောင်ပြောင်းပြီး ကွေးလာလျှင် မျှစ်ကိုထည့်ပါ။
*ပန်းကန်လုံးတစ်ခုမှာ ယိုးဒယား ငရုတ်ချဉ်ရည်၊ ရေနှင့် ပြောင်းကော်မှုန့်တို့ကို ရောထည့်မွှေပြီး ပုဇွန်ဟင်းထဲကို လောင်းထည့်ပါ။ ဟင်းရည်ပျစ်သည်အထိ မွှေပေးရပါမည်။
*ဟင်းရည်ပျစ်လာလျှင် ပင်စိမ်းရွက်ကို ထည့်မွှေပြီး ဟင်းအိုးချနိုင်ပါြပီ။(ထိုင်းနည်း)
မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။