ပုဇွန်ချဉ်စပ်

ပုဇွန်ချဉ်စပ်

ပါဝင်သောပစ္စည်းများ

  • ပုဇွန်ခပ်ရွယ်ရွယ် – ငါးဆယ်ကျပ်သား
  • ကြက်သွန်နီကြီးကြီး – တစ်ဥ
  • ချင်း(ထောင်းပြီး) – စားပွဲတင်ဇွန်းတစ်ဇွန်း
  • ကြက်သွန်ဖြူ(ထောင်းပြီး) – စားပွဲတင်ဇွန်းတစ်ဇွန်း
  • ဆီ – စားပွဲတင်ဇွန်းသုံးဇွန်း
  • ငရုတ်သီးစိမ်း(အစေ့ထုတ်ပစ်ပါ)- စားပွဲတင်ဇွန်းတစ်ဇွန်း
  • ယိုးဒယားငရုတ်ချဉ်ရည် – စားပွဲတင်ဇွန်းနှစ်ဇွန်း
  • မျှစ်(ပါးပါးလှီးရမည်) – ငါးကျပ်သား
  • ရေ – စားပွဲတင်ဇွန်းသုံးဇွန်း
  • ပြောင်းကော်မှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ငံပြာရည် – စားပွဲတင်ဇွန်းနှစ်ဇွန်း
  • ပင်စိမ်းရွက် – သင့်ရုံ

ပြုလုပ်နည်းအဆင့်ဆင့်

*ပုဇွန်ကို အခွံခွာပြီး ကျောရှိအညစ်အကြေးများ သန့်အောင် ဖယ်ရှားကာ ပုဇွန်မာနေအောင် အလေးဖြင့်ဖိထားပါ။

*ဒယ်အိုးတွင် ဆီထည့်ပြီး ဆီပူလာပါက ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းနှင့် ငရုတ်သီး မွှေကြော်၍ ဆီသတ်ပါ။ မွှေးလာရင် ပုဇွန်ထည့်ပါ။ ပုဇွန်အရောင်ပြောင်းပြီး ကွေးလာလျှင် မျှစ်ကိုထည့်ပါ။

*ပန်းကန်လုံးတစ်ခုမှာ ယိုးဒယား ငရုတ်ချဉ်ရည်၊ ရေနှင့် ပြောင်းကော်မှုန့်တို့ကို ရောထည့်မွှေပြီး ပုဇွန်ဟင်းထဲကို လောင်းထည့်ပါ။ ဟင်းရည်ပျစ်သည်အထိ မွှေပေးရပါမည်။

*ဟင်းရည်ပျစ်လာလျှင် ပင်စိမ်းရွက်ကို ထည့်မွှေပြီး ဟင်းအိုးချနိုင်ပါြပီ။(ထိုင်းနည်း)

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Related Posts