စတုတ္ထမြောက်ဟင်နရီ (၁၅၅၃ – ၁၆၁၀)


ပထမဆုံး ပြင်သစ်ဘော်ဘွန်းဘုရင်ဖြစ်သော စတုတ္ထမြောက်ဟင်နရီမှာ အွန်တွိုင်းဒဘော်ဘွန်းနှင့် နာဗာရာဘုရင်မ ဂျင်း နက်ဒအဲလ်ဘတ်တို့မှ ဖွားမြင်သူဖြစ်သည်။ အမြော်အမြင်ကြီးပြီး
ရဲစွမ်းသတ္တိရှိသူဖြစ်သည်။ ဟင်နရီသည် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းတို့ကို အားပေးအားမြှောက်လုပ်ခဲ့သည်။ လမ်း၊ တံတားနှင့် တူးမြောင်းပေါင်းမြောက်မြားစွာကို တူးဖော်ဖောက်လုပ်ခဲ့သည်။
နိုင်ငံရပ်ခြား ကုန်သွယ်ရေးကို တိုးချဲ့လုပ်ဆောင်ခဲ့သည်။ ကနေဒါအား ကိုလိုနီအဖြစ် သိမ်းပိုက်ရေးကိုလည်း တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ သမိုင်းတစ်လျှောက် လူကြိုက်အများဆုံး အုပ်ချုပ်သူများတွင်
တစ်ဦးအပါအဝင်ဖြစ်သည်။ ရိုမန်ကက်သလစ် အယူသန်သူတစ်ဦး၏ လုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။
၁၅၅၃၊ ဒီဇင်ဘာလ၊ ၁၃ – နာဗာရီရှိပူးတွင် ဖွားမြင်သည်။
၁၅၈၄ – အလန်ကွန်နယ်စား ကွယ်လွန်သွားသည့်အတွက် ပြင်သစ်ထီးနန်းအား တရားဝင်ဆက်ခံသူဖြစ်လာသည်။
၁၅၈၉ – တတိယမြောက် ဟင်နရီဘုရင် အနိစ္စရောက်ပြီးနောက် ဘုရင်အဖြစ်သို့ ရောက်ရှိလာြခင်းကို ကက်သလစ်အသင်းတော်က တားဆီးပိတ်ပင်ခဲ့သည်။
၁၅၉၃၊ ဇူလိုင်လ၊ ၂၅ – ရိုမန်ကက်သလစ်ဘာသာဝင်အဖြစ်ဘာသာပြောင်းစခဲ့သည်။
၁၅၉၄၊ ဖေဖောိဝါရိလ၊ ၂၇ – ပြင်သစ်ဘုရင်အဖြစ်နန်းတင်ခံရသည်။
၁၅၇၈ – စိန့်မြစ်ကိုဖြတ်သည့် ပေါ့ထ်နယုဖ်တံတား တည်ဆောက်ရန် အမိန့်ထုတ်ပြန်သည်။
၁၆၁၀၊ မေလ၊ ၁၄ – ဖရန်ဆွာရာဗီလက်က သတ်ဖြတ်လိုက်သည်။ စိန့်ဒဲင်းနစ်ဘာဆီလီကာတွင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့သည်။

တင်နိုင်တိုးရေးသားသော မြန်မာ့သတင်းစာများထဲမှ သမိုင်းဆိုင်ရာ ဆောင်းပါးများ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts