English

Why we learn English ??? ~~~~
ကျွန်ုပ်တို့ အင်္ဂလိပ်စာသင်ယူရတဲ့ အကြောင်းပြချက် များစွာ ရှိပါတယ်။ ဒါပေမယ့် ၎င်းက သင်ယူဖို့ ခက်ခဲတဲ့ ဘာသာစကားထဲက တစ်ခုဖြစ်နေတဲ့အတွက် သေသေချာချာ အာရုံဝင်စားပြီး ကြိုးစားနိုင်ဖို့တော့ လိုအပ်ပါတယ်။ ဒီမှာတော့ အင်္ဂလိပ်စာ ဘာလို့ အရေးကြီးလဲဆိုတာရဲ့ အကြောင်းပြချက် ဆယ်ချက်ကို ဖော်ပြထားပါတယ်။ ဒီစာရင်းကို သင်မြင်သာတဲ့ တစ်နေရာရာမှာ ကပ်ထားတာက သင့်ကို သင်ယူတဲ့နေရာမှာ စိတ်အားတက်စေပါလိမ့်မယ်။

၁။ အင်္ဂလိပ်စာက နိုင်ငံခြားသား စကားပြောသူတွေ အကြားမှာ အများဆုံး အသုံးပြုတဲ့ ဘာသာစကားဖြစ်ပါတယ်။ ကမ္ဘာအနှံ့က ဘာသာစကားမတူညီတဲ့ လူမျိုးအသီးသီး အချင်းချင်း ချိတ်ဆက်ပေါင်းကူးနိုင်ဖို့အတွက် English ကို အသုံးပြုရပါတယ်။

၂။ အရမ်းကို ခက်ခဲတဲ့ အင်္ဂလိပ်စာကို ကျွန်တော်တို့ ဘာလို့ လေ့လာရမှာလဲ။ ဟုတ်ပါပြီ။ အင်္ဂလိပ်စာ တတ်မြောက်ထားခြင်းဟာ သင့်ကို ဘာသာစကားနှစ်ခုတတ်မြောက်စေတဲ့အပြင် ကမ္ဘာအနှံ့က ဘယ်နိုင်ငံမှာဘဲဖြစ်ဖြစ် ပိုပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေပါတယ်။

၃။ တရုတ်မှလွဲလို့ US ဟာ နည်းပညာတီထွင်ဆန်းသစ်မှုနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု တို့မှာ ခေါင်းဆောင်ဖြစ်နေတုန်းပါဘဲ။ ဒါကြောင့် အဲဒီနယ်ပယ်အသီးသီးမှာ အင်္ဂလိပ်စာကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေပါတယ်။

၄။ အင်္ဂလိပ်စာကို ကမ္ဘာအနှံ့ ကျယ်ကျယ်ပြန့်ပြန့်သုံးနေကြတာက ကိုလိုနီခေတ်က နေမဝင်အင်ပါယာကြောင့်ပါဘဲ။ Australia, New Zealand, Canada နဲ့ Africa, India တို့ရဲ့ တစ်စိတ်တစ်ပိုင်း၊ ပြီးတော့ အခြား ကျွန်းစုနိုင်ငံငယ်လေးတွေမှာလည်း အင်္ဂလိပ်စကားပြောကြတုန်းပါဘဲ။ Germany, Norway, Sweden, Denmark နဲ့ Netherlands တို့မှာတော့ အင်္ဂလိပ်စာကို ဒုတိယ ဦးစားပေး ဘာသာစကား အဖြစ် အတည်ပြု သတ်မှတ်ထားကြပါတယ်။ ဒါ့ကြောင့် အင်္ဂလိပ်စကား ပြောဆိုနိုင်ခြင်းက ဒီနိုင်ငံတွေနဲ့ ဓလေ့ယဉ်ကျေးမှုတွေကို သင်နဲ့ တစ်သားတည်းဖြစ်စေပါလိမ့်မယ်။

၅။ အင်္ဂလိပ်စာအရေးပါရခြင်းရဲ့ နောက်တစ်ချက်ကတော့ ၎င်းက သိပ္ပံပညာရပ်သုံး ဘာသာစကားဖြစ်နေခြင်းကြောင့်ပါဘဲ။ သိပ္ပံပညာမှာ ထူးကဲကျွမ်းကျင်ချင်တယ်ဆိုရင်ဖြင့် အင်္ဂလိပ်စာကို ကျွမ်းကျင်တတ်မြောက်ထားဖို့တော့ လိုအပ်ပါတယ်။

၆။ အင်္ဂလိပ်စာကို ဗျည်းအက္ခရာ (alphabet)တွေအပေါ်မှာ အခြေခံထားတဲ့အတွက်ကြောင့်မို့ တရုတ်ဘာသာနဲ့ ယှဉ်လိုက်မယ်ဆိုရင် ပိုပြီး မြန်မြန်ဆန်ဆန်ပဲ တတ်ကျွမ်းနိုင်ပါတယ်။

၇။ အင်္ဂလိပ်စာက ရုပ်ရှင်ထုတ်လုပ်မှုရဲ့ ဘာသာစကားလည်း ဖြစ်တာကြောင့် အင်္ဂလိပ်စာ တတ်မြောက်ထားခြင်းက သင့်ကို subtitles အတွက်လည်း စိတ်ပူစေမှာ မဟုတ်ပါဘူး။

၈။ US မှာတော့ အင်္ဂလိပ်စာပြောတတ်ခြင်းက အခွင့်အလမ်းတွေကို ရုတ်တရက် ဖွင့်ပေးတတ်ပါတယ်။ သင့်ရဲ့ ဇာတိ၊ အရောင်အသွေးနဲ့ နောက်ခံအမျိုးအနွယ်တွေကို ထည့်တွက်တော့မှာ မဟုတ်ပါဘူး။

၉။ အင်္ဂလိပ်စာသင်ယူလေ့လာရင်းနဲ့ သင့်ရဲ့ ရင်သွေးတွေကိုလည်း ပြန်လည်လို့ သင်ကြားပေးနိုင်ပါတယ်။ သူတို့ကိုလည်း အင်္ဂလိပ်ဘာသာစကားနဲ့ ဆက်ဆံနိုင်ပါတယ်။

၁၀။ US မှာ အင်္ဂလိပ်စကားပြောသူတွေက မပြောတတ်သူတွေထက် ပိုပြီး လစာကောင်းကောင်းရပါတယ်။ အင်္ဂလိပ်စာသင်ယူခြင်းက သင့်ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖွင့်လှစ်ပေးမယ့် အပြင် သင့်ရဲ့ living style ကိုလည်း standard ဖြစ်စေနိုင်ပါတယ်။

Swan Htet (HapEye.Net)

Source: Zapmeta

သုတ

Open More Online

Related Posts