Richest

Top 10 List of Richest Countries in the World 2018

Top 10 List of Richest Countries in the World 2018 ~~~~
ယနေ့ ကျွန်ုပ်တို့ ကမ္ဘာမှာ နိုင်ငံပေါင်း ၁၉၅ နိုင်ငံအထိ ရှိပါတယ်။ ဒီနိုင်ငံတွေကို သူတို့ရဲ့ နေရာဒေသ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ရာသီဥတု၊ မျိုးရိုးဇာတိ၊ ဘာသာစကား၊ သဘာဝမြေဆီလွှာ၊ ထိစပ်နေတဲ့ သမုဒ္ဒရာ၊ ခရီးသွားလုပ်ငန်း၊ နယ်မြေဧရိယာစုစုပေါင်းနဲ့ အထူးသဖြင့်တော့ သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုတွေနဲ့ ခွဲခြားကြပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုကို တိုင်းတာတဲ့အရာကတော့ စုစုပေါင်းပြည်တွင်းထုတ်ကုန်(GDP)[တစ်နိုင်ငံချင်းရဲ့ GDP] ပဲ ဖြစ်ပါတယ်။ ဒါက နိုင်ငံတစ်ခုရဲ့ ကြွယ်ဝမှုကို တိုင်းတာတဲ့ တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်ပါတယ်။ GDP ကတော့ နိုင်ငံတစ်နိုင်ငံရဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတွေ စုစုပေါင်းကို ထည့်သွင်းတွက်ချက်တာဖြစ်ပြီး ဒီမှာ ပြည်ပရင်းနှီးမြုပ်နှံမှုနဲ့ ဝင်ငွေတွေမပါပါဘူး။

နိုင်ငံအနည်းစုကတော့ ထိပ်တန်းနိုင်ငံတွေထဲမှာ အတည်တကျနဲ့ နှစ်ပေါင်းများစွာ တန်းဝင်နေနိုင်အောင် သူတို့ရဲ့ GDP တွေကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကနေ ထိန်းသိမ်းပြီးတော့ စီစဉ်ဆောင်ရွက်တတ်ကြပါတယ်။

ဒီနိုင်ငံတွေမှာ အိုက်စလန်၊ သြစတြေးယား၊ ဒိန်းမတ်၊ စင်ကာပူ၊  နော့ဒ်ဝေး၊ အမေရိကန်နဲ့ ကာတာ တို့ ပါဝင်ကြပါတယ်။


10: Iceland (အိုက်စလန်) – $50,855


Iceland

Iceland ကနော်ဒစ်ကျွန်းစုဒေသမှာ တည်ရှိပါတယ်။ ၎င်းရဲ့ လှပတဲ့ သဘာဝရှုခင်းတွေ၊  ပေါက်လှဆဲဆဲ မီးတောင်တွေ၊ ရေပူပန်းတွေ၊ ရေပူစမ်းတွေ နဲ့ ရင်သပ်ရှုမောဖွယ်ရာ ချော်ရည်ကွင်းတွေကြောင့် လူသိများ ထင်ရှားတဲ့ ခရီးသွားလာရာ နေရာတစ်ခု ဖြစ်ပါတယ်။ အိုက်စလန်ရဲ့ ယနေ့ လူဦးရေကတော့ 323,002 မျှသာရှိပြီး ၎င်းရဲ့ ပြင်းထန်တဲ့ ရာသီဥတုကြောင့် နေထိုင်သူ နည်းပါးနေရခြင်းလည်း ဖြစ်ပါတယ်။ ၎င်းကို ပြိုင်စံရှားဖြစ်စေတဲ့ အချက်ကတော့ နိုင်ငံရဲ့ ဘူမိပါဝါနဲ့ ၎င်းက အိုက်စလန်မှာရှိတဲ့ အိမ်တွေရဲ့ အဓိက ရင်းမြစ်ဖြစ်နေခြင်းကြောင့်ပါပဲ။ 2018 မှာတော့ အိုက်စလန်ရဲ့ GDP က $50,855 အထိရှိလာပြီး ဒါကြောင့်ပဲ 2018ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ဆယ်နိုင်ငံစာရင်းမှာ ပါဝင်လာပါတော့တယ်။


09: Australia (သြစတြေးလျ) – $50,962


Austrilla

Australia က အလွန်လှပပြီး ငြိမ်းချမ်းတဲ့ နိုင်ငံလေးဖြစ်ပါတယ်။ ၎င်းရဲ့ ခင်မင်ဖော်ရွေမှုနဲ့ ၎င်းကို ဝန်းရံလျက်ရှိတဲ့ အိန္ဒိယနဲ့ ပစိဖိတ်သမုဒ္ဒရာတို့ရဲ့ လှပမှုကြောင့် ကျော်ကြား ထင်ရှားပါတယ်။ ၎င်းမှာ လူသိများပြီး ခရီးသွားလုပ်ငန်းအတွက် အဓိကအချက်အချာကျတဲ့ Sydney, Gold Coast, Melbourne, Perth နဲ့ Adelaide တို့လို မြို့တွေလည်း ရှိပါသေးတယ်။ Australia ရဲ့ လူဦးရေကတော့ 23.13 သန်းအထိ ရှိပါတယ်။ 2018 အတွက် Australia ရဲ့ GDP ကတော့ $50,962 အထိရှိနေပြီးတော့ တကယ့်ကို အံ့သြလောက်စရာ ဖြစ်ခဲ့ပါတယ်။


08: Ireland (အိုင်ယာလန်) – $51,351


Irreland

Ireland ကတော့ Europe မှာတည်ရှိပြီး လှပတဲ့ နိုင်ငံလေး ဖြစ်ပါတယ်။ ၎င်းက ကုန်းမြေဧရိယာ   68,883 ကီလိုမီတာနဲ့ ရေပြင်ဧရိယာ 1,390 စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ကမ္ဘာအကြီးဆုံး နိုင်ငံတွေထဲက တစ်ခု ဖြစ်ပါတယ်။ Ireland နိုင်ငံရဲ့ မြို့တော်ကတော့ Dublin ဖြစ်ပြီးတော့ ၎င်းက Oscar Wilde နဲ့ Guinness Beer တို့လို စာရေးဆရာ အကျော်အမော်တွေ မွေးရာဇာတိ ဖြစ်တာကြောင့်လည်း ကျော်ကြားလှပါတယ်။ တချို့လှပတဲ့ နေရာတွေဖြစ်တဲ့ Medieval Cahir ရဲတိုက်တို့လို နေရာမျိုးတွေကြောင့် လူသိများပြီး ခရီးသွားလုပ်ငန်းထွန်းကားရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ Ireland ရဲ့ လက်ရှိ GDP ကတော့ $51,451  ဖြစ်ပြီး ၎င်းကြောင့်ပဲ ထိပ်တန်းဆယ်နိုင်ငံထဲမှာ နေရာယူထားလျက်ရှိပါတယ်။


07: Denmark (ဒိန်းမတ်) – $52,114


Denmark

Denmark ကတော့ Scandinavia မှာရှိတဲ့ လူသိများ ကျော်ကြားရာ နိုင်ငံတစ်ခုဖြစ်ပါတယ်။ Denmark ရဲ့ မြို့တော်ကတော့ Copenhagen ဖြစ်ပြီးတော့ ၎င်းရဲ့ ကျော်ကြားရာ နေရာတွေဖြစ်တဲ့ Nyhavn ဆိပ်ကမ်း၊ Tivoli အပန်းဖြေဥယျာဉ်နဲ့ ရေသူမ အသေးစား ရုပ်ထု တို့ကြောင့် ခရီးသွားလုပ်ငန်း ထွန်းကားရာ နေရာတစ်ခုလည်း ဖြစ်လို့နေပါတယ်။ Denmark နိုင်ငံရဲ့ လူဦးရေစုစုပေါင်းက 5.614 သန်းနီးပါးရှိပြီး စာရင်းဇယားတွေထဲမှာ အခြားနိုင်ငံတွေထက် တော်တော်လေးကို များပြားတဲ့ ပမာဏဖြစ်ပါတယ်။ Denmarkမှာ ဆီအမျိုးမျိုး နဲ့ မြောက်ပိုင်းပင်လယ်မှ ထွက်ရှိတဲ့ ဓာတ်ငွေ့တို့လို သဘာဝ သယံဇာတတွေလည်း ပေါကြွယ်ဝပါတယ်။ ယခုလက်ရှိ Denmark နိုင်ငံရဲ့ GDP ကတော့ $52,114 အထိရှိလို့နေပါပြီ။


06: Singapore (စင်ကာပူ) – $52,888


Singapore

စင်ကာပူက နိုင်ငံကြီးတစ်နိုင်ငံ မဟုတ်သလို မြို့လေးတစ်မြို့ မျှလည်း မဟုတ်ပါဘူး။ တောင်ပိုင်း မလေးကျွန်းဆွယ်ထဲမှာ ပါဝင်တဲ့ ကျွန်းစုနိုင်ငံတစ်ခု ဖြစ်ပါတယ်။ Singapore က အလွန် ငြိမ်းချမ်းပြီးတော့ စီးပွားရေး ပွင့်လင်းမြင်သာရာ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံတွင်းမှ ပြည်သူပြည်သားတွေအတွက်လည်း အလွန်နည်းပါးတဲ့ အခွန်နှုန်းထားကို ထားရှိပါတယ်။ ၎င်းရဲ့ လူဦးရေ စုစုပေါင်းကတော့ 5.399 သန်းမျှရှိပြီး ဒါက Singapore နိုင်ငံရဲ့ လူဦးရေ သိပ်သည်းမှုကို ဖော်ပြနေခြင်းလည်း ဖြစ်ပါတယ်။ Singapore နိုင်ငံဟာ ၎င်းရဲ့ ဘဘာဝအလှတရားတွေနဲ့ အမျိုးစုံစွာသော ကျွန်းစု လုပ်ဆောင်လှုပ်ရှားမှုတွေကြောင့် ကမ္ဘာအနှံ့က ခရီးသွားတွေနဲ့ ပြည့်သိပ်နေပါတယ်။ ဒါကြောင့် ကမ္ဘာ့အချမ်းသာဆုံး ဆယ်နိုင်ငံစာရင်းထဲကို ရောက်ရှိနေတာ အံ့သြစရာတော့ မဟုတ်လှပါဘူး။ Singapore ရဲ့ GDP ကတော့ $52,888 ပဲဖြစ်ပါတယ်။


Top 10 List of Richest Countries in the World 2018

05: United States (အမေရိကန်) – $55,805


US

US ကတော့ ကမ္ဘာမှာ အကျော်ကြားဆုံးနိုင်ငံလို့ ဆိုမယ်ဆိုရင် လွန်ရာမကျလောက်ပါဘူး။ ကမ္ဘာအနှံ့က လူတိုင်းက ဒီကြီးကျယ်တဲ့ နိုင်ငံကြီးကို ဖြုတ်ချနိုင်ဖို့ကို စဉ်ဆက်မပြတ် ရုန်းကန်နေရပါတယ်။ ။ ကမ္ဘာအနှံ့က ကျောင်းသားတွေကလည်း ဒီနိုင်ငံမှာ ပညာသင်နိုင်ဖို့ကို အလိုရှိကြပါတယ်။ ပြီးတော့ သူက စံပြုလောက်တဲ့ ခရီးသွားအချက်အချာနေရာဆိုလည်း ဟုတ်ပါတယ်။ US က ပြည်နယ်ပေါင်း ငါးဆယ်နဲ့ အလွန်ကို ကြီးမားတဲ့ နိုင်ငံကြီး ဖြစ်ပါတယ်။ နိုင်ငံရဲ့ စုစုပေါင်း လူဦးရေကတော့ 316.5 သန်းမျှရှိပြီး အမှန်တကယ် ကြီးမားကျယ်ဝန်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဖော်ပြနေပါတယ်။ ၎င်းရဲ့ ဧရိယာကျယ်ဝန်းမှုနဲ့အမျှ စီးပွားရေးလည်း အလွန်ဖွံ့ဖြိုးနေပြီး GDP ကတော့ $555,805 အထိရှိလို့ နေပါတယ်။


04: Norway (နော်ဝေး) – $74,822


Norway

Norway ကတော့ Scandinavia မှာ တည်ရှိပြီး မြို့တော်ကတော့ Oslo ဖြစ်ပါတယ်။ ၎င်းရဲ့ ရင်သပ်ရှုမောဖွယ် လှပခန့်ညားတဲ့ တောင်တန်းတွေ၊ ရေခဲမြစ်တွေနဲ့ ကမ်းရိုးတန်းဒေသတွေက လူသိများပါတယ်။ ဒါ့အပြင် Norway ဟာ တောင်တက်ခြင်း၊ ငါးမျှားခြင်းနဲ့ ဆောင်းရာသီ မှာ နှင်းတွေ တဖွဲဖွဲကျကာ နှင်းလျှောစီးနိုင်ခြင်းတို့ကြောင့် ခရီးသွားတို့ အကြိုက်တွေ့ရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ Norway မှာ လူဦးရေ ငါးသန်းမျှ ရှိပြီး တကယ်တော့ ဒါက ပျှမ်းမျှသဘောပါပဲ။ Norway ရဲ့ 2018 အတွက် GDP ဟာ $74,822 အထိရှိလာပြီး ဒါဟာ တော်တော်ကို မြင့်မားတာကြောင့်လည်း ကမ္ဘာပေါ်က အချမ်းသာဆုံး ဆယ်နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ 


03: Qatar (ကာတာ) – $76,576


Richest

Qatar က ကမ္ဘာအချမ်းသာဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး အာရပ်ကျွန်းဆွယ်ထဲမှာ တည်ရှိပါတယ်။ Qatar နိုင်ငံရဲ့ မြို့တော်ကတော့  Doha ဖြစ်ပြီးတော့ ကမ္ဘာတစ်ဝှမ်းက သူတွေ ထောင်ချီပြီး အလုပ်လုပ်ရာ နေရာလည်းဖြစ်ပါတယ်။ Doha က သူရဲ့ အဆင့်မြင့်တဲ့ ဝန်ဆောင်မှုတွေ၊ မိုးမျှော်တိုက်တွေနဲ့ အရမ်းကို ခေတ်ရှေ့ပြေးတဲ့ ဗိသုကာလက်ရာတွေကြောင့် ကျော်ကြားလူသိများပါတယ်။  Qatar မှာတော့ လူဦးရေ စုစုပေါင်း  2.169 သန်းမျှရှိပါတယ်။ Qatarနိုင်ငံရဲ့ ပင်မ စီးပွားရေးရင်းမြစ်ကတော့ သဘာဝသယံဇာတ တွေဖြစ်တဲ့ ဓာတ်ဆီနဲ့ သဘာဝဓာတ်ငွေ့တို့ပဲ ဖြစ်ပါတယ်။ လက်ရှိ 2018 မှာ ကာတာရဲ့ GDP ကတော့ $76,575 US ဒေါ်လာ ဖြစ်ပါတယ်။


02: Switzerland (ဆွစ်ဇာလန်) – $80,675


Richest

Switzerland ကတော့ ဥရောပ အလယ်ပိုင်းမှာရှိပြီး အလွန်ကျော်ကြားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ၎င်းရဲ့ အဓိက စီးပွားရေး ရင်းမြစ်ကတော့ ကမ္ဘာတစ်ဝှမ်းမှာ ရှိနေတဲ့ ဘဏ်လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ Switzerland နိုင်ငံရဲ့ ဘဏ္ဍာငွေနဲ့  အပြည်ပြည်ဆိုင်ရာ အာမခံ အစီအစဉ်တွေက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖြစ်ပါတယ်။ ၎င်းမှာ လူဦးရေ စုစုပေါင်း ရှစ်သန်းအထိရှိပြီး လူဦးရေ ထူထပ်သိပ်သည်းတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ Switzerland က ၎င်းရဲ့ ရင်သပ်ရှုမောဖွယ် သဘာဝအလှတရားတွေ၊ ရှုမျှော်ခင်းတွေနဲ့ ရေကန်တွေကြောင့် လူသိများထင်ရှားပါတယ်။ Switzerland မှာ တန်ခိုးကြီး အဲလ်ပ်တောင်တန်းနဲ့ ဒေသခံကျေးရွာလေးတွေလည်း တည်ရှိလို့နေပါတယ်။ လက်ရှိ Switzerland ရဲ့ GDP ကတော့ $80,675 နီးပါးရှိနေပြီး ဒုတိယ အချမ်းသာဆုံးနိုင်ငံ ဖြစ်လို့နေပါပြီ။


01: Luxembourg (လတ်ဇန်ဘတ်) – $101,994


Richest

Luxembourg ကတော့ ဥရောပမှာ တည်ရှိပြီးတော့  ၎င်းကို အခြားထင်ရှားနိုင်ငံတွေဖြစ်တဲ့ Belgium, France နဲ့ Germany တို့က ဝန်းရံထားပါတယ်။ ၎င်းက ကျေးလက်နိုင်ငံလေးဖြစ်သည့်တိုင် အလွန်တရာလှပပြီးတော့ ငြိမ်းချမ်းလွမ်းဆွတ်ဖွယ် အစိမ်းရောင်ရှုခင်းတွေကြောင့် “The Green Heart of Europe” လို့တောင် နာမည်တွင်နေပါတယ်။ ဒါ့အပြင် ခရီးသွားလုပ်ငန်း လွန်စွာ ထွန်းကားရာ နိုင်ငံလည်း ဖြစ်ပါတယ်။ ၎င်းရဲ့ မြို့တော်ကတော့ Luxembourg City လို့ပဲ ဖြစ်ပြီး နိုင်ငံရဲ့ အသည်းနှလုံးလည်း ဖြစ်ပါတယ်။ စီးပွားရေး အချက်အချာမြို့တော် ဆိုရင်လည်း မမှားပါဘူး။ လူဦးရေကတော့  543,202 မျှပဲရှိပြီး ဒါက နည်းပါးလွန်းတဲ့ လူဦးရေနဲ့ ကျေးလက်တစ်ခုမျှသာ ဖြစ်ကြောင်းကို ပြသနေပါတယ်။ သို့ပေငြား လူဦးရေ ပမာဏကို မမှုဘဲနဲ့   Luxembourg ရဲ့ GDP ကတော့  $101,994 အထိ ရှိနေပြီး ကမ္ဘာအချမ်းသာဆုံးနိုင်ငံ ( Richest Country )ဖြစ်လို့နေပါပြီ။

မင်္ဂလာပါခင်ဗျာ။ မိတ်ဆွေ ဒီစာစုကို ဖတ်ပြီး အကျိုးတစ်စုံတစ်ရာ ရရှိသွားတယ်ဆိုရင် HapEye.Net ကနေ ကျေနပ်မိပါပြီ ခင်ဗျာ။ နောက်ထပ်နောက်ထပ် အသစ်အသစ်တွေ တင်ပေးသွားဦးမှာမို့ အမြဲစောင့်မျှော် ဖတ်ရှုပေးဖို့လည်း တောင်းဆိုချင်ပါတယ်နော်။ ဖတ်ရှုလေ့လာပေးတဲ့ မိတ်ဆွေကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။ သာယာကြည်နူးဖွယ် တစ်နေ့တာလေးကို ပိုင်ဆိုင်နိုင်ပါစေ ခင်ဗျာ။

Top 10 List of Richest Countries in the World 2018

Swan Htet (HapEye.Net)
Source: BBC News Hub

သုတ

Open More Online

Related Posts