ဂေါက်သီး

ဂေါက်တုတ်များ ( ဂေါက်သီး စည်းမျဉ်း များ အပိုင်း – ၄)

ဂေါက်တုတ်များ ( ဂေါက်သီး စည်းမျဉ်း များ အပိုင်း – ၄)
စည်းမျဉ်း ၄ နှင့်ဆိုင်သော ဂေါက်တုတ်များ၏ သတ်မှတ်ထားသည့် ဒီဇိုင်း၊ အရွယ်အစား၊ အတိုင်းအတာများနှင့် အကြံဉာဏ်တောင်းခံခြင်း၊ တင်ပြခြင်းများအား စာအုပ်၏ နောက်ဆက်တွဲ အခန်း ၂ တွင် အသေးစိတ်ဖော်ပြထားသည်။

Definitions – အဓိပ္ပာယ်ဖွင့်ဆိုချက်များကို စာလုံးအစောင်းဖြင့် ရေးသားထားသည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်များအား စာမျက်နှာ ၂၅ မှ ၃၆ တွင် ဖတ်ရန်။

Rule 4-1. Clubs စည်းမျဉ်း ၄-၁ ဂေါက်တုတ်များ ပြုလုပ်ထားပုံ
a. General – အထွေထွေ
စာအုပ်၏ နောက်ဆက်တွဲ အခန်း ၂ တွင် ဂေါက်တုတ်များနှင့် ပက်သက်သောစည်းမျဉ်း၊ သတ်မှတ်ထားသော ပုံစံနှင့် လိုအပ်သော ကိုက်ညီမှုများကို ဖော်ပြထားသည်။
Note မှတ်ချက် – ကော်မတီသည် ပြိုင်ပွဲစနစ်နှင့်စည်းကမ်း စည်းမျဉ်း 33-1 တွင် အသုံးပြုသော ဒရိုက်ဗာတုတ်ခေါင်းသည် မိုဒယ်၊ အမည်နှင့် အမျိုးအစားရှိသော တုတ်ခေါင်းဖြစ်၍ ထိုတုတ်သည် လက်ရှိ R&A ၏ ရိုက်ခွင့်ရှိသည့်စာရင်းတွင် ပါဝင်ရမည်ဖြစ်ကြောင်း သတ်မှတ်နိုင်သည်။

b. Wear and Alteration တုတ်၏ မူလအသွင်ပုံစံပြောင်းသွားခြင်းနှင့် ပြုလုပ်ခြင်း
ဂေါက်တုတ်တစ်ချောင်းသည် ပုံမှန်ကစားခြင်းဖြင့် အသုံးပြုမှုများသောကြောင့် မူလပုံစံမှ ပြောင်းလဲသွားနိုင်သည်။ ကစားခွင့်ရှိသော တုတ်ဖြစ်ပါက ဆက်လက်အသုံးပြုနိုင်သည်။ အကယ်၍ ပုံမှန်ကစားခြင်းကြောင့် မဟုတ်ဘဲ ပြန်လည်ပြုပြင်ထားသော ဂေါက်တုတ်များသည် ဂေါက်တုတ်အသစ်အဖြစ် သတ်မှတ်ခြင်းကြောင့် R&A ၏ သတ်မှတ်ထားသောစည်းမျဉ်းနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးရန်လိုသည်။

Rule 4-2. Playing Characteristics Changed and Foreign Material
စည်းမျဉ်း ၄-၂ ဂေါက်တုတ်ကို ပြုပြင်ပြောင်းလဲစေခြင်းနှင့် အခြားပစ္စည်းများအသုံးပြုခြင်း
a. Playing Characteristics Changed – ကစားနေသည့်ဂေါက်တုတ်ကိုပြုပြင်ပြောင်းလဲခြင်း
၁၈ ကျင်းတစ်ပတ် ကစားနေချိန်အတွင်းကစားသူသည် လက်ရှိကစားနေသည့် ဂေါက်တုတ်များကို ပြုပြင်ပြောင်းလဲခြင်း မပြုလုပ်ရပါ။

b. Foreign Material – အခြားပစ္စည်းများအသုံးပြုခြင်း
ဘောလုံးရိုက်ချက်ကို အကျိုးသက်ရောက်စေရန် တုတ်ခေါင်း၏မျက်နှာပြင်ကို အခြားပစ္စည်းများနှင့် ပြောင်းလဲပြုပြင်ခြင်း မပြုလုပ်ရ။

ပြစ်ဒဏ်သတ်မှတ်ချက် – စည်းမျဉ်း 4-1 နှင့် 4-2
အထက်ပါစည်းမျဉ်းများနှင့် ငြိစွန်းသောတုတ်များကို ကစားနေစဉ်အတွင်း ယူဆောင်လာပါက –
ကျင်းပြတ်ကစားခြင်း – တုတ်တစ်ချောင်း (သို့မဟုတ်) တစ်ချောင်းထက်ပိုသော တုတ်များ ယူဆောင်လာပါက ကျင်းတစ်ကျင်းအတွက် ၁ ကျင်း အရှုံးပေးရမည်။ နှစ်ကျင်း (သို့မဟုတ်) နှစ်ကျင်းထက် ပိုမိုသယ်ဆောင်ခဲ့ပါက အများဆုံးပြစ်ဒဏ်မှာ ၂ ကျင်းသာ အရှုံးပေးရမည်။

အချက်ရေကစားခြင်း – တုတ်တစ်ချောင်း (သို့မဟုတ်) တစ်ချောင်းထက်ပိုသော တုတ်များအတွက် တစ်ကျင်းလျှင် ပြစ်ဒဏ် ၂ ချက် ပေးရမည်။ နှစ်ကျင်း (သို့မဟုတ်)  နှစ်ကျင်းထက် ပိုမိုသယ်ဆောင်ခဲ့ပါက အများဆုံးပြစ်ဒဏ်မှာ နှစ်ကျင်းနှင့်ညီမျှသော ပြစ်ဒဏ် ၄ ချက် ပေးရမည်။

ကျင်းပြတ် (သို့မဟုတ်) အချက်ရေ – ကစားခြင်းနှစ်ခုလုံးတွင် တစ်ကျင်းနှင့်တစ်ကျင်း ကူးပြောင်းချိန်တွင် စည်းမျဉ်း 4-1 သို့မဟုတ် 4-2 တို့နှင့် ငြိစွန်းပါက နောက်ကစားမည့် ကျင်းအတွက်ပါ ပြစ်ဒဏ်ချမှတ်သည်။

ဘူဂီ၊ ပါ ကစားခြင်းများ – စည်းမျဉ်း 32-1a ၏ မှတ်ချက် – ၁ တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်သည်။

စတေဘယ်ဖို့ကစားခြင်း – စည်းမျဉ်း 32-1b ၏ မှတ်ချက် – ၁ တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်သည်။

အထက်ပါစည်းမျဉ်းများနှင့် ငြိစွန်းပြီး ကစားခွင့်မရှိသည့်တုတ်များဖြစ်ကြောင်း သိလျှင်သိချင်း မည်သည့်ဂေါက်တုတ်ဖြစ်ကြောင်းနှင့် ဆက်၍အသုံးမပြုကြောင်းကို ကျင်းပြတ်ကစားနည်းတွင် မိမိ၏ပြိုင်ဘက်၊ အချက်ရေကစားနည်းတွင် မာကာ (သို့မဟုတ်) ကစားဘက်ကို ချက်ချင်းအသိပေးပြောကြားရမည်။ ချက်ချင်း မပြောကြားခဲ့ပါက DQ ဖြစ်မည်။

စည်းမျဉ်း 4-1 နှင့် 4-2 ကစားခွင့်မရှိသည့် တုတ်တစ်ချောင်းကို ပြိုင်ပွဲကစားနေစဉ်အတွင်း အသုံးပြုမိခဲ့ပါက DQ ဖြစ်သည်။

Rule 4-3 Damaged Clubs: Repair and Replacement
စည်းမျဉ်း ၄-၃ ဂေါက်တုတ်ပျက်စီးသွားသောကြောင့် ပြုပြင်ခြင်းနှင့် အစားထိုးခြင်း
a. Damage in Normal Course of Play – ပုံမှန်ကစားနေစဉ်အတွင်း ပျက်စီးခြင်း
ဂေါက်တုတ်သည် ပုံမှန်ကစားနေစဉ်အတွင်း ပျက်စီးသွားပါက –
(i) ထိုသို့ပျက်စီးသွားသော အနေအထားအတိုင်း ဆက်လက်ကစားနိုင်သည်။
(ii) ကစားချိန်ကြန့်ကြာမှုမရှိစေဘဲ အနေအထားအတိုင်း ဆက်လက်ကစားနိုင်သည်။
(iii) ပြုပြင်မရနိုင်ခြင်း (သို့မဟုတ်) အသုံးပြုရန်မကောင်းတော့ပါက အခြားတုတ်တစ်ချောင်းဖြင့် အစားထိုးနိုင်သည်။ ထိုသို့ အစားထိုးခြင်းအတွက် စည်းမျဉ်း 6-7 ကစားချိန်ကြန့်ကြာမှု မဖြစ်စေရ။ ကွင်းအတွင်း ကစားနေသော အခြားကစားသမားထံမှလည်း ငှားရမ်းခြင်းမပြုရ။ သယ်ဆောင်သော ပစ္စည်းကိရိယာများဖြင့် တပ်ဆင်အသုံးပြုခြင်း မပြုရ။

ပုံမှန်ကစားနေစဉ်ဆိုသည်မှာ ဥပမာ –
(၁) တုတ်တံများအား အိတ်အတွင်းမှ ထုတ်ခြင်း၊ ထည့်ခြင်း။
(၂) ဘောလုံးကို ဂေါက်တုတ်အသုံးပြုပြီး ရှာခြင်း၊ ဆယ်ယူခြင်း။
(၃) တုတ်တံကိုထောက်၍ ရပ်နေစဉ် (သို့မဟုတ်) တီတည်နေစဉ် အချိန်ထောက်ခြင်း။
(၄) လေ့ကျင့်လွှဲစဉ် (သို့မဟုတ်) ရိုက်စဉ်တွင် တုတ်ပျက်စီးသွားခြင်းနှင့် ဘောလုံးအားဂေါက်တုတ်ဖြင့် ကျင်းအတွင်းမှ ကော်ထုတ်ခြင်း၊ မတော်တဆလွတ်ကျခြင်း။

စည်းမျဉ်း 4-3a ၏ ပြစ်ဒဏ်သတ်မှတ်ချက်ကို စည်းမျဉ်း 4-4a, 4-4b နှင့် စည်းမျဉ်း 4-4c တွင် ဖော်ပြထားသည့်အတိုင်း သတ်မှတ်သည်။

Note မှတ်ချက် – တုတ်ခေါင်းတွင် အစင်းရာထင်သွားခြင်းနှင့် သိသာထင်ရှားသော အပျက်အစီးမတွေ့ရှိပါက အခြားတုတ်တစ်ချောင်း အစားထိုးခွင့်မရှိပါ။ သိသာထင်ရှားသော အပျက်အစီးဆိုသည်မှာ တုတ်တံကွေးသွားခြင်း၊ လက်ကိုင်ချောင်သွားခြင်း၊ တုတ်ခေါင်းပြုတ်ထွက်ခြင်း၊ အက်သွားခြင်းနှင့် ပဲ့သွားခြင်းများကို ဆိုလိုသည်။

b. Damage Other Than in Normal Course of Play –
ပုံမှန်ကစားနေစဉ်မဟုတ်သည့်အချိန်တွင် ဂေါက်တုတ်ပျက်စီးသွားခြင်း
ပုံမှန်ကစားနေစဉ်မဟုတ်သည့်အချိန်တွင် ဂေါက်တုတ်ပျက်စီးသွားခြင်း၊ အသွင်ပုံစံပြောင်းလဲသွားခြင်း ဖြစ်ပါက ၁၈ ကျင်းတစ်ပတ် (သို့မဟုတ်) သတ်မှတ်ထားသော ကျင်းအရေအတွက် မပြည့်မီ ပြန်လည်အသုံးပြုခြင်း၊ အစားထိုးခြင်း ခွင့်မပြုပါ။
ပုံမှန်ကစားနေခြင်းမဟုတ်သည်များမှာ –
ဥပမာ – (၁) ဂေါက်တုတ်အား လွှင့်ပစ်ခြင်း၊ ဂေါက်တုတ်ကို ပစ်ပေါက်၍ ဘောလုံးရှာခြင်း၊
          (၂) ဂေါက်တံကို အိတ်အတွင်းသို့ ပစ်ခြင်း၊
          (၃) ဂေါက်တုတ်ဖြင့် ပုံမှန်ကစားခြင်းမဟုတ်ဘဲ အခြားတစ်ခုခုကို ရိုက်မိခြင်းကြောင့် ပျက်စီးသွားခြင်း။

ပြစ်ဒဏ်သတ်မှတ်ချက် – စည်းမျဉ်း 4-3b ၏ ပြစ်ဒဏ်သတ်မှတ်ချက်မှာ DQ ဖြစ်သည်။

c. Damage Prior to Round – ၁၈ ကျင်းတစ်ပတ်မကစားမီ ပျက်စီးသွားခြင်း
၁၈ ကျင်းမကစားမီ ကစားသမား၏ဂေါက်တုတ်မှာ ထိခိုက်ပျက်စီးနေသော်လည်း သတ်မှတ်စည်းမျဉ်းနှင့် ကိုက်ညီလျှင် မိမိနှင့်အတူ ယူဆောင်သွား၍ ကစားနိုင်သည်။ ပြိုင်ပွဲကစားနေစဉ်အတွင်း ထိုဂေါက်တံအား မူလအခြေအနေအတိုင်း ဖြစ်အောင် ပြုပြင်နိုင်သည်။ ကစားချိန်ကြန့်ကြာမှုမဖြစ်စေရပါ။

ပြစ်ဒဏ်သတ်မှတ်ချက် – စည်းမျဉ်း 4-3c ၏ ပြစ်ဒဏ်သတ်မှတ်ချက်မှာ စည်းမျဉ်း 4-1 နှင့် စည်းမျဉ်း 4-1 တွင် ဖော်ပြထားသည့်အတိုင်း သတ်မှတ်သည်။

Rule 4-4. Maximum of Fourteen Clubs
စည်းမျဉ်း ၄-၄ အများဆုံးဂေါက်တုတ် ၁၄ ချောင်းသာ မိမိနှင့်ယူဆောင်ကစားခွင့်ပြုခြင်း
a. Selection and Addition of Clubs – ဂေါက်တုတ်များကို ရွေးချယ်ခြင်း၊ ထပ်ဖြည့်ခြင်း

ကစားသမားတစ်ဦးသည် ၁၈ ကျင်းတစ်ပတ် ကစားရန်အတွက် ဂေါက်တုတ်အများဆုံး ၁၄ ချောင်းဖြင့်သာ ကစားရသည်။ အကယ်၍ စတင်ရိုက်စဉ်က ၁၄ ချောင်းထက် လျှော့ယူလာပါက ကစားနေစဉ်အတွင်း ထပ်မံပြီး ၁၄ ချောင်းပြည့်အောင် ထပ်ဖြည့်နိုင်သည်။ ဂေါက်တုတ်ထပ်ဖြည့့်ခြင်းအတွက် ကစားချိန်ကြန့်ကြာမှု မရှိစေရပါ။ ကွင်းအတွင်း ကစားနေသော အခြားတစ်ဦးဦးထံမှလည်း ငှားရမ်းခြင်းမပြုရ။ သယ်ဆောင်လာသော ပစ္စည်းကိရိယာများဖြင့် တပ်ဆင်အသုံးပြုခြင်း မပြုရ။

b. Partners May Share Clubs – ဂေါက်တုတ်များအား မျှ၍သုံးခြင်း
ကစားသူနှင့် တွဲဖက်ကစားသူ ပါတနာနှစ်ဦးသည် ဂေါက်တံများအား မျှပြီး အသုံးပြုနိုင်သည်။ သို့သော် နှစ်ယောက်ပေါင်း၏ ဂေါက်တုတ်စုစုပေါင်းသည် ၁၄ ချောင်းထက် မပိုရပါ။

ပြစ်ဒဏ်သတ်မှတ်ချက် – စည်းမျဉ်း 4-4a နှင့် စည်းမျဉ်း 4-4b ၏ ပြစ်ဒဏ်သတ်မှတ်ချက်မှာ ၁၈ ကျင်း တစ်ပတ် စတင်ကစားချိန်တွင် ဂေါက်တုတ် ၁၄ ချောင်းအပြင် အပိုတစ်ချောင်း (သို့မဟုတ်) တစ်ချောင်းထက်ပို၍ ယူဆောင်လာပါက –

အချက်ရေကစားခြင်း – တစ်ကျင်းလျှင် ပြစ်ဒဏ် ၂ ချက်ပေးရမည်။ နှစ်ကျင်း (သို့) နှစ်ကျင်းထက် ပိုမိုသယ်ဆောင်ခဲ့ပါက အများဆုံးပြစ်ဒဏ်မှာ နှစ်ကျင်းနှင့် ညီမျှသော ပြစ်ဒဏ် ၄ ချက်သာ ပေးရမည်။ ပြစ်ဒဏ် ၄ ချက်ကို ဦးစွာငြိစွန်းခဲ့သော ပထမနှစ်ကျင်းတွင် တစ်ကျင်း ၂ ချက်ပေးရမည်။

ကျင်းပြတ် (သို့) အချက်ရေကစားနည်း နှစ်ခုလုံးတွင် တစ်ကျင်းနှင့်တစ်ကျင်း ကူးပြောင်းချိန်တွင် စည်းမျဉ်း 4-4a (သို့) 4-4b တို့နှင့် ငြိစွန်းပါက နောက်ကစားမည့်ကျင်းအတွက် ပြစ်ဒဏ်မပေးရပါ။

ဘူဂီ၊ ပါ ကစားခြင်းများ – စည်းမျဉ်း 32-1a ၏ မှတ်ချက်-၁ တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်သည်။

စတေဘယ်ဖို့ကစားခြင်း – စည်းမျဉ်း 32-1b ၏ မှတ်ချက်-၁ တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်သည်။

c. Excess Club Declared Out of Play – တုတ် ၁၄ ချောင်းထက်ပိုနေသော (သို့) ပျက်စီးသွားသော တုတ်များကို အသုံးမပြုကြောင်း ပြောကြားရန်

စည်းမျဉ်း 4-3a(iii) ပုံမှန်ကစားနေစဉ် အသုံးပြု၍မရအောင် ပျက်စီးသွားသောဂေါက်တုတ်နှင့် စည်းမျဉ်း 4-4 အရ ၁၄ ချောင်းထက်ပိုနေသော ဂေါက်တုတ်များကို ကစားသူက သိလျှင်သိချင်း မည်သည့်ဂေါက်တုတ်များဖြစ်ကြောင်းနှင့် ကစားရန်ကျန်ရှိသောကျင်းများတွင် အသုံးမပြုတော့ကြောင်းကို ကျင်းပြတ်ကစားခြင်းတွင် မိမိပြိုင်ဘက်၊ အချက်ရေကစားခြင်းတွင် မိမိ၏မာကာ (သို့မဟုတ်) ကစားဘက်အား ချက်ချင်းအသိပေးပြောကြားရမည်။

စည်းမျဉ်း 4-4c အား ချိုးဖောက်ပါက ပြစ်ဒဏ်သတ်မှတ်ချက်မျာ DQ ဖြစ်သည်။

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rules of Golf and the Rules of Amateur Status 2016 မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts