ငဘမှာ မေ့မြော၍နေသည်နှင့် မိမိ အာဟာရပြတ်နေသည်မှာ ဘယ်နှစ်ရက်ရပြီကိုပင်လျှင် မမှတ်မိတော့ပြီ။ ပထမ၌ ထမင်းစ၍ မပေးသည့်နေ့ကို မှတ်ထားသည်။ တစ်ရက်၊ နှစ်ရက်၊ သုံးရက် ရေတွက်၍ ရသေးသည်။
Tag: Nga Ba

ဂျပန်ကလည်း ငဘကို တစ်ခါထုတ်၍ စစ်ပြန်သည်။
“စိန်နားကပ် ပေး” ဟု ဆို၏။ “ဘယ်မှာထားသလဲ” ဟု မေး၏။
“ဘယ်က စိန်နားကပ်လဲ” ဟု ငဘက ကြောင်တက်တက်နှင့် စောဒက တက်၏။
ငဘ၏ ကျောပြင်ကြီးကို ဂျပန်တစ်ယောက်က ကျိုက်ကျိုက်ဆူသော လက်ဖက်ရည်နှင့် ပက်လိုက်၏။

“တစ်ခါဖြင့် ခက်ကြပြီ ကိုသာအောင်ရေ့၊ ကျွန်မတို့သားအမိတစ်တွေမှာ သူမှမရှိလျှင် အကျိုးကြီး နည်းကရောပေါ့၊ ကြည့်လုပ်ပေးပါဦး” ဟု မျက်ရည်စက်လက်နှင့် မိဖော့က ဆယ်အိမ်မှူးကို ပြောလိုက်၏။

တစ်နေ့သော် နှစ်လုံးပြူးသေနတ်ထမ်း၍ လုပ်ယမ်းတောင့်များကို ရှမ်းလွယ်အိတ်ဖြင့် လွယ်ကာ မြို့မှ ရေလမ်းပတ္တရောင်လှည့်လာသော ရဲသားနှစ်ဦးသည် ဖြိုးတုပ်နှင့် သူ၏နောက်လိုက်နှစ်ဦးများပါ ခြံရံလျက် ကွင်းထဲသို့ ရောက်လာကြသည်။