36b

Practice – လေ့ကျင့်ကစားခြင်း (ဂေါက်သီးစည်းမျဉ်းများ အပိုင်း – ၇)

Practice – လေ့ကျင့်ကစားခြင်း (ဂေါက်သီးစည်းမျဉ်းများ အပိုင်း – ၇)
Definitions – အဓိပ္ပာယ်ဖွင့်ဆိုချက်များကို စာလုံးအစောင်းဖြင့် ရေးသားထားသည်။

Rule 7-1. Before or Between Rounds စည်းမျဉ်း ၇-၁ ပြိုင်ပွဲမစတင်မီနှင့် ပြိုင်ပွဲကာလအတွင်း
a. Match Play ကျင်းပြတ်ကစားခြင်း
ကျင်းပြတ်ကစားမည်ဆိုလျှင် ကစားသမားသည် ပြိုင်ပွဲမရိုက်မီ ပြိုင်ပွဲကစားမည့်ကွင်းအတွင်း မည်သည့်နေ့မဆို လေ့ကျင့်ကစားနိုင်သည်။

b. Stroke Play အချက်ရေကစားခြင်း
ပြိုင်ပွဲကျင်းပသည့်နေ့ (သို့မဟုတ်) ပလေးအော့ ပြန်လည်ကစားရန်ရှိသည့်နေ့များအတွင်း ပြိုင်ပွဲကျင်းပသည့် ကွင်းအတွင်းတွင် ပြိုင်ပွဲဝင်မည့် ကစားသူသည် လေ့ကျင့်ကစားခြင်း မပြုရ။ ထို့အပြင် ကွင်းအတွင်းရှိ ပတ်တင်ဂရင်းများပေါ်တွင် ဘောလုံးကို လှိမ့်ကြည့့်ခြင်း၊ ဂရင်းမျက်နှာပြင်ကို ပွတ်ကြည့်ခြင်း၊ ခြစ်ကြည့်ခြင်း စသည်ဖြင့် မည်သည့်နည်းဖြင့်မဆို စမ်းသပ်ခွင့်မပြုပါ။

ကစားသူသည် ပြိုင်ပွဲတစ်ပွဲအား တစ်ရက်ထက်ပို၍ ကစားရန်ရှိပါက နောက်ရက်များတွင် ကစားရမည့်ကွင်းအတွင်း လေ့ကျင့်ကစားခွင့်မပြုပါ။ ထို့အပြင် ကွင်းအတွင်းရှိ ဂရင်းများပေါ်တွင် ဘောလုံးလှိမ့်ကြည့်ခြင်း၊ မျက်နှာပြင်အား ပွတ်ခြင်း၊ ခြစ်ကြည့်ခြင်း စသည်ဖြင့် မည်သည့်နည်းဖြင့်မဆို စမ်းသပ်ခွင့်မပြုပါ။

Exception : ခြွင်းချက် – ပြိုင်ပွဲအတွက် လေ့ကျင့်ကစားရန် သတ်မှတ်ထားသောနေရာ (သို့မဟုတ်) စတင်တာထွက်မည့် တီခုံအနီးတွင် ပြိုင်ပွဲအတွင်း (သို့မဟုတ်) ပလေးအော့ ပြန်လည်မကစားမီ ပတ်တင်နှင့် ချစ်ပင် လေ့ကျင့်မှုပြုလုပ်နိုင်သည်။

ပြစ်ဒဏ်သတ်မှတ်ချက် – စည်းမျဉ်း 7-1b ၏ ပြစ်ဒဏ်သတ်မှတ်ချက်မှာ DQ ဖြစ်သည်။

Note မှတ်ချက် – ကော်မတီသည် ကျင်းပြတ်ကစားခြင်အတွက် ပြိုင်ပွဲစည်းကမ်းနှင့် စနစ်တွင် ပြိုင်ပွဲကျင်းပသည့် ကွင်းအတွင်း ပြိုင်ပွဲနေ့တွင် လေ့ကျင့်ကစားခြင်းအား စည်းမျဉ်း 33-1 အရ တားမြစ်နိုင်သည်။ အချက်ရေကစားခြင်းအတွက် ပြိုင်ပွဲကစားမည့်ကွင်းအတွင်း (သို့မဟုတ်) ကွင်းအတွင်း သတ်မှတ်နေရာတွင် လေ့ကျင့်ရန်အတွက် မည်သည့်နေ့တွင်မဆို စည်းမျဉ်း 33-2c အရ ခွင့်ပြုနိုင်သည်။

Rule 7-2 During Round စည်းမျဉ်း ၇-၂ ပြိုင်ပွဲကစားနေစဉ်အချိန်အတွင်း
ကစားသူသည် ကျင်းကစားနေစဉ်အတွင်း ဘောလုံးကိုရိုက်၍ လေ့ကျင့်ကစားခြင်း မပြုလုပ်ရပါ။ ကျင်းတစ်ကျင်းပြီးဆုံး၍ နောက်တစ်ကျင်းမကစားမီ အချိန်အတွင်း အောက်ဖော်ပြပါအတိုင်း ပတ်တင်နှင့် ချစ်ပင်လေ့ကျင့်မှု ပြုလုပ်နိုင်သည်။

(a) နောက်ဆုံးကစားခဲ့သော ကျင်း၏ပတ်တင်ဂရင်းပေါ်နှင့် အနီးတွင်၊
(b) လေ့ကျင့်ရန်သတ်မှတ်ထားသော ပတ်တင်ဂရင်းပေါ်နှင့် အနီးတွင်၊
(c) နောက်ကစားမည့် ကျင်း၏ တီခုံပေါ်နှင့် အနီးတွင် ပြုလုပ်နိုင်သည်။

လေ့ကျင့်ခြင်းကို ဟဲဇတ်အတွင်း မပြုလုပ်ရပါ။ လေ့ကျင့်မှုပြုလုပ်ခြင်းကြောင့် အချိန်ကြန့်ကြာခြင်း မဖြစ်စေရပါ။

ကျင်းတစ်ကျင်းအား ကစားနေစဉ်အတွင်း ဆက်ကစားရန် မလိုတော့သော်လည်း ကျင်းပြီးဆုံးအောင် ဆက်၍ ကစားခဲ့ခြင်းအား လေ့ကျင့်မှုပြုလုပ်ခြင်းအဖြစ် မသတ်မှတ်ပါ။

Exception : ခြွင်းချက် – ပြိုင်ပွဲအား ရပ်နားထားစဉ် ပြန်လည်မစမီအချိန်အတွင်း ကစားသူသည် အောက်ပါအတိုင်း လေ့ကျင့်ခြင်းကို ပြုလုပ်နိုင်သည်။

(a) စည်းမျဉ်း ၇ အရ သတ်မှတ်ခွင့်ပြုသည့်နေရာ၊
(b) ပြိုင်ပွဲကစားနေသော ကွင်းအတွင်း မဟုတ်သည့် အခြားတစ်နေရာ၊
(c) ပြိုင်ပွဲကော်မတီက လေ့ကျင့်ရန် ခွင့်ပြုထားသောနေရာ။

ပြစ်ဒဏ်သတ်မှတ်ချက် – စည်းမျဉ်း 7-2 ၏ ပြစ်ဒဏ်သတ်မှတ်ချက်-
ကျင်းပြတ်ကစားခြင်း – ကျင်းရှုံး               အချက်ရေကစားခြင်း – ၂ ချက်
ကျင်းတစ်ကျင်းပြီးဆုံး၍ နောက်တစ်ကျင်းမကစားမီဖြစ်ပါက ထိုပြစ်ဒဏ်အား နောက်ကစားမည့်ကျင်း၍ ပြစ်ဒဏ်အဖြစ် သတ်မှတ်သည်။

Note 1 မှတ်ချက် ၁ – ဆွင်းကို စမ်းသပ်၍လွှဲခြင်းအား လေ့ကျင့်ခြင်းအဖြစ် မသတ်မှတ်ပါ။ စည်းမျဉ်းဖောက်ဖျက်ခြင်းမရှိလျှင် ဖရီးဆွင်းကို မည်သည့်နေရာတွင်မဆို ပြုလုပ်နိုင်သည်။

Note 2 မှတ်ချက် ၂ – ကော်မတီသည် ပြိုင်ပွဲစည်းကမ်းနှင့်စနစ်တွင် စည်းမျဉ်း 33-1 အရ အောက်ဖော်ပြပါ လေ့ကျင့်ခြင်းများကို တားမြစ်နိုင်သည်။
(a) နောက်ဆုံးကစားခဲ့သော ကျင်း၏ ဂရင်းပေါ် (သို့မဟုတ်) အနီးတွင် လေ့ကျင့်မှုပြုလုပ်ခြင်း၊
(b) နောက်ဆုံးကစားခဲ့သော ကျင်း၏ ဂရင်းပေါ်တွင် ဘောလုံးအားလှိမ့်ကြည့်ခြင်း။

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rules of Golf and the Rules of Amateur Status 2016 မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts