အမှိုက်မချတာလည်း သီလ၊ ရေခလုတ် မီးခလုတ်ပိတ်တာလည်း သီလ

၊ သုံး ၊

ကြုံလို့ ဖတ်ထားတာလေးတွေ နည်းနည်းလျှောက်ပြောပါရစေ။

အနောက်တိုင်းဒဿနတစ်ရပ်က The Law of the transition from Quantitative to Qualitative changeလို့ ဆိုပါတယ်။ အရေအတွက်ကနေ အရည်အချင်းကို ပြောင်းသွားတာကို အကျင့်စရိုက်လို့ခေါ်တာတဲ့။

ဂျာမန်ဒဿနပညာရှင် အင်မယ်နျူရယ်ကန့် (Immanuel Kant)ရဲ့သဘောထားနဲ့ သွားတူပါတယ်။ ကန့်က အိပ်ယာဝင်၊ အိပ်ယာထ လမ်းလျှောက်ဆိုတာမျိုးတွေကို အချိန်ကိုက် ထပ်တလဲလဲလုပ်ရင်းက အရေအတွက်များလာတဲ့အခါ အကျင့်ဖြစ်သွားတယ်လို့ ဆိုတာကိုး။

လယ်တီပဏ္ဍိတ ဦးမောင်ကြီးက ယမိုက်အဖြေကျမ်းထဲမှာ ယခုမျက်မှောက်ဘဝမှာ များစွာ များစွာ ဖြစ်လေ့ရှိတဲ့ သဘောကို အကျင့်စရိုက်လို့ ဖွင့်ထားတာဟာလည်း သည်သဘောထားတွေနဲ့ သိပ်မခြားနားလှပါဘူး။

ဒါဆို အကျင့်တို့၊ ကိုယ်ကျင့်တရားတို့ ဆိုတာတွေဟာ ထပ်တလဲလဲပြုမူစေခြင်းနဲ့ ပြုပြင်ပေးရင်ရနိုင်တယ်ဆိုတဲ့ သဘောပဲပေါ့။ ဒါကြောင့် အင်္ဂလိပ် ဒဿနပညာရှင် ဘာထရန်ရပ်ဆဲလ် (Bertrand Russell)က အသက် ၂၅ နှစ်မကျော်ခင် လူငယ် လူရွယ်တွေကို အကျင့်ကောင်းတွေရအောင် ပျိုးထောင်လေ့ကျင့်ပေးထားသင့်တယ်လို့ ဆိုတာကိုး။

စာရေးဆရာများ ပြောကြသည့် ပြည်သူ့နီတိ စာအုပ်ထဲမှ မောင်သာချို၏ အမှိုက်မချတာလည်း သီလ၊ ရေခလုတ် မီးခလုတ်ပိတ်တာလည်း သီလ ဆောင်းပါးအားကူးယူဖော်ပြထားပါသည်။

ဘဝနေနည်း

Related Posts