hapeye

Magnify တစ်ခု ပြုလုပ်ခြင်း (1)

ယခုဖော်ပြပေးမည့် သင်ခန်းစာလေးကတော့ Adobe Photoshop CS 5 ကိုအသုံးပြုပြီး မှန်ဘီးလူးပုံစံတစ်ခု ပြုလုပ်ပုံ ဖြစ်ပါတယ်။ မှန်ဘီလူးပုံစံတစ်ခုကို ပြုလုပ်ဖန်တီးရန်အတွက် အရင်ဦးဆုံး File > New ကိုယူပြီး Document အသစ်တစ်ခုကို ဖန်တီးထားရမှာ ဖြစ်ပါတယ်။

ပထမဦးဆုံးဖန်တီးထားရမှာကတော့ လေးထောင့်ပုံစံအကွက်တစ်ကွက် ဖြစ်ပါတယ်။ ဒီအကွက်ဟာ ဘာအတွက်ပြုလုပ်တာလဲဆိုတော့ မှန်ဘီလူးရဲ့ လက်ကိုင်တစ်ခု ဖြစ်ပါတယ်။ လက်ကိုင်တစ်ခုကို ဖန်တီးရန်အတွက် လေးထောင့်ပုံစံအကွက်တစ်ကွက်ကို ဆွဲသားပေးလိုက်ပါ။

Design

၎င်းလေးထောင့်ပုံစံအကွက်အတွင်းသို့ အရောင်ထည့်သွင်းရပါမယ်။ ဒါကြောင့် ၎င်းအကွက်ကလေးဟာ Selection မှတ်ထားတဲ့ အနေအထားအတိုင်းသာ ရှိနေရမှာ ဖြစ်ပါတယ်။ ပြီးနောက် ဘယ်ဖက် Tool Box မှ Gradient Tool ကိုယူလိုက် ပါမယ်။ အပေါ်ဖက် Tool Bar မှ Gradient Editor သို့ ဆက်လက်ဝင်ရောက်လိုက်ပါ။

ပြီးနောက် အရောင်လေးရောင် ထည့်သွင်းပေးရပါမယ်။ ဒီအရောင်လေးရောင်မှာ ဘယ်နှင့်ညာ ထောင့်စွန်းအရောင်များကို တူညီစွာသတ်မှတ်ပေးထားရမှာ ဖြစ်ပါတယ်။ ပြီးနောက် အဖြူရောင်နည်းနည်း ရောပေးရပါမယ်။

အလယ်မှာတော့ ခဲရောင်ကိုပဲထည့်သွင်းပေးထားပါတယ်။ ဒါဆိုရင် ခဲရောင်မှာ အလင်းဝင်နေတဲ့ သံမဏိပုံစံ လက်ကိုင်တစ်ခုကို ရရှိသွားမှာ ဖြစ်ပါတယ်။

Design

Related Posts