hapeye

မေးမြန်းပါ၊ ရှာဖွေပါ၊ တံခါးခေါက်ပါ

ဖွံ့ဖြိုးတိုးတက်လိုသူတွေ အသက်ထက်ဆုံး လုပ်ဆောင်သွားရမှာက မေးမြန်းရန်၊ ရှာဖွေရန်၊ တံခါးခေါက်ရန် ဖြစ်တယ်။

ရပ်မသွားဖို့ လိုပါတယ်။ မသိတာမှန်သမျှ သိသူတွေဆီက မေးမြန်းဖို့ လိုပါတယ်။ တွေ့ချင်တာမှန်သမျှ ရှာဖွေနေဖို့ လိုပါတယ်။ ပိတ်ထားတဲ့ တံခါးများကို ခေါက်ဖို့လိုတယ်ဆိုတာက တင်စားထားတာပါ။ အချို့အခွင့်အလမ်းတွေဟာ တံခါးပိတ်ထားသလိုပဲ။ ကိုယ်က တံခါးခေါက်လိုက်တော့မှသာ တံခါးက ဖွင့်ပေးလာမှာ ဖြစ်ပါတယ်။ အခွင့်အလမ်းက ရလာမှာ ဖြစ်တယ်။

ဒါကြောင့် အမြဲမေးမြန်းကြရမယ်။ ရှာဖွေနေကြရမယ်။ တံခါးခေါက်နေကြရမှာ ဖြစ်တယ်။

ခင်မောင်လွင်၏ လွတ်လပ်သောလူသားစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts