LearnTogetherWinTogether_2

Learn Together Win Together ⇒ Learning English ( Part 10 )

Learn Together Win Together ⇒ Learning English ( Part 10 ) ~~~~
မင်္ဂလာပါ။ Learn Together Win Together ကနေ ဆရာ A.J.Hoge ရဲ့ Teaching Videos တွေကို လေ့လာကြပါမယ်။ ဆရာသင်ထားတာ ရှင်းလင်းပြတ်သားပြီး အတော်ကောင်းမွန်ပါတယ်။ အားလုံးကို အာရုံစိုက်ပြီး သေချာလေ့လာကြည့်စေချင်ပါတယ်။

1st Rule to Effortless Speaking

ဟုတ်ကဲ့ပါ။ အားလုံးပဲ လေ့လာလိုက်ရတာ ရှင်းလင်းသဘောပေါက်ပြီး အတော်ကို နှစ်ခြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 

ကျွန်တော်က အတူတူလေ့လာပေးရုံပါ။ 

ဒီအပိုင်းမှာ အဓိကအားဖြင့် စကားလုံးတစ်လုံးကို မှတ်သားတဲ့နေရာမှာ စကားလုံးတစ်ခုတည်းကို မြန်မာလို အလွတ်မှတ်သားတာထက် သူ့ရဲ့ phrase၊ sentence တွေနဲ့ တွဲဖက်မှတ်သားခြင်းအားဖြင့် ပိုပြီး အလွယ်တကူမှတ်မိနိုင်တာကို ပြောပါတယ်။ ဘယ် situation မှာ ဘယ်စကားလုံးကို ရွေးချယ်ပြောရမလဲဆိုတာကိုလည်း လွယ်လွယ်ကူကူ သိလာနိုင်ပါတယ်။ Preposition အသုံးအနှုန်းတွေအတွက်လည်း သိပ်ကြီး ပူပင်စရာတွေ မလိုအပ်တော့ဘဲ လွယ်ကူမှန်ကန်စွာနဲ့ သုံးလာနိုင်ပါတယ်။ ဒါကြောင့် always study phrases:never ever study individual words  လို့  သူပြတ်ပြတ်သားသားကို ပြောပါတယ်။ 

သူက native speaker တွေ အင်္ဂလိပ်စာကို တတ်ကျွမ်းလာသလိုမျိုး ကျွန်တော်တို့ကိုလည်း တတ်မြောက်စေချင်ပါတယ်။ သူပြောတဲ့ နည်းလမ်းက အချိန်ပိုယူရတယ် ထားဦး၊ ပိုပြီး အကျိုးရှိပါတယ်။ နည်းစနစ်ကျကျနဲ့ ပိုပြီး အလွယ်တကူ တတ်မြောက်နိုင်ပါတယ်။ စိတ်ရှည်ပြီး ရေရှည်အားထုတ်နိုင်ဖို့တော့ လိုအပ်ပါတယ်။

ဒီအပိုင်းမှာတော့ ဒီလောက်ပါပဲ။ နောက်အပိုင်းတွေမှာ ဆရာရဲ့ သင်ကြားမှုတွေကို ဆက်လက်လေ့လာပါမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Learn Together Win Together ⇒ Learning English ( Part 10 )

Trying Today to Better Tomorrow:
Swan Htet (HapEye.Net)

ပညာရေး

Open More Online

Related Posts