hapeye

အချက်ရေမည်မျှရိုက်ခဲ့သည်ကိုပြောပြခြင်း (ဂေါက်သီးစည်းမျဉ်းများ အပိုင်း – ၉)

Rule 9-1. General စည်းမျဉ်း ၉-၁ သတ်မှတ်ချက်
ကျင်းတစ်ကျင်းတွင် အချက်မည်မျှရိုက်ခဲ့သည်ဆိုသည်မှာ ထိုကျင်းတွင် ဖြစ်ပေါ်ခဲ့သော ပြစ်ဒဏ်အချက်ရေများ အပါအဝင် ဖြစ်သည်။

Rule 9-2. Match Play စည်းမျဉ်း ၉-၂ ကျင်းပြတ်ကစားခြင်းအတွက်

a. အချက်မည်မျှရိုက်ပြီးခြင်း
ပြိုင်ဘက်ကစားသူက ကစားသူသည် အချက်မည်မျှရိုက်ပြီးကြောင်းကို ကျင်းတစ်ကျင်းအား ကစားနေစဉ်အတွင်း (သို့မဟုတ်) ထိုကျင်း ကစားပြီးနောက်တွင် မေးခွင့်ရှိသည်။

b. Wrong Information အချက်မှား၍ ပြောဆိုခြင်း
ကျင်းပြတ်ကစားနေစဉ်တွင် မိမိ၏ပြိုင်ဘက်ကို ကစားသူက ကျင်းတစ်ကျင်း၏ ရိုက်ပြီးသော အချက်ရေကို မှား၍ပြောပါက ထိုကျင်းအား ကျင်းရှုံးပေးရသည်။ အောက်ပါအချက်များကို အချက်ရေမှားပြောခြင်းအဖြစ် သတ်မှတ်သည်။

(i)     ကစားသူသည် ပြစ်ဒဏ်အချက်ပေး၍ ကစားခြင်းဖြစ်ကြောင်း မိမိပြိုင်ဘက်ကို ချက်ချင်း (သို့မဟုတ်) အဖြစ်နိုင်ဆုံး ဆောလျင်စွာပြောရန် ပျက်ကွက်ခြင်း။
(a)     အကယ်၍ ကစားသူက သိသာထင်ရှားစွာ စည်းမျဉ်းအတိုင်း အချက်ပေး၍ ကစားခြင်းဖြစ်ကြောင်းကို မိမိ၏ပြိုင်ဘက်သည် တွေ့မြင်သိရှိလျှင် ပြောကြားရန် မလိုပါ။
(b)     အချက်မှား၍ ပြောမိပါက ပြိုင်ဘက်ကစားသူ နောက်တစ်ချက်မရိုက်မီ ပြင်ဆင်ပြောခဲ့လျှင် အချက်ရေမှားပြောခြင်းအဖြစ် မသတ်မှတ်ပါ။

(ii)    ကျင်းကစားနေစဉ်အတွင်း ကစားသူသည် ရိုက်ပြီးသော အချက်ရေစုစုပေါင်းအား မှား၍ပြောခဲ့ပြီး ပြိုင်ဘက်ကစားသူ နောက်တစ်ချက်မရိုက်မီ အမှန်ကို ပြင်မပြောခဲ့လျှင်၊

(iii)     ကျင်းတစ်ကျင်း ပြီးဆုံး၍ ထိုကျင်းတွင် ကစားသူက အချက်ရေ မည်မျှရိုက်ခဲ့သည်ကို မှားပြောခဲ့ပြီး ထိုသို့မှားပြောသော အချက်ရေသည် ပြိုင်ဘက်ကစားသူများနှင့် ကျင်းအနိုင်အရှုံးရလဒ်ကို ပြောင်းလဲစေလျှင် မှားပြောခြင်းအား မိမိ၏ ပြိုင်ဘက်တစ်ဦးဦးက နောက်တစ်ကျင်း၏ တီခုံမှ မရိုက်မီ (သို့မဟုတ်) နောက်ဆုံးကျင်း ဖြစ်ပါက ကစားသမားအားလုံး ဂရင်းပေါ်မှ မဆင်းမီ ကစားသူသည် အချက်ရေအမှန်ကို ပြင်မပြောခဲ့လျှင် အချက်ရေမှားပြောခြင်းဖြစ်၍ ကျင်းရှုံးပြစ်ဒဏ်ကျခံရသည်။

ကစားသူသည် စည်းမျဉ်းမသိ၍ ပြစ်ဒဏ်တစ်ခုခုအတွက် ပေးရသည့်အချက်ကို ထည့်မပေါင်းခဲ့လျှင် အချက်ရေ မှားပြောခြင်းအဖြစ် သတ်မှတ်သည်။ ကစားသူသည် ဂေါက်စည်းမျဉ်းများကို သိရှိနားလည်ထားရန် တာဝန်ရှိသည်။

Rule 9-3. Stroke Play စည်းမျဉ်း ၉-၃ အချက်ရေဖြင့် ကစားခြင်းအတွက်
အချက်ရေဖြင့်ကစားခြင်းတွင် ကစားသူသည် ပြစ်ဒဏ်အချက်ပေး၍ ကစားခြင်းဖြစ်ကြောင်း မိမိကစားဘက်အား အဖြစ်နိုင်ဆုံး ဆောလျင်စွာ ပြောရမည်။

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rules of Golf and the Rules of Amateur Status 2016 မှ ကူးယူဖော်ပြသည်။

သုတ

# Open More Online

Related Posts