“ ကျွန်ုပ် အကြိမ်ပေါင်းတစ်ထောင်လောက် ကျရှုံးခဲ့တာ မဟုတ်ပါဘူး။ မအောင်မြင်တဲ့ နည်းပေါင်း တစ်ထောင်ကိုပဲ အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့တာပါတဲ့ ” – သောမတ် အက်ဒီဇင်
Category: အတွေးအခေါ်
လူတိုင်းက အရှုံးသမားတွေပါ။ အောင်မြင်သူတွေဆိုတာ နည်းနည်းပို သည်းခံနိုင်ခဲ့တဲ့ အရှုံးသမားတွေသာ။
ဂရုစိုက်သောသူများကြောင့် သန့်ရှင်းမည်။ ဂရုစိုက်သောသူဆိုတာ ကိုယ့်ကို ဘယ်သူက ဂရုအစိုက်ဆုံးလည်း၊ လူငယ်များဆိုရင် သိပါတယ်။ ကိုယ့်မိဘများက ဘယ်သူ့ကို ဂရုအစိုက်ဆုံးလဲ။ မိဘများက ကိုယ့်ကိုဂရုစိုက်ပြီးတော့ ကျွေးမွေးတယ်။ မွေးမြူတယ်။
ဆောင်ရွက်ရန်များသောကြောင့် ခွန်အားနှင့်ပြည့်မည်။ အခုခေတ်မှာဆိုရင် ဒါကို ထူးထူးထွေထွေ ရှင်းပြနေစရာ မလိုဘူး။ ကျမတို့ အားလုံးဟာ ဆောင်ရွက်ရန် အများကြီး ရှိတယ်။