သောမတ် အက်ဒီဇင်

သောမတ် အက်ဒီဇင် ရဲ့ ငယ်ဘဝမှာ ဆရာမတွေက “ ဘာသင်သင် မတက်တဲ့ လူညံ့လေး ” လို့ အပြောခံရခဲ့ဘူးပါတယ်။ အလုပ်မတွင်ဘူး မကြိုးစားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပထမဆုံး အလုပ်နှစ်ခုကနေ အထုတ်ခံခဲ့ရဖူးပါတယ်။ တီထွင်သူဘဝမှာတောင် လျှပ်စစ်မီးလုံးလေးကို ထုတ်လုပ်နိုင်ဖို့ စမ်းသပ်မှုပေါင်း ၁,၀၀၀ ခန့် ပြုလုပ်ခဲ့ရပါတယ်။ သေချာတာပေါ့ အဲ့ဒီအောင်မြင်မှုရဲ့ ရလဒ်က နောက်ဆုံး သူဖြစ်ချင်တဲ့ အတိုင်းဖြစ်ဖို့ နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့တယ် ဆိုတာပါ။ သူပြောခဲ့တာက…

“ ကျွန်ုပ် အကြိမ်ပေါင်းတစ်ထောင်လောက် ကျရှုံးခဲ့တာ မဟုတ်ပါဘူး။ မအောင်မြင်တဲ့ နည်းပေါင်းတစ်ထောင်ကိုပဲ အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့တာပါတဲ့ ”

— သောမတ် အက်ဒီဇင် —

အောင်စည်သာ မြန်မာပြန်သော လုံးဝလက်မလျှော့လိုက်ပါနဲ့ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts