hapeye

ဂရုစိုက်သောသူများကြောင့် သန့်ရှင်းမည်။

ဂရုစိုက်သောသူများကြောင့် သန့်ရှင်းမည်။ ဂရုစိုက်သောသူဆိုတာ ကိုယ့်ကို ဘယ်သူက ဂရုအစိုက်ဆုံးလည်း၊ လူငယ်များဆိုရင် သိပါတယ်။ ကိုယ့်မိဘများက ဘယ်သူ့ကို ဂရုအစိုက်ဆုံးလဲ။ မိဘများက ကိုယ့်ကိုဂရုစိုက်ပြီးတော့ ကျွေးမွေးတယ်။ မွေးမြူတယ်။ သန့်ရှင်းစင်ကြယ်အောင်လို့ ထားတယ်။ ရေချိုးပေးတယ်။ ငယ်ငယ်က ဆိုလို့ရှိရင် အဝတ်လဲပေးတယ်။ အဝတ်သန့်သန့်ရှင်း ဝတ်ပေးတယ်။ ထမင်းကျွေးတယ်။ အမျိုးမျိုးလုပ်ပေးတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ဝိညာဉ်၊ စိတ်ကို သန့်ရှင်းအောင်၊ ဖြူစင်အောင် အပြင်က မလုပ်ပေးနိုင်ဘူး။

အဲ့ဒီတော့ ကိုယ့်ကို အပြင်ကနေ ဝိုင်းပြီးဂရုစိုက်တဲ့သူတွေရှိရင် ကိုယ့်အတွင်းစိတ်နှလုံးသား ဖြူစင်အောင်၊ သန့်ရှင်းအောင်လို့ ကိုယ်က ဂရုစိုက်ဖို့လိုတယ်။

ဒါ့ကြောင့်မို့လို့ ဂရုစိုက်သောသူများကြောင့် သန့်ရှင်းမည် လို့ ဆိုပါတယ်။

ဖိုးစိုင်း (ဂျာနယ်လစ်) စုစည်းတင်ပြထားသော လူငယ်တို့အတွက် ဘဝခွန်အားပြောစကားများ၊ ဒေါ်အောင်ဆန်းစုကြည် စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts