လက်ဦးဆရာကား အမိနှင့်အဖပင် ဖြစ်၏။ ယခုခေတ်တွင် ကလေးငယ်တစ်ဦးအဖို့ အမိဝမ်းမှ ကျွတ်ပြီးနောက် ၅ နှစ်သားရောက်သည့်အထိ အမိ၊ အဖတို့နှင့် လက်ပွန်းတတီး နေထိုင်ကြရ၏။ မိဖတို့၏
Category: ဘဝနေနည်း
ပတ်ဝန်းကျင်သန့်ရှင်းမှုရှိမှသာလျှင် လူသားတို့ ကျန်းမာသက်ရှည်နိုင်မည်ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရုံနှင့် မရ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်သော ပတ်ဝန်းကျင်ကိုပါ ဂရုတစိုက်ပြောင်းလဲရန် လိုအပ်သည်။
ကလေးသူငယ်တို့သည် အတုမြင်၊ အတတ်သင်ဖြစ်သော ညွှတ်ပျောင်းလွယ်သည့် စိတ်ထားရှိရာကား မိမိနေထိုင်ရာဒေသ၊ ပတ်ဝန်းကျင်၊ ထိတွေ့မှု၊ အကျင့်စရိုက်တို့သည် များစွာ ရိုက်ခတ်လွှမ်းမိုးစေလေ၏။
လူတွင် ရေဓာတ်သည် လွန်စွာ အရေးပါလှ၏။ “ရေအသက် တစ်မနက်” ဆိုသည့်အတိုင်း လူ့ခန္ဓာကိုယ်အတွက် ရေနှင့် ကယ်လိုရီတို့ကို နေ့စဉ်ဖြည့်စွမ်းပေးရပေသည်။ ထို့ကြောင့် သောက်သုံးရန် ရေကောင်းရေသန့်ကို ရရှိရန် အလွန်အရေးကြီး၏။