အလေ့အထများကို ဆက်ထိန်းထားခြင်း၏ စွမ်းပကား

အလေ့အထများကို ဆက်ထိန်းထားခြင်း၏ စွမ်းပကား

(The Power of Habits Maintained)

သင့်ကို လတ်တလောအကျိုးပြုခြင်းမရှိသော အလေ့အထတစ်ခုနှင့် သင့်ကြားတွင် ကနဦးရုန်းကန်မှုကို သင်မှတ်မိချင်မှ မှတ်မိမည်။ သို့သော် ထိုရုန်းကန်မှုရှိခဲ့နိုင်ပေသည်။ သင်က အထူးမကြိုးစားခဲ့ရပါဟု ငြင်းမည်ဆိုလျှင်ပင် ဆန့်ကျင်ဘက် သက်ရောက်မှုများတော့ရှိခဲ့ပြီး သင့်အနေဖြင့် လျစ်လျူရှုခဲ့ခြင်းသာ ဖြစ်မည်။


သင်၏အလေ့အထသစ်များက သင့်အား ကောင်းကျိုးတို့ စတင်ပေးသည်နှင့် ထိုအလေ့အထတို့ ပို၍ အရိုးစွဲလာမည်။ ယင်းသို့ဆိုလျှင် ထိုအလေ့အထသစ်ကို ဆက်လက်ထားရှိပြီး အလေ့အထဟောင်းမှ သင့်အား ဖြားယောင်းမှုရှိလာသော်ငြားလည်း ယင်းကို စွန့်လွှတ်လိုက်ရန် လုံလောက်သောစေ့ဆော်မှုပင် ဖြစ်သည်။

ကျွန်မတို့ဘဝများသည် နေ့စဉ်နေ့တိုင်း ကျွန်မတို့လုပ်ရပ်များ အပေါ်အခြေခံသည့် တီထွင်ဖန်တီးမှုတစ်ခုပင် ဖြစ်သည်။

အောက်ဖော်ပြပါ ကိုးကားချက်များအနေဖြင့် သင်၏ နေ့စဉ်လှုပ်ရှားမှုများသည် သင်လိုလားသဖြင့် ဆက်လက်ထိန်းထားသော လှုပ်ရှားမှုများဖြစ်ရန် အရေးကြီးသည်ဆိုသည့်အချက်ကို မီးမောင်းထိုးပြသည်။


“အမှန်အားဖြင့် လူတစ်ဦးတစ်ယောက်ဘဝသက်တမ်း၏ဒုတိယပိုင်းတွင်
မည်သည့်တီထွင်ဖန်တီးမှုမှ မရှိတော့သယောင် မြင်ရသည်။
သူ့ဘဝသက်တမ်း၏ ပထမပိုင်းတွင် စုဆောင်းမိထားသည့်
အလေ့အထများကို ပြုကျင့်ခြင်းသာ ရှိတော့သည်”


                                                            Fyodor Dostoevsky


“သံတစ်ချောင်းကို ရိုက်ထုတ်ရန် နောက်သံတစ်ချောင်း
ရိုက်သွင်းရသည်။ အလေ့အထတစ်ခုကိုလည်း
နောက်အလေ့အထတစ်ခုဖြင့် ချိုးနှိမ်နိုင်သည်”


                                                          Desiderius Erasmus


“ရှေးဦးစွာကျွနု်ပ်တို့က အလေ့အထများကို ပုံစံသွင်းသည်။
ထို့နောက် အလေ့အထများက ကျွန်ုပ်တို့ကို ပုံစံသွင်းသည်။
သင်၏ မကောင်းသောအလေ့အထများကို သင် အနိုင်ယူပာ။
သို့မဟုတ်ပါက နောက်ပိတ်ဆုံးတွင် သူတို့က သင့်ကို အနိုင်ယူသွားလိမ့်မည်”


                                                            Dr Rob Gilbert


မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင်မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts