ဖိစီးမှု ချက်ချင်းလက်ငင်းလျှော့ချနည်း

ဖိစီးမှု ချက်ချင်းလက်ငင်းလျှော့ချနည်း

(How to de-stress right now)


(၁) အစားစားပါ (Eat) ။    ။ကျွန်မ အလေးအနက်ပြောခြင်း ဖြစ်သည်။ နေ့လယ်စာစားချိန်တွင် စိတ်ပူနေသူ၊ စိတ်ရှုပ်နေသူ၊ လျှပ်တစ်ပြက် အီးမေးလ်များ ပို့နေသူ အများအပြား တွေ့ရသည်။ သူတို့အစာစားလိုက်သည်နှင့် တစ်ပြိုင်တည်း ‘ခုနက ဘာတွေဖြစ်ပျက်နေတာတုန်း’ ဟု သူတို့ဘာသာ မေးလိုက်သယောင်ပင်။ ကျွန်မတို့တွင် (ဆာလောင်ခြင်းကြောင့် ဖြစ်သည့်) သကြားဓာတ်နည်းခြင်းနှင့် ဖိစီးမှုအတိုင်းအတာတို့ကြား ဆက်စပ်မှုကို ပုံမှန်အားဖြင့် သတိမမူမိကြပါ။


(၂) သင့်မှာ တံခားတစ်ချပ်ရှိလျှင် တစ်နေ့ကို အနည်းဆုံးတစ်ကြိမ် ပိတ်ထားပါ (If  you have a door, shut it at least once a day) ။    ။ဤလုပ်ရပ်သည် မထုံတက်တေးသဘော သက်ရောက်သည်။ သို့သော် ကြီးမားသည့်ခြားနားမှုဖြစ်စေနိုင်သည်။ သင်ပိုပြီး အာရုံစုစည်းနိုင်ရုံသာမက ရုံးပတ်ဝန်းကျင်နှင့် ဆက်စပ်သည့်  ပြင်ပဆူညံသံများကို လျော့ပါးစေသည်။ ထိုအထဲတွင် နောက်ထပ်ပောင်းထည့်ရမည့် ယခုသေးငယ်သွားသည့် ဖိစီးမှုတစ်ခုမှာ ရှိုးတိုးရှန့်တန့်ဖြစ်ခြင်းပင်။ သင် ယင်းအချက်ကို သိချင်မှသိမည်၊ သို့သော် လုပ်ဖော်ကိုင်ဖက်များက မိမိဖုန်းပြောခြင်း၊ စကားပြောခြင်းတို့ကို ကြားနိုင်သည်ဆိုသည့်အသိဖြင့် လူတိုင်း နေမထိထိုင်မသာ ဖြစ်တတ်သည်။
သင် ဘာကြောင့်တံခားပိတ်သည်ကို အခြားလူများ တွေးနေကြမည်ဟု သင်ထင်လျှင် သင်ဘာကြောင့် တံခားပိတ်သည်ကို ပြောပြထားပါ။ သင် ပီးပါးလ်မဂ္ဂဇင်း ဖတ်နေသည်ဟု မှန်းဆခံရခြင်းကို ပပျောက်စေသည်။ တံခားရှိသောသူများကို တစ်ခု ပြောလိုသည်။ တံခားမရှိသော သူတို့သည် သင် စကားကျယ်လောင်စွာပြောသည့်အခာနှင့် စပီကာ ဖွင့်ထားသော တယ်လီဖုန်း စကားပြောခြင်းများ ပြုလုပ်သည့်အခာ သင့်တံခားပိတ်ထားခြင်းကို အမှန်တကယ်ပင် လိုလားကြမည်။ ကျွန်မ အတည်ပြောနေခြင်းဖြစ်သည်။


(၃) သင့်မှာ တံခားတစ်ချပ်မရှိလျှင် ထွင်ဉာဏ်သုံးပါ (If you don’t have a door, get creative) ။     ။ ကျွန်မတို့အများစုသည် တံခားမရှိကြပါ။ ထို့ကြောင့် အမှတ်စဉ် ၂ သည် ညို့သကျည်းကို အကန်ခံရသလို ဖြစ်နေမည်။ သင့်မှာ တံခားမရှိလျှင် သင် မည်သို့ပြုကျင့်မည်နည်း။ အကြုံပြုချက်အချို့မှာ..
– သင့်ပတ်ဝန်းကျင်မှ သီးသန့်ကျပြီး ပတ်ကာထားသကဲ့သို့ ဖြစ်စေပါ။ စားပွဲ၊ သို့မဟုတ် ကုလားထိုင်တစ်လုံးကိုရွှေ့ခြင်းဖြင့် ဖြတ်သန်းသွားလာခြင်း၊ ခေတ္တဝင်ရောက်ခြင်းနှင့် ဆူညံသံတို့ကို အဟန့်ဖြစ်စေနိုင်သည်။ ပန်းအိုး၊ စာအုပ်စင်ချထားခြင်း၊ ဖြတ်သန်းသွားလာသူများကို မျက်နှာခြင်းမဆိုင်ရအောင် သင့်ကုလားထိုင်ကို မျက်နှာမူထားခြင်း စသည်တို့သည်လည်း အလုပ်ဖြစ်ပါသည်။
– နားကြပ်တစ်ခု သင်တပ်ထားနိုင်ပာသလား။ သင် ဖောက်သည်များနှင့် တိုက်ရိုက်အလုပ် မလုပ်ရလျှင် ပတ်ဝန်းကျင်မှ ဆူညံသံများကို တားဆီးနိုင်ရန် ချော့မြူသော တေးသီချင်းများကို သင့်နားကြပ်ဖြင့် နားထောင်နေနိုင်သည်။ တယ်လီဖုန်းမြည်လျှင် ကြားနိုင်အောင်တော့ သတိပြုပါ။
– သင့်လုပ်ဖော်ကိုင်ဖက်များထံသို့ ဖြစ်နိုင်လျှင် အီးမေးလ်ပို့ပါ။ အထူးပရောဂျက်များအကြောင်း နှိုးဆော်ရန်၊ သို့မဟုတ် ဖိစီးမှုများမည့် အချိန်များကို အသိပေးရန်ဖြစ်သည်။ သင်နှင့်ဆိုင်သော်လည်း အချိန်ဆွဲထားနိုင်သည့်လုပ်ငန်းအသေးများကို ဖိစီမှုများလျော့ပားသွားစေပြီး ပုံမှန်ပြန်ဖြစ်သည့်အချိန်ကျမှ ပေးအပ်ရန် အသိပေးပါ။ လူအများစုက သင်ဖိစီးမှုဖြစ်နေသည်ကို မသိနိုင်ပါ။ သင့်အနေဖြင့် သင်၏ ကသုတ်ကရက်နိုင်သောခြေလှမ်းများနှင့် ခြေပစ်လက်ပစ် ပုံစံတို့ကြောင့် လူများက သင့်အနေအထားကို သိနိုင်မည်ဟု ယူဆသော်လည်း သူတို့က သင်လက်ဖက်ရည် အတော်များများသောက်ထားသည်ဟု ထင်နိုင်သည်။ သင်၏ အလုပ်ပမာဏကို အများသိသာ အောင်လုပ်ပာက သူတို့နားလည်မှုပေးလိမ့်မည် (သင့်ကိုလည်း လတ်တလော ရှောင်လိမ့်မည်)။


(၄) စောစောအိပ်ရာဝင်ပါ (Go to bed early) ။      ။  ကျွန်မ၏အနှစ်သက်ဆုံး ဖိစီးမှုလျှော့ချခြင်းနည်းလမ်းဖြစ်သည်။ လူအများစုသည် ၁၀ နာရီခန့်တွင် သံပတ်ပြန်တင်းလာပြီး မအိပ်ဘဲနှင့် စာဖတ်သည်၊ သို့မဟုတ် တီဗီကြည့်သည်။ အကျိုးဆက်အနေဖြင့် နောက်တစ်နေ့တွင် သူတို့မောပန်းနေသည်။ ထိုမောပန်းမှုသည် ထိုနေ့အတွက် ဧရာမဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်။ သင့်ကိုယ်သင် တစ်ပတ်တစ်ကြိမ် ည ၉ နာရီတွင် မီးများပိတ်ချရန် အတင်းအကျပ် လုပ်ပါ။ သင်အိပ်ရာမှနိုးသည့်အခာ (တစ်ခာတစ်ရံ နှိုးစက်ပင်မလိုပါ) သင့်ကိုယ်သင် အိပ်ချိန်ပေးလိုက်ခြင်းအတွက် ဝမ်းမြောက်မိလိမ့်မည်။

ဤအကြံပြုချက်များထဲမှ အနည်းဆုံးတစ်ခုလောက်ကို ယခုရက်သတ္တပတ်တွင် စမ်းသပ်ကြည့်ပါ။ သင် ဖိစီးမှုလျော့လာလိမ့်မည်။

မြနှင်းဆီ ဘာသာပြန် ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts