hapeye

လူငယ်တွေ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် ဖြစ်ဖို့

ကျွန်မငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာလေးတစ်ပုဒ် ရှိပါတယ်။ ဒီကဗျာကတော့ အင်္ဂလိပ်ဘာသာက ပြန်ထားတဲ့ ကဗျာပဲ။ လူငယ်များနဲ့လည်း အင်မတန်မှ စပ်ဟပ်တယ်လို့ ကျွန်မထင်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ ဒီကဗျာစာသားအရ ကျောင်းသားများကို မှာချင်ပါတယ်။ ဒီကဗျာက ဘယ်လိုလဲ ဆိုတော့ …

“ကျွန်ုပ်ကို ယုံကြည်သောသူများကြောင့် ဖြောင့်မတ်မည်။
ဂရုစိုက်သောသူများကြောင့် သန့်ရှင်းမည်။
ဆောင်ရွက်ရန်များသောကြောင့် ခွန်အားနှင့်ပြည့်မည်။
ပင်ပန်းခံရများသောကြောင့် ရဲရင့်မည်။
မိတ်ဆွေမဲ့သူနှင့် ရန်သူကို မိတ်ဖွဲ့မည်။
ပေးကမ်းကြောင်း မေ့လျက် စွန့်ကြဲပေးကမ်းမည်။
ခွန်အားနည်းကြောင်း သိလျက် စိတ်နှိမ်ချမည်။
ရွှင်လန်းချစ်ခင် မော်ကြည့်လျက် ထူးပင့်မည်။ ” တဲ့

ပြောတဲ့ကိစ္စအားလုံးဟာ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် ဖြစ်ရမယ်။ ဒီလိုလုပ်မှပဲ ကိုယ့်ပေါ်မှာ ယုံကြည်တဲ့သူတွေရဲ့ ယုံကြည်တဲ့သူတွေဟာ မပျက်သွားဘူး။

ဖိုးစိုင်း (ဂျာနယ်လစ်) စုစည်းတင်ပြထားသော လူငယ်တို့အတွက် ဘဝခွန်အားပြောစကားများ၊ ဒေါ်အောင်ဆန်းစုကြည် စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts