မော်တော်ယဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(ရန်ကုန်တိုင်း)အနေနှင့် ရန်ကုန်ခရီးသွားလုပ်ငန်း အရည်အသွေးမြင့်မားတိုးတက်ရေးအတွက် ဘက်စုံကြိုးစားဆောင်ရွက်နေတာကို တွေ့ရတယ်။
Category: သုတ
အရည်အသွေးနဲ့ပတ်သက်ပြီး ကျွန်မတို့ဆက်တိုက်ပြောပြလာခဲ့သော စကားတစ်ရပ်ရှိပါတယ်။ အဲဒီစကားရပ်ကတော့ စားသုံးသူ Customers လို့ခေါ်တဲ့ စကားရပ်ဖြစ်ပါတယ်။
ကျွန်မတို့ ဒီနေ့ ဝန်ဆောင်မှု Services နဲ့ ကုန်ပစ္စည်းထုတ်လုပ်မှု Goods တို့ရဲ့ ‘Difference between goods and services’ တို့ကို ပိုသဘောပေါက်အောင်ရှင်းလိုပါတယ်။
ကဲ ဂျပန်မှာ မစ်ဆူဘီရှီဆိုတဲ့ ကုမ္ပဏီရှိတယ်။ အဲဒီ ကုမ္ပဏီအဖွဲ့အစည်းရဲ့ ပိုင်ရှင်ကြီးက ဘာပြောလဲဆိုတော့ သူ့ပစ္စည်းတွေဟာ အရည်အသွေးရှိတယ်လို့ ချီးမွမ်းခံရတယ်၊ ဘာပြုလို့ ဒီလိုချီးမွမ်းခံရတာလဲဆိုတော့ ‘Making People before making products’ လို့ဆိုပါတယ်၊