SEO

Benefits for Small Business in 10 ways from SEO

မင်္ဂလာပါ မိတ်ဆွေ။

မိတ်ဆွေမှာတော့ဖြင့် အသေးစား စီးပွားရေး လုပ်ငန်းတစ်ခု ပိုင်ဆိုင်ထားပြီး စွန့်ဦးတီထွင်မှုတွေကို မိုင်ကုန်ဆန့်ထုတ်ချင်နေပြီလား။ SEO ဆိုတာကို ကြားဖူးနားဝရှိသည့်တိုင် “နေပါဦးဟ၊ ငါအမှန်တကယ်ရော လိုအပ်လို့လား…” ဒီလိုမျိုး မရေမရာဖြစ်နေတုန်းပဲလား။ Search Engine Optimization (SEO) က သင့်လုပ်ငန်းအတွက် မှန်ကန်တဲ့ ခြေလှမ်း ဆိုရင်တောင် နားလည်ဖို့တော့ ခက်ခဲနေဦးမှာပါ။ ကိစ္စအတော်များများမှာတော့ဖြင့် သင့်လုပ်ငန်းကို မြှင့်တင်ပြောင်းလဲပေးဖို့ SEOက အကောင်းဆုံးနည်းလမ်း တစ်ခုပါပဲ။

ကဲ… Search Engine Optimization ကနေ သင့်စီးပွားရေးကို အမြတ်ထွက်စေမယ့် အကျိုးတရား ဆယ်ခုကို ကြည့်ကြည့်ရအောင်။


1. အကောင်ကြီးကြီးတွေနဲ့ ပြိုင်ဆိုင်မယ်။


Big Boys

ဟုတ်ပါပြီ။ မိတ်ဆွေရဲ့ လုပ်ငန်းက ကြုံလှီနွမ်းပါးတဲ့ တိုက်ခန်းထဲမှာ ဖြစ်နေမယ်ဆိုရင်တောင် ကိစ္စမရှိပါဘူး။ အကောင်ကြီးကြီး Brands တွေရဲ့ Customers တွေကို သင့်အတွက် ပြောင်းလဲပစ်လိုက်ပါ။ ဒါက သင် ဦးတည်ရည်ရွယ်တဲ့ ဈေးကွက်ဆီကို ထိုးဖောက်ဝင်ရောက်ခြင်းပါပဲ။ သင်သာ ရည်ရွယ်ချက် ကြီးကြီးရှိမယ်ဆိုရင်ဖြင့် SEO က မသုံးမဖြစ်သုံးသင့်တဲ့ ကိရိယာတစ်ခုပဲ ဖြစ်ပါတယ်။


2. ငွေကြေး ကုန်ကျရင်းနှီးဖို့ ထိုက်တန်ပါတယ်။


Investment

SEOက အရမ်းအရမ်းကြီး ဈေးမများပါဘူး။ သို့ပေငြား သင် Professional ကျကျ ဈေးကွက်ချဲ့ထွင်နိုင်မှုမျိုး လိုချင်တယ်ဆိုရင်ဖြင့် ရင်းနှီးမြှုပ်နှံမှု အထိုက်အလျောက် ဆောင်ရွက်ရပါမယ်။ ဒါပေမယ့် သင်ကုန်ကျရတာထက် ပိုမိုတဲ့ အမြတ်အစွန်းကို SEOက ပြန်လည်ပေးစွမ်းနိုင်ပါတယ်။ ဒီနည်းအားဖြင့် သင်ဘာမှ ဆုံးရှုံးစရာ မရှိပါဘူး။


3.Online နာမည်ဂုဏ်သရေ ကျော်စောမှုကို ထိန်းချုပ်ပါ။


reputition

သင်ဒါကို ဂရုစိုက်သည်ဖြစ်စေ၊ မစိုက်သည်ဖြစ်စေ။ သင့်လုပ်ငန်းနဲ့ ပတ်သတ်ပြီး အတင်းအဖျင်းတွေကတော့ Online မှာ ဖြစ်ပျက်နေပါတယ်။ သင် SEO Campaign တစ်ခုကို စတင်လိုက်လျှင်ဖြင့် လူတွေသင့်ကို ရှာဖွေကြရာမှာ တရားဝင်အချက်အလက်တွေကိုပဲ တွေ့မြင်နိုင်မှာပါ။ သွားပုပ်လေလွင့် Reviews အမှားအယွင်း တွေကြားထဲမှာ ပက်လက်မလန်နိုင်တော့ပါဘူး။


4. ဈေးကွက်အသစ်များထံသို့ ရောက်ရှိခြင်း


New Market

သင် အာရှကနေပြီး စီမံဆောင်ရွက်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေငြား အာဖရိက မှာရှိတဲ့ customer တွေကို မရောင်းချနိုင်စရာ အကြောင်းအရင်း မရှိပါဘူး။ သင်သူတို့ဆီကို ရောက်ရှိနိုင်ဖို့ပဲ လိုအပ်တာပါ။ SEO နဲ့ဆိုရင် ဒါက ကျိုးကြောင်းညီညွတ်တဲ့ ဖြစ်နိုင်ချေတစ်ခုဖြစ်ပါတယ်။ နည်းလမ်းပေါင်း သောင်းခြောက်ထောင်နဲ့ပဲ Online Marketing က တစ်ကမ္ဘာလုံးရဲ့ စီးပွားရေးကို လုံးလုံးပြောင်းလဲပစ်ဖို့ လွှမ်းမိုးနေပါပြီ။


5. သင်၏ Website အသုံးပြုရ အဆင်ပြေလွယ်ကူခြင်း


Usable

အင်တာနက် အသုံးပြုသူတွေရဲ့ စိတ်မရှည်မှုကတော့ တကယ့်ကို စိတ်ပျက်စရာပါပဲ။ တကယ်လို့ သင့်ရဲ့ Website က အရည်အသွေးမြင့်မားတဲ့ တွေ့ကြုံခံစားမှုကို မပေးစွမ်းနိုင်ဘူးဆိုရင်တော့ Backward Click နှိပ်ဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး။ သူတို့ သင့်ရဲ့ ပြိုင်ဖက်တွေဆီ ရောက်ရှိသွားကြမှာပါ။ သင် ပရော်ဖက်ရှင်နယ် SEO နဲ့ အလုပ်လုပ်နေချိန်မှာတော့ သင့်ရဲ့ Website ကို တတ်နိုင်သမျှ နားလည်ရလွယ်ကူအောင် လုပ်ဆောင်နိုင်ဖို့ရာ အကြုံပြုပေးနိုင်ပါတယ်။


6. ယုံကြည်မှုကို တည်ဆောက်ပါ။


Trust

Google ကို လူတွေ ယုံကြည်တတ်ကြပါတယ်။ တကယ်လို့ သင့်ရဲ့ Website ကဖြင့် ရှာဖွေမှုရဲ့ပထမဆုံးစာမျက်နှာမှာ ပါဝင်နေမယ်ဆိုရင်လည်း သင့်ကို ပိုပြီး ယုံကြည်ကြမှာပါ။ E-commerce ရယ်လို့ ပြောင်းလဲလာတာနဲ့အမျှ ဒါက မရှိမဖြစ် အရေးပါလာပါပြီ။ သင်ဟာ ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ… သင်ဘယ်လောက်အထိ ယုံကြည်စိတ်ချအားကိုးနိုင်သလဲဆိုတာ အများတကာကို သက်သေထူနိုင်ဖို့ အခွင့်အလမ်းတိုင်းကို ရယူထားနိုင်ဖို့ လိုအပ်ပါတယ်။


7. သင့်ရဲ့ Website ကို လူဝင်နှုန်း တိုးမြှင့်ပါ။


Traffic

တကယ်လို့သာ Website တစ်ခုကို traffic တက်အောင် မပြုလုပ်နိုင်ဘူးဆိုရင်ဖြင့် ယင်း Website ရှိနေခြင်းက အကျိုးမထူးလှပါဘူး။ သင်ဘာတွေရောင်းချနေလဲ လူတွေမမြင်ရင်ဖြင့် သူတို့ ဝယ်ယူနိုင်မှာ မဟုတ်သလို အဲဒါနဲ့ ပတ်သတ်ပြီး စုံစမ်းမေးမြန်းမှုတောင် ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ Website ကောင်းတစ်ခုဟာ ပညာသားပါတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ ဒါပေမယ့် သင့်ရဲ့ Website ကို promote လုပ်ပြီး ဈေးကွက်ရှာဖွေနိုင်ဖို့တော့ လိုအပ်ပါတယ်။ SEO ကတော့ ဒါကို ပြုလုပ်နိုင်ဖို့ အထိရောက်ဆုံးနည်းကောင်းတစ်ခုပါ။ 


8. သင့်ရဲ့ ပြိုင်ဖက်တွေအကြား ခေါင်းမော့ထားပါ။


Winner

တကယ်လို့ သင့်ရဲ့ ပြိုင်ဖက်တွေက သူတို့ Marketing ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် SEO ကို အသုံးမပြုရသေးဘူးဆိုရင်တောင်မှပေါ့။ သင်စိတ်ချယုံကြည်ထားနိုင်တာက မကြာခင်မှာပဲ သူတို့ SEO ကိုအသုံးပြုလာကြတော့မယ်ဆိုတာကိုပါ။ သူတို့ ပြုလုပ်လာချိန်မှာဖြင့် သင့်ရဲ့ Customers တွေကို ဆွဲစိသွားတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် သင် နေရာဦးအောင်ပြုလုပ်ထားပြီးတော့ Search Engine Results ရဲ့ ထိပ်သီးနေရာတွေမှာ ပါဝင်အောင်လုပ်ထားဖို့ လိုအပ်နေပါပြီ။


9. Customers နဲ့ ပတ်သတ်သော အချက်အလက်များ


Access Customers

သင် SEO campaign ကို စတင်အသုံးပြုစဉ်မှာဘဲ သင့်ရဲ့ လုပ်ငန်းကို ရှေ့သို့လှမ်းချီရာမှာ အထောက်အကူဖြစ်စေမယ့် အံ့အားသင့်ဖွယ် အချက်အလက်တွေကို ရရှိပါလိမ့်မယ်။ သင့်ရဲ့ Customers တွေ Online မှာ ဘာတွေရှာဖွေနေလဲ ဆိုတာကို သိရှိနိုင်ပါမယ်။ ဒါက Product အသစ်တွေ ဖန်တီးဖို့အတွက် ဉာဏ်ကွန့်မြူးမှုရာမှာလည်း အထောက်အပံ့ ဖြစ်လာပါလိမ့်မယ်။ ဒီ Data တွေက သင့်လုပ်ငန်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရင်းအနှီးတွေပါ။ သင့်လုပ်ငန်းအတွက် လိုအပ်နေတဲ့ စွမ်းဆောင်ရည်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ 


10. Permanent Results များ


Permanent Results

(Campaign = Advertising Process)
တကယ်လို့ သင်သာ သတင်းစာမှာ ကြော်ငြာထုတ်တာမျိုးလို ရှေးရိုးစွဲနည်းကို အသုံးပြုမယ်ဆိုရင်ဖြင့် ရလဒ်ကတော့ တိုတောင်းလှတဲ့ အချိန်ကာလတစ်ခုအထိပဲ အဆင်ပြေပါလိမ့်မယ်။ သို့ပေငြား SEO ကို သုံးမယ်ဆိုရင်တော့ သင့်ရဲ့ Campaign ပြီးဆုံးပြီးနောက် ကာလအတော်ကြာသည်အထိ Search Engine မှာ ဆက်လက်ပါဝင်နေဦးမှာ ဖြစ်ပါတယ်။ တကယ်တော့ သင်သာ ကောင်းနိုင်သမျှ အကောင်းဆုံး ရလဒ်တွေကို အမြဲတမ်းမြင်တွေ့လိုရင်ဖြင့် သင့်ရဲ့ Campaign တွေကို စဉ်ဆက်မပြတ်သွားအောင် လုပ်နေဖို့လိုအပ်ပါတယ်။ ဒါပေမယ့် မလုပ်မိဘူးဆိုရင်တောင်မှ သင့်ရဲ့ Ranking ကို နေ့ချင်းညချင်းတော့ မဆုံးရှုံးနိုင်ပါဘူး။

ကဲ… သင်မြင်တဲ့အတိုင်းပါပဲ။ SEO ဟာဖြင့် အသေးစားလုပ်ငန်းပိုင်ရှင်တွေအတွက် မကြုံစဖူး အစွမ်းသတ္တိတွေကို ပေးစွမ်းနိုင်ပါတယ်။ တကယ်လို့ သင့်လုပ်ငန်းဖွံ့ဖြိုးမှုအတွက် အသင့်ဖြစ်နေပြီဆိုရင်တော့ SEO က သင်ဆုံးဖြတ်ချမှတ်နိုင်တဲ့ အကောင်းဆုံး ရွေးချယ်မှုပါပဲ။

ဟုတ်ကဲ့ပါ။ ဖတ်ရှုလေ့လာပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။ ဒီ Article မှတစ်ဆင့် အကျိုးတစ်စုံတစ်ရာ ရရှိသွားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ နောက်နောင်လည်း အသစ်အသစ်တွေကို အမြဲတမ်းတင်ပေးနေမို့လို့ စောင့်မျှော်ဖတ်ရှူနိုင်ပါတယ်နော်။

Hap Eye Digital Marketing Agency ကို ဆက်သွယ်ပြီးတော့လဲ မိတ်ဆွေတို့ရဲ့ လုပ်ငန်းတွေကို ကမ္ဘာနဲ့တန်းတူ ရင်ဘောင်တန်း ဈေးကွက်ဝင်နိုင်ဖို့ လိုအပ်တဲ့ အကြံဉာဏ်တွေ ရယူပြီး အောင်မြင်မှုကို ဆွတ်ခူးနိုင်ကြပါပြီ။

Website – www.hapeye.com
eMail – info@hapeye.com
Mobile – 09 4210 140 55
Facebook Page – fb.me/W3Presence

Swan Htet (HapEye.Net)

Related Posts