WebsiteForSmallBusiness

18 Benefits of a Website for Small Businesses

အသေးစားစီးပွားရေးလုပ်ငန်းများအတွက် Website တစ်ခု၏ အကျိုးကျေးဇူး (၁၈) ချက်

သင်၏ Website သည် စွမ်းရည်ထက်ဈေးကွက်ရှာဖွေရေး ကိရိယာတစ်ခု ဖြစ်ပါသည်။ ကောင်းမွန်စွာ ရေးဆွဲထားသော Website တစ်ခုသည် သင့်လုပ်ငန်းတွင် ပြိုင်ဘက်ကင်းအားသာချက်ကို  ရရှိစေပြီး လုပ်ငန်းပုံရိပ်ကိုလည်း တိုးတက်ကောင်းမွန်စေပါသည်။ သင်၏ Website ဖွံဖြိုးတိုးတက်နေခြင်းအားဖြင့် သင့်အား မျှော်လင့်ချက်နှင့် ဦးစီးဆောင်ရွက်မှုများ ပိုမိုရရှိစေခြင်း၊ ရောင်းအားတိုးမြှင့်စေခြင်း၊ သင့်အမှတ်တံဆိပ်နှင့်အတူ သင်၏ မိသားစုဖောက်သည်များအတွက်ပါ ဝန်ဆောင်မှုများ ပိုမိုတိုးတက်စေခြင်း စသဖြင့် များမြောင်စွာသော အကျိုးတရားတို့ကို ရရှိနိုင်ပါသည်။

သို့သော်ငြား အံ့သြစရာကောင်းလောက်အောင်ပင် မကြာသေးမှီက အမျိုးမျိုးသော လေ့လာမှုများအရ အသေးစားစီးပွားရေးလုပ်ငန်းတို့၏ (၅၀) ရာခိုင်နှုန်းခန့်သည်Websiteများမရှိကြပေ။

အောက်တွင် မိတ်ဆွေ တွေးထင်မထားနိုင်သော အသေးစားစီးပွားရေးလုပ်ငန်းတိုင်းအတွက် Website တစ်ခု၏ အကျိုးကျေးဇူး (၁၈) ချက်ကို ဖော်ပြပေးလိုက်ပါသည်။

(၁) သင်၏ ကြော်ငြာမှု တိုးတက်ကောင်းမွန်ထိရောက်စေခြင်း။

သင့်ရဲ့ Website လိပ်စာကို ကုန်ပစ္စည်းတွေအားလုံးမှာ ထည့်သွင်းပေးထားခြင်းဖြင့် ဖောက်သည်တွေနဲ့ ပိုမို ထိတွေ့နိုင်ပြီး သင်ရဲ့ ဖောက်သည်တို့ကလည်း သူတို့ ရှာဖွေချင်သော အချက်အလက်တွေကို သင်ရဲ့ site မှာပဲ အရင်ဆုံး လာရောက်ရှာဖွေကြတော့မှာပါ။

(၂) ပုံနှိပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းကြောင့် ကုန်ကျစရိတ်များအပေါ် ငွေရေးကြေးရေးကို သက်သာစေခြင်း။

Website တစ်ခုသည် မည်သည့်အချိန်မဆို Updated (သို့) ပြောင်းလဲပြုပြင်နိုင်သော သင်၏ Online လက်ကမ်းစာစောင် (သို့) Catalog တစ်ခုကဲ့သို့ အကျိုးသက်ရောက်စေနိုင်ပါသည်။ သင်သည် Content Management System (CMS) တစ်ခုကို သင်၏ Websiteတွင် တပ်ဆင်အသုံးပြုထားလျှင် အဖိုးအခမပါပဲ သင်ကိုယ်တိုင် အချက်အလက်များကို လျှင်လျှင်မြန်မြန် ပြုပြင်ပြောင်းလဲနိုင်ပါလိမ့်မည်။

(၃) ဖောက်သည်အသစ်များကို အလွယ်တကူ ရရှိစေခြင်း။

သင်၏ Website address (သို့) URL ကို လက်ရှိဖောက်သည်များက ၎င်းတို့၏ မိတ်ဆွေများ နှင့် ဆွေမျိုးသားချင်းများကို ပြန်လည်ညွှန်းဆိုပေးခြင်းဖြင့် သင့်အတွက် ဖောက်သည်အသစ်များကို ပို၍ ပို၍ ရရှိနိုင်ပါသည်။

(၄) Update လုပ်ခြင်း နှင့် အသုံးပြုခြင်းကို လွယ်ကူစေခြင်း။

သင်၏ Website ကို ပုံမှန် စနစ်တကျစိစစ်ထားပါက လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေဖြစ်သည့်      Up To Date (အဆင့်မြှင့်တင်ခြင်း) ဖြစ်နေပေလိမ့်မည်။ Internet အားဖြင့် မည်သည့် ကွန်ပျူတာနှင့် မဆို Updates လုပ်ခြင်း ၊ တည်ဖြတ်ခြင်း နှင့် ဖျက်သိမ်းခြင်း တို့ကို အလွယ်တကူ ဆောင်ရွက်နိုင်ပါသည်။ သင်၏ ထုတ်ကုန်တစ်ခု (သို့) ဝန်ဆောင်မှုတစ်ခုကို Website ပေါ်တွင် ပြုပြင် ပြောင်းလဲမှုလုပ်တိုင်း Programmer ထံသို့ ငွေပေးချေနေရခြင်းများ  ထပ်မံ မလိုအပ်တော့ပါ။

(၅) ထုတ်ကုန် ထုတ်လုပ်မှုကို တိုးတက်စေခြင်း။

သင့်ကုမ္ပဏီ၏ Website မှတစ်ဆင့် လုပ်ငန်း၏ ထုတ်လုပ်မှု (သို့) ဝန်ဆောင်မှု စွမ်းအားကို တိုးတက်စေသည်။  “ဘာကြောင့်တိုးတက်စေသနည်း” သင်၏ ထုတ်ကုန်များ (သို့) ဝန်ဆောင်မှုများကို သင့်ဖောက်သည်များဆီသို့ အချိန်တိုတိုဖြင့် ပြည့်စုံစွာ ရှင်းပြနိုင်ခြင်း။ ဤသတင်းအချက်အလက်များကို ၂၄ နာရီ ရက်သတ္တတစ်ပတ်လုံး Internet ကို အခြေခံ၍ Websiteမှ ရရှိနိုင်ခြင်းကြောင့်ပင် ဖြစ်သည်။

(၆) သင်၏ ဖောက်သည်များကို Knowledge ပေးစွမ်းနိုင်ခြင်း။

သင်၏ Websiteသည် ထုတ်ကုန်များ (သို့) ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အကြံ ဉာဏ်များကိုလည်း အခမဲ့ ပေးစွမ်းနိုင်ပါသည်။ ယင်းအချက်အလက်တို့ကို အချိန်မရွေး နေရာမရွေး လျော်ကန်စနစ်ကျသော နည်းလမ်းများဖြင့် သင်၏ ဖောက်သည်များထံသို့ ပို့ဆောင်ပေးနိုင်ပါသည်။

(၇) သင်၏ ဈေးကွက်ကို ချဲ့ထွင်နိုင်ခြင်း။

Website ရှိနေခြင်းဖြင့် သင်၏ လုပ်ငန်းသည် ပြည်တွင်း စီးပွားရေး နယ်ပယ်ကို ကျော်လွန်ရုံမျှမက Internet Connection ရှိရုံမျှဖြင့် ချဉ်းကပ်အသုံးပြုရန် လွယ်ကူခြင်းကြောင့် ကမ္ဘာ့အနှံ့အပြားရှိ အလားအလာကောင်းသော ဖောက်သည်များထံသို့ပါ ဖောက်ထွက်ရောက်ရှိနိုင်သည်။ Online မှတစ်ဆင့် ကုန်ပစ္စည်းများ ကူးသန်းရောင်းဝယ်ခြင်းသည် သင်နှင့် သင့် ဖောက်သည်တို့အတွက် နှုန်းထားသက်သာရုံမျှမက များစွာ လွယ်ကူအဆင်ပြေစေပါသည်။

(၈) သင့်လုပ်ငန်းနှင့် ကမ္ဘာပတ်နိုင်ခြင်း

သင့်လုပ်ငန်း၏ Websiteမှတစ်ဆင့် ပြည်တွင်းရှိ ဖောက်သည်များထံသို့ ပိုမိုလွယ်ကူစွာ ရောက်ရှိနိုင်သည့်အပြင် ကမ္ဘာတစ်ဝှမ်းမှ ဖောက်သည်များအတွက်လည်း ကမ္ဘာပတ်ပေးနိုင်ပါသည်။ သင့်လုပ်ငန်းဟာ ၂၄နာရီ တစ်ပတ် ၃၆၅ရက်တိုင်းအတွက် ဖောက်သည်တွေ ဝယ်ယူဆုံးဖြတ်ရာမှာ လိုအပ်မယ့် Information အပြည့်အစုံနဲ့အတူ Open Business ဖြစ်နေပါသည်။

(၉) ကြော်ငြာခြင်း ၊ ထုတ်ကုန်များရောင်းချခြင်း နှင့် ဝန်ဆောင်မှုများပေးခြင်း။

သင့် လုပ်ငန်း၏ ထုတ်ကုန်များ (သို့) ဝန်ဆောင်မှုများအတွက် ဓာတ်ပုံများ နှင့် အသေးစိတ်ဖော်ပြချက်များကို Website တွင် စီစဉ်ထားနိုင်သည်။ သင့် ထုတ်ကုန်များ (သို့) ဝန်ဆောင်မှုများသည်  ပြိုင်ဘက် ထုတ်ကုန်များ (သို့) ဝန်ဆောင်မှုများ ထက် သာလွန်ကြောင်း Websiteမှ တစ်ဆင့်ရှင်းပြနိုင်သည်။

(၁၀) သင်၏ အခြေခံ အုတ်မြစ်များ နှင့် လည်ပတ်မှုများကို တိုးမြှင့်စေခြင်း။

သင့်ရဲ့ မိသားစုဖောက်သည်တို့နဲ့ အလားအလာရှိတဲ့ ဖောက်သည်တို့ Outdoor မထွက်ချင်တဲ့ အခါမျိုး၊ အိမ်ကနေ အလုပ်လုပ်ချင်တဲ့ အခါမျိုးတွေမှာ သူတို့ရဲ့ ဖုန်းကနေ တစ်ဆင့် Website ကို ဝင်ရောက်ပြီး သင့်ကို တွေ့ရှိနိုင်ပါသည်။ သင့်ရဲ့ ဖုန်းနံပါတ်၊ လိပ်စာနဲ့ အချက်အလက် အပြည့်အစုံတို့ကို Websiteကနေတစ်ဆင့် အလွယ်တကူ ရယူနိုင်အောင် သင်လုပ်ပေးထားနိုင်ပါသည်။

(၁၁) သင်၏ တည်နေရာကို ပြောင်းလဲသောအခါ။

သင့်လုပ်ငန်းကို နေရာအသစ်သို့ပြောင်းရွှေ့သွားလျှင်တောင် သင့်ဖောက်သည်များသည် သင့်ကို ရှာဖွေနိုင်ဆဲပင်ဖြစ်သည်။ ဤသို့လုပ်နိုင်ခြင်းမှာ သင့်လုပ်ငန်းအတွက် ဈေးကွက်ရှာဖွေရေး ကိရိယာဖြစ်သည့် လုပ်ငန်းတိုးတက်ခြင်းအတွက် အလွယ်တကူအသုံးပြုနိုင်သော သင်၏ Websiteကြောင့်ပင်ဖြစ်သည်။ သင့်ရဲ့ Websiteမှာပြောင်းလွယ်ပြင်လွယ်ဖြစ်သည့်အပြင် သင့် Website ကို ရှာဖွေရေးအင်ဂျင် Optimization စနစ်တကျပြုလုပ်ထားလျှင် သင့်၏ စီးပွားရေးလုပ်ငန်းကို သင့်ဖောက်သည်များက အလွယ်တကူရှာဖွေနိုင်လိမ့်မည်။

(၁၂) ဝန်ထမ်းအသစ်များ ရှာဖွေခြင်းအတွက် ကြီးမားစွာ အထာက်အကူဖြစ်ခြင်း။

သင့်လုပ်ငန်းတွင် ရရှိနိုင်သော အလုပ်အကိုင် အခွင့်အလမ်းနှင့် ပါတ်သက်ပြီး ရာထူးနှင့် လျှောက်ထားမှုများအတွက် Post တင်နိုင်ပါသည်။ Online ကို အသုံးချပြီး သင့်ကုမ္ပဏီတွင် လျှောက်ထားသူများကိုလည်း စစ်ဆေးနိုင်ပါသည်။

(၁၃) သင်၏ ကိုယ်ပိုင် Internet အထောက်အထားရှိလာခြင်း။

သင့်ကိုယ်ပိုင် Domain Name (eg-www.yourcompany.com) သည် အားကြီးသော အွန်လိုင်းအမှတ်တံဆိပ် ဝိသေသလက္ခဏာအဖြစ် တည်ရှိစေနိုင်သည်။

(၁၄) Email လိပ်စာ ပြုလုပ်နိုင်ခြင်း။

သင့်စိတ်ကြိုက်ပြင်ဆင်ထားသော Email လိပ်စာများကို သင်၏ လုပ်ငန်းအတွက်သော်လည်းကောင်း၊ သင်ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ သင်၏ ဝန်ထမ်းများအတွက်သော်လည်းကောင်း ပြုလုပ်တပ်ဆင်ထားနိုင်ပြီး ထိုလုပ်ငန်း Email များကို အသုံးပြု၍ ဖောက်သည်များနှင့် သော်လည်းကောင်း ၊ လုပ်ဖော်ကိုင်ဖက်များနှင့် သော်လည်းကောင်း၊ လုပ်ငန်းတိုးတက်မှု အခြေအနေ ကြေညာခြင်းများ အစရှိသည်ဖြင့် လုပ်ငန်းနှင့် ဆက်စပ်သည့် အကြောင်းအရာများကို သော်လည်းကောင်း အချိန်နှင့် တစ်ပြေးညီ ပြုလုပ် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

(၁၅) နည်းလမ်းနှစ်သွယ်ဖြင့် ဆက်သွယ်နိုင်ခြင်း။

သင့်ဖောက်သည်တွေသည် သင်နှင့် လွယ်ကူမြန်ဆန်စွာ ထိတွေ့ဆက်ဆံနိုင်ပါသည်။ ထုတ်ကုန်များအပေါ် Feedback ပေးနိုင်ပြီး ကုန်ပစ္စည်းများ ရယူနိုင်မှုအပေါ်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 (၁၆) ဈေးသက်သာစွာဖြင့် ဈေးကွက်ကို သုတေသန  ပြုလုပ်နိုင်ခြင်း။

စားသုံးသူ ဖောက်သည်တို့ကို အစဉ်တန်ဖိုးထားသောအားဖြင့် အကြံပြုချက်သဘောထားများ ကောက်ခံခြင်း၊ ခြုံငုံသုံးသပ်ခြင်းတို့ကိုလည်း Websiteတစ်ဆင့်ပြုလုပ်နိုင်ပါသည်။

(၁၇) သင့်လုပ်ငန်း၏ ဂုဏ်သတင်းကို ကောင်းစွာ တည်ဆောက်နိုင်ခြင်း။

ကျွမ်းကျင်မှု နှင့် အသိပညာကို ကောင်းစွာဖော်ပြထားခြင်းအားဖြင့် သင်၏ လုပ်ငန်းနယ်ပယ်အတွင်း ကျွမ်းကျင်သူများ ရှိနေပြီးသားဖြစ်သည်ဟု ပြသရာရောက်ပေလိမ့်မည်။ ဝင်ရောက်ကြည့်ရှုသူ ဖောက်သည်တို့အတွက်လည်း သင့်လုပ်ငန်းနှင့် ကမ်းလုမ်းချက်များအကြောင်း Knowledge ပေးနိုင်သော Blog Post နှင့် Articles များကိုလည်း ရေးသားဖော်ပြပေးထားနိုင်ပါသည်။

(၁၈) ဖောက်သည်များအတွက် ဝန်ဆောင်မှုများ တိုးတက်စေခြင်း။

သင့်လုပ်ငန်း၏ အကြောင်းခြင်းရာ အပြည့်အစုံကို Websiteတွင်တင်ထားခြင်းဖြင့် သတင်းအချက်အလက် တောင်းဆိုမူများကို နေ့ညမရွေး Online မှတစ်ဆင့် အလိုလျောက် တုန့်ပြန်သော စနစ်ကဲ့သို့ အကြောင်းပြန်နိုင်ခြင်းကြောင့် သင်၏ ဝန်ဆောင်မှုများကို ပိုမို ထိရောက်တိုးတက်စေပါသည်။

အိုင်တီ

Open More Online

Related Posts