ဦးနှောက်ရဲ့ အကျယ်အဝန်း

ဦးနှောက်ရဲ့ အကျယ်အဝန်း Brain Space (Part 1)

နိုင်ငံခြားမှာတုန်းက… အိမ်ရှေ့က စာတိုက်ပုံးလေးကို…နှစ်ရက်တစ်ခါလောက်သွား… သွား… သွားရှင်းနေရတာကလည်း အလုပ်တစ်ခုဖြစ်ပါတယ်။ မြန်မာပြည်မှာဆို… စာတိုက်ပုံးထဲကို တစ်လတစ်ခါလာတဲ့ မီတာစာရွက်နဲ့ အင်တာနက်ဘေလ် စာရွက်ပဲရှိတယ်လို့ တွေးမိပါသေးတယ်။ ဒီလောက် လျှပ်စစ်ပို့စနစ်…ထွန်းကားနေတဲ့ခေတ်ကြီးမှာ… သူတို့တိုင်းပြည်က… စာတိုက်လုပ်ငန်းကတော့…ကောင်းစွာ လည်ပတ်နေသေးတာကို အံ့ဩနေမိလို့ပါ…။

စာတိုက်ပုံးထဲမှာ ကုမ္မဏီတွေက ကြော်ငြာစာရွက်တွေလာတယ်။ သစ်ပင်ခုတ်မလား…၊ အဝတ်လျှော်စက်ပြင်မလား စသည်ဖြင့်…။ ငွေတောင်းခံလွှာတွေ…၊ ဘဏ်တွေ…၊ အစိုးရအဖွဲ့အစည်းတွေဆီက စာတွေ…၊ အလှူခံစာတွေ အများကြီးပါပဲ…။ တစ်ပတ်လောက်မရှင်းဘဲထားကြည့်လိုက်ရင် Overflowing ဖြစ်နေပြီ။

ဒါကြောင့် စာတိုက်ပုံးကို…ပုံမှန်ရှင်းပေးရတတ်တယ်။ ဒီစာကတော့ လိုအပ်တယ်…။ ဒါကတော့ မလိုဘူးစသည်ဖြင့်…ဆုံးဖြတ်ပြီး လက်ခံသင့်တာကိုလည်း လက်ခံရတယ်။ ငြင်းပယ်သင့်တာကိုလည်း ငြင်းပယ်ရတယ်။ စာတိုက်ပုံးလေးရှင်းတဲ့ကိစ္စကို အကြောင်းပြုပြီး ဦးနှောက်ဟာလည်း… ဒီသဘောမျိုးဆန်ဆန်… ရှိနေတာကို သတိထားမိပါတယ်။

တစ်ခါတလေကျတော့ ကျွန်မတို့ဟာ ကိစ္စရပ်တွေ တော်တော်များများကို ပြီးအောင်လည်းမလုပ်…၊ ဘယ်လိုလုပ်မယ်ဆိုတဲ့ နည်းလမ်းကို မရှာဘဲ…. ဘေးဖယ်ထားတာကနေ… အချိန်တစ်ခုကြာလာတဲ့အခါကျတော့ အားလုံးပြည့်လျှံ Overflowing ဖြစ်လာသလိုပါပဲ…။ ဘာလုပ်ရမှန်းကို မသိဘူး…။ စိတ်တွေ ရှုပ်ထွေးနေပြီဆိုတာ Overflowing ဖြစ်တာကနေ စတာပါပဲ…။

ဒီလို မဖြစ်အောင် လုပ်ရမဲ့… တစ်ခုတည်းသော နည်းလမ်းကတော Be Decisive ဆုံးဖြတ်နိုင်ဖို့ပဲ ဖြစ်ပါတယ်…။

တချို့တွေဟာ မဆုံးဖြတ်နိုင်ကြပါဘူး။ မဆုံးဖြတ်နိုင်သရွေ့ အတွေးတွေရဲ့ ဆွဲခေါ်ရာကို မျောပါသွားတတ်ကြပါတယ်။ အထူးသဖြင့်… အရေးကြီးပြီး ရှုပ်ထွေးတဲ့ ကိစ္စရပ် Important and Complex Issues တွေအတွက် ဆုံးဖြတ်ဖို့ လိုအပ်တဲ့အခါ ဘယ်အရာကို ဦးစားပေးရွေးချယ်ရမလဲဆိုတာကို သိဖို့လိုအပ်ပါတယ်။ ဆုံးဖြတ်နိုင်ဖို့ လိုပါတယ်…။

တစ်စုံတစ်ခုကို စိတ်စွမ်းအားသုံးပြီး လုပ်ဆောင်တာနဲ့အမျှ အဲဒီအရာတွေဟာ ပိုပြီး Powerful ဖြစ်လာ…၊ တန်ဖိုးကြီးလာတတ်ပါတယ်…။ ကမ္ဘာလောကကြီးက နေ့စဉ်နဲ့အမျှ… ကျွန်မတို့ကို တောင်းခံနေတာဟာ Mental Energy လို့ခေါ်တဲ့ စိတ်စွမ်းအင်ကိုပဲ ဖြစ်ပါတယ်။

ဒီ Email လေးကို ဖတ်ကြည့်ပါ။ ဒီ Notification လေးကို ဖွင့်ကြည့်ပါ။ ဒီဓာတ်ပုံလေးကို Like လုပ်လိုက်ပါ။ ဒီ Recipe လေးကို စားကြည့်ပါ။ ဒီ Product အသစ်လေးကို သုံးကြည့်ပါ။ ဒီ သတင်းလေးကို ဖတ်ကြည့်ပါ… ဆိုတာတွေဟာ… ကျွန်မတို့ သတိမထားမိဘဲ နေမိရင် အချိန်တွေကုန်…မျောပါသွားသလို Mind Space စိတ်ရဲ့နေရာတွေ၊ Brain Space ဦးနှောက်ရဲ့ နေရာတွေ အလဟဿ ဖြစ်သွားစေတဲ့ တောင်းဆိုမှုတွေပဲ ဖြစ်ပါတယ်။

အပိုင်း(၂) အား ဆက်လက်ဖတ်ရှုရန် >> ဦးနှောက်ရဲ့ အကျယ်အဝန်း Brain Space (Part 2)

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts