ဦးနှောက်ရဲ့ အကျယ်အဝန်း

ဦးနှောက်ရဲ့ အကျယ်အဝန်း Brain Space (Part 2)

ကျွန်မတို့ အာရုံထားမိတဲ့ အရာတွေရဲ့ပုံစံမျိုးတွေပဲ ကျွန်မတို့ ဖြစ်လာကြတာများတယ်။ ကိုယ့် ဘဝတစ်သက်တာလုံးမှာ စုပ်ယူခဲ့တဲ့…၊ မျောပါခဲ့တဲ့…၊ သင်ယူခဲ့တဲ့ အတွေ့အကြုံတွေကနေ ကျွန်မတို့ဟာ ကြီးပြင်းလာခဲ့ကြပါတယ်။

လူတွေသတိမထားမိတာက ကန့်သတ်မှုရှိနေတဲ့ စိတ်စွမ်းအင်တွေကိုပါပဲ။ ကျွန်မတို့ သုံးနိုင်တဲ့ ပမာဏ Bandwidth ကို ကျော်သွာတဲ့အခါမှာ… စိတ်တွေ…၊ ဦးနှောက်တွေ ဆက်ပြီးအလုပ်မလုပ်နိုင်တော့ဘဲ… ခြေကုန်လက်ပန်းကျသွား တတ်ပါတယ်။ ခေါင်းတွေကိုက်လာတယ်…။ ခြေလက်မသယ်ချင်ဖြစ်လာတယ်။

တကယ်တော့ ကျွန်မတို့ရဲ့ သဘာဝဟာ ကိုယ်သွားစေချင်တဲ့ လမ်းကြောင်းအတိုင်း သွားမနေခဲ့ဘူးဆိုရင် အဲဒါဟာ ကျွန်မတို့ရဲ့စိတ်စွမ်းအင် အရင်းအမြစ် Energy Resources ဘယ်ကိုသွားနေသလဲဆိုတာကို…ကျွန်မတို့ သတိမမူမိတဲအတွက် ဖြစ်ပါတယ်။

တစ်ခါတစ်လေကျတော့…ကျွန်မတို့ဟာ ခေါင်းကို မလိုအပ်ဘဲ… အရမ်းသွားသုံးနေမိတာမျိုးတွေ ရှိတတ်ပါတယ်။ တစ်နေ့…တစ်နေ့ကို…မိုးလင်းအိပ်ယာထကနေ အိပ်ယာဝင်သွားတဲ့အထိကို… ကျွန်မတို့ စဉ်းစားနေတတ်ကြပါတယ်။

နေ့တိုင်းလုပ်နေကျ… အလုပ်တွေတောင်မှ…ဦးနှောက်ရဲ့ နေရာအတော်များများကို ယူတတ်ကြပါတယ်။ Even small routine tasks can occupy a lot of brain space.

မနက်ဆိုရင် မုန့်ဟင်းခါးစားမလား…၊ ထမင်းကြော်လား…၊ အုန်းနို့ခေါက်ဆွဲလား…၊ ဘာစားမလဲ…ဆိုတာ စဉ်းစားရပြီ…။ လက်ဖက်ရည်သောက်မယ်ဆို…ချိုဆိမ့်လား…၊ ပေါ့ဆိမ့်လား…၊ ကိုယ့်ကိုကိုယ် မေးရပြီ…။ အလုပ်သွားရင် ဘာဝတ်ရမလဲ…ဒီနေ့မိုးရွာမှာလား…၊ ထီးယူသွားရမှာလား…ဒီကြားထဲ… ဒီနေ့ မနက်ဖြန်နေကြတဲ့ပွဲမှာ…၊ ဘယ်သူမှန်လဲ…၊ ဘယ်သူမှားလဲ… ဘယ်သူက ဘာတွေ… ဆက်တင်နေသေးလဲ… စသည်ဖြင့်ပါ။

တစ်နေ့တာရဲ့… အရေးကြီးတဲ့ အလုပ်ကိစ္စတွေ စကားပြောဆိုမှုတွေ… အတွက် ဆုံးဖြတ်ရတာ မပါသေးပါဘူး…။ ဒါပေမဲ့… အဲဒီ အသေးအဖွဲ လေးတွေနဲ့… ကိုယ့်ဘဝရဲ့ ဘယ်လိုမှ သက်ဆိုင်ခြင်းမရှိတဲ့ သူများကိစ္စတွေ စဉ်းစားအဖြေရှာ… စပ်စုနေရတာနဲ့တင် ခေါင်းတွေ အတော်ရှုပ်သွားရပါပြီ…။

ဒါတွေကို စုပ်ထုတ်ပစ်လိုက်ဖို့လိုပါတယ်…။ မလိုအပ်တဲ့အရာတွေ… အကျိုးမရှိတဲ့ အရာတွေကို Vent လုပ်လိုက်ပါ…။ စိတ်ထဲမှာ လေးပင်နေတဲ့ အရာတွေကို Unload လုပ်ပစ်ရပါမယ်။ ဝန်လျော့ပေးရပါမယ်။ မိနစ် သုံးဆယ်လောက် အဲဒီအရာတွေ…၊ ကိုယ့်ကို ကလိနေတဲ့ အတွေးတွေ… Nagging Thoughts တွေကနေ ဝေးဝေးနေပြီ… ကိုယ့်ရဲ့စိတ်ကို ပြန်ပြီး Reset ချကြည့်ပါ…။

သွက်လက်ချင်တယ်ဆို ပေါ့ပါးအောင် နေတတ်ဖို့လိုပါတယ်…။ အရေးကြီးတာ… အကျိုးရှိတာကိုပဲ တွေးမယ်လို့ ဆုံးဖြတ်လိုက်ပါ…။ Be Decisive! စိတ်စွမ်းအင်ဟာ… ဘယ်လောက်ထိ တန်ဖိုးရှိတယ်ဆိုတာ မမေ့ပါနဲ့…။ ဦးနှောက်ရဲ့ သိုလှောင်သိမ်းဆည်းနိုင်မှု နေရာအကျယ်အဝန်း Storage Space ဟာ… အကန့်အသတ်ရှိတယ်ဆိုတာ မမေ့ပါနဲ့…။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts