အပြုသဘောတွေးခေါ်မှုဆိုတာ

အပြုသဘောတွေးခေါ်မှုဆိုတာ ဘာလဲ

အပြုသဘောတွေးခေါ်မှုဆိုတာ ဘာလဲ

အပြုသဘောတွေးခေါ်မှုမှာ သင့်ထံ၌ရှိနေသော အတွေးများထက် ပိုမိုကောင်းမွန်သော အတွေးများအကြောင်းပင် ဖြစ်သည်။ ထိုကိစ္စသည် ဘဝကို အလုံးစုံချဉ်းကပ်နည်းလည်း ဖြစ်သည်။ မည်သည့် အခြေအနေမျိုး၌မဆို အပျက်သဘောထက် အပြုသဘောများ အပေါ်၌သာ အာရုံစူးစိုက်ထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် မိမိကိုယ်ကို အမြဲတမ်းနှိမ့်ချနေမည့်အစား အကောင်းမြင်သဘောနှင့် စဉ်းစားတွေးတောနေရန်ပင် ဖြစ်သည်။

ဆိုလိုသည်မှာ အခြားပုဂ္ဂိုလ်များ၏ ကောင်းကွက်များကိုသာ တွေးတောခြင်း၊ ၎င်းတို့အား အပြုသဘောဆန်စွာ ဆက်ဆံခြင်းတို့ပင် ဖြစ်သည်။ ဆိုလိုသည်မှာ ဤလောကကြီးထံမှ အကောင်းဆုံးတို့ကိုသာ ရရှိလိမ့်မည်ဟု မျှော်လင့်ထားရန်နှင့် ဤလောကကြီးကလည်း သင့်ကို ထိုကဲ့သို့ ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်စိတ်ချထားရန်ပင် ဖြစ်သည်။

အပြုသဘောနှင့်နေထိုင်ခြင်း

အပြုသဘောတွေးခေါ်သူများသည် အတိတ်ကို နောင်တရမှု အစား စိတ်ကျေနပ်မှု အပြည့်အဝနှင့် သမင်လည်ပြန် ကြည့်လေ့ရှိကြသလို အနာဂတ်ကိုလည်း မျှော်လင့်ချက်၊ ယုံကြည်မှု အပြည့်အဝ ကြည့်လေ့ရှိကြ၏။

မောင်မြင့်ကြွယ် ဘာသာပြန်ဆိုထားသော မရှိမဖြစ် အပြုသဘောဆောင်သော အကောင်းမြင်စိတ်သဘောထား စာအုပ်မှ ကူးယူဖော်ပြသည်။

#OpenYourBusinessOnline

Related Posts