စိတ်ဖိစီးမှုတွေကို လျှော့ပါ

အောင်မြင်အောင် နေ့မအားညမအား ကြိုးစားတဲ့အခါ မလွဲမသွေ စိတ်ဖိစီးမှုတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ စိတ်ဖိစီးမှုတွေကို နည်းမျိုးစုံသုံးပြီး‌ လျှော့ပါ။ စိတ်ဖိစီးမှုတွေကို မလျှော့နိုင်ပါက ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ ခက်ခဲပါလိမ့်မယ်။ သီချင်းနားထောင်ပြီး စိတ်ကိုအနားပေးပါ။ ခရီးထွက်ပါ။ တင်းနေတဲ့ အာရုံကြောတွေပြေလျော့သွားအောင် အနှိပ်ခံပါ။ လမ်းလျှောက်ပါ။ စိတ်ဖိစီးမှုများရင် အကြံကောင်းဉာဏ်ကောင်းတွေ မရနိုင်တဲ့အပြင် တီထွင်နိုင်မှုစွမ်းရည်တွေလည်း ကျကုန်ပါတယ်။

အကောင်းဆုံးအနားယူဖို့အချိန်ကတော့ အနားယူဖို့ အချိန်မပေးနိုင်တဲ့အချိန် ဖြစ်ပါတယ်။
Sydney J.Harris

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

အတွေးအခေါ်

Related Posts