Tiger and Deer

စိတ်ဓာတ် မလျှော့လိုက်ပါနဲ့

လူတစ်ယောက်တွင် အရေးကြီးဆုံးမှာ ဇွဲ၊ လုံ့လ၊ ဝီရီယတို့အပြင် စိတ်ဓာတ်သည်လည်း ပါဝင်သည်။ ဥပမာပြရမည်ဆိုလျှင် သမင်ရဲ့ပြေးနိုင်တဲ့အမြန်နှုန်းက ၁နာရီမှာ ၉၀ကီလိုမီတာ ရှိတယ်။ ကျားရဲ့ ပြေးနိုင်တဲ့အမြန်နှုန်းက ၁နာရီမှာ ၅၉ကီလိုမီတာပဲရှိတယ်။ ဒါပေမယ့်လဲ များသောအားဖြင့် ကျားက သမင်ကိုလိုက်ရင် သမင်လေးခမျာ ကျားပါးစပ်ထဲ ရောက်ရောက်သွားတယ်။

ဘာကြောင့်လဲဆိုတာ စဉ်းစားဖူးသလား ? အဖြေကတော့ သမင်က ကျားလိုက်လို့ပြေးပြီဆိုရင် စိတ်အားငယ်သွားလေ့ရှိတယ်။ “ကျားကအင်အားကြီးတယ် ငါ့ကိုလွှတ်မှာမဟုတ်ဘူး။” ဆိုပြီး ပြေးရင်းနဲ့ “ငါနဲ့သူ အကွာအဝေး ဘယ်လောက်ပဲ ကျန်တော့တယ်”ဆိုတာ တွေးတော စဉ်းစားလေ့ရှိတယ်။ ကျားကတော့ “ဒီကောင် ငါ့အရှေ့ဘာမို့လဲ ရကိုရနိုင်ရမယ်” ဆိုတဲ့ စိတ်ဓာတ်နဲ့ လိုက်တော့ များသောအားဖြင့် ရသွားလေ့ရှိတယ်။ သူ့ရဲ့ စိတ်ဓာတ်ဟာ သူ့ရဲ့ ပြေးနုန်းကိုလျှော့စေ၊ မြန်စေလိုက်တယ်

ပေးချင်တဲ့ Message လေးကတော့
ဘဝရဲ့ခြေလမ်းတိုင်းမှာ အဓိက စိတ်ဓာတ်ပါပဲ။ အင်အားတစ်ခုထဲနဲ့ မဖြစ်ပါဘူး။

အတွေးအခေါ် စာစုလေးများမှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts