ယုံကြည်မှု

ယုံကြည်မှုကြောင့် ကောင်းကျိုး သက်ရောက်ခြင်း

ယုံကြည်မှုကြောင့် ကောင်းကျိုးခံစားရသည့် ဒဏ္ဍာရီတစ်ခုရှိခဲ့သည်။ ယင်းမှာ ဂရိဒဏ္ဍာရီမှ လူပုကလေးတစ်ယောက်၏ ယုံကြည်မှုပြင်းထန်မှုကို ဖော်ပြခြင်းဖြစ်သည်။ လူပုကလေးဟာ ပန်းပုဆရာတစ်ဦးဖြစ်ပြီး ဆင်စွယ်ဖြင့် အမျိုးသမီးတစ်ဦး၏ပုံကို ထွင်းထုခဲ့သတဲ့။ လူပုကလေး ထွင်းထုခဲ့တဲ့ ဆင်စွယ်သားအမျိုးသမီး ရုပ်ထုဟာ အသက်ဝင်လှပလွန်းနေလို့ လူပုကလေးက သူထုထားတဲ့ ရုပ်ထုကို အလွန်နှစ်သက် စွဲလမ်းလျက်ရှိသတဲ့။ လူပုကလေးက နေ့စဉ်နေ့တိုင်း ပန်းတွေယူလာပြီး ရုပ်ထုကို အလှဆင်ပေးလေ့ရှိတယ်၊ သူကနေ့ရောညပါ အဲဒီအမျိုးသမီးရုပ်ထု အနားမှာပဲ အချိန်ကုန်ဆုံးလေ့ရှိတာပေါ့။

လူပုကလေးအနေနဲ့ ဒီအမျိုးသမီးရုပ်ထုကို တကယ့်လူလို သဘောထားပြီး နှစ်သက်မြတ်နိုး နေခဲ့တယ်။ လူပုကလေးက နေ့စဉ် ဆုတောင်းလေ့ရှိတယ်။ သူ့ဆုတောင်းကတော့ သူဆင်စွယ်နဲ့ ထုထားတဲ့ အမျိုးသမီးရုပ်ထုက တကယ့်လူအဖြစ်နဲ့ အသက်ဝင်လာဖို့ပေါ့။ ဒီလိုနဲ့ ကံကောင်းတဲ့ တစ်နေ့မှာတော့ သူဆုတောင်းထားတဲ့အတိုင်း ဆန္ဒပြည့်ဝအောင် နတ်ဘုရားမ ဗီးနပ်စ်က ရုပ်ထုကို အသက်သွင်း ပေးလိုက်ပါတော့တယ်။ အမျိုးသမီးရုပ်ထုက အမှန်တကယ် အသက်ဝင်လာပြီဆိုတော့ လူပုကလေးက အလွန်အမင်းဝမ်းမြောက်ပြီး တစ်ချိန်က ရုပ်ထုဖြစ်ခဲ့တဲ့ အဲဒီအမျိုးသမီးနဲ့ ပျော်ရွှင်စွာ လက်ထပ်လိုက်သတဲ့။

ဒီပုံဝတ္တုလေးဟာ လူပုကလေးရဲ့ ယုံကြည်မှုစွမ်းအားတွေက လက်တွေ့မှာ အမှန်တကယ် ဆန္ဒပြည့်ဝစေတယ်ဆိုတာကို အဓိကပြောချင်တာပါ။ တကယ်တော့ ဂရိဒဏ္ဍာရီထဲက လူပုလေးဟာ အမှန်တကယ် ဆန္ဒရှိတဲ့အတိုင်း ယုံကြည်ချက်အတိုင်း ဆုတောင်းလိုက်လို့ နတ်ဘုရားမက ကြားထဲကနေ မနေနိုင်ဘဲ အကူအညီပေးရတဲ့အထိ ဖြစ်လာတာကို ပြောချင်တာပါ။

အထက်ပါပုံပြင်လေးဟာ ဘယ်အရာကိုမဆို မကောင်းတဲ့ဘက်ကမတွေးဘဲ ကောင်းတဲ့ဘက်ကနေ ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည်ရှိနေမှသာ ဆန္ဒတွေပြည့်ဝပြီး ပျော်ရွှင်မှုတွေ ရရှိလာမှာ ဖြစ်ပါတယ်လို့ ပညာပေးထားတာပါ။ မကောင်းသောစိတ်ကူး အတွေးအခေါ်များအား ဖယ်ရှားပေးနိုင်သည့် နောက်တစ်နည်းမှာ စိတ်ကူးအတွေးအခေါ်နှင့် ခံစားချက်များအား မလိုလားအပ်ဘဲ မကြီးထွားစေရန် သတိပြု ဆင်ခြင်ရသော နည်းလမ်းတစ်ခုဖြစ်သည်။
မကောင်းသောစိတ်ကူး အတွေးအခေါ်များသည် ကျွန်ုပ်တို့ဘက်မှ ခွင့်ပြုလျှင် ခွင့်ပြုသလို အချိန်မရွေးကြီးထွားပြီး ဒုက္ခပေးတတ်ကြသည်။

အကယ်၍ စိတ်ခံစားချက်များပါ မကောင်းခဲ့ပါက အချိန်ကြာလာသည်နှင့်အမျှ အဆိုးမြင် ဝါဒီဘဝသို့ ရောက်ရတတ်သည်။ မကောင်းသောစိတ်ကူး အတွေးအခေါ်များသည် ကျောင်းအတွင်း (သို့) အလုပ်ခွင်အတွင်းတို့၌ အခြေအနေတစ်ရပ်အပေါ် မူတည်၍ ဖြစ်ပေါ်လာရသည်။ အကယ်၍ မိမိထံ၌ မကောင်းသောစိတ်ကူး အတွေးအခေါ်များ စဉ်ဆက်မပြတ် ရှိနေသည်ကို ကိုယ်တိုင်သိရှိရပါက အနီးကပ်ဆုံး အကြောင်းသိ သူငယ်ချင်း (သို့) အတွေးအခေါ် ကောင်းသော သူငယ်ချင်းများ၏အကူအညီ အကြံဉာဏ်ရယူကာ ပြဿနာအရပ်ရပ်ကို ဖြေရှင်းပေးသင့်သည်။

အောင်လှိုင် ဘာသာပြန်သော Why Worry ? Be Happy ! စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts