အေရိုးဘစ်

အေရိုးဘစ် နှင့် ကိုယ်လက်လှုပ်ရှားအားကစား

ခန္ဓာကိုယ်ကြွက်သားများ ကျုံ့စေသော (ဝါ) ခန္ဓာကိုယ်အစိတ်အပိုင်းများကို လှုပ်ရှားစေသော မည်သည့် ကာယလေ့ကျင့်မှုအဆို ခန္ဓာကိုယ်၏ ကျန်းမားရေးအတွက် ကောင်းမွန်သည်သာ ဖြစ်သည်။ သို့ရာတွင် နှလုံးနှင့် အဆုတ်ကို သန်မာစေသည့် နှလုံးအားကို မြင့်တက်စေပြီး တစ်ကိုယ်လုံးရှိ ကိုယ်အစိတ်အပိုင်းအားလုံးကို အောက်စီဂျင် (ဝါ) ကောင်းသောသွေး ပိုရောက်စေသည့် ကာယလှုပ်ရှားမှုများသည် ပို၍ လူကို သွက်လက်ဖျတ်လက် သန်မာစေသည်။ ခန္ဓကိုယ် အလေးချိန် မှန်စေ၍ ဝသူများကို ပိန်စေသည်။ ယင်းလေ့ကျင့်ခန်းများကို အေရိုးဘစ် လေ့ကျင့်ခန်းများဟု ခေါ်၏။

ယင်းအေရိုးဘစ်လေ့ကျင့်ခန်းများမှာ . . .

  1. ခရီးဝေးလမ်းလျှောက်ခြင်း (Hiking)
  2. မမြန်မနှေးပြေးခြင်း (Jogging)
  3. ပြေးခြင်း (နေရာအရွေ့) (Running)
  4. ကြိုးခုန်ခြင်း (Rope Jumping)
  5. စက်ဘီးစီးခြင်း(နေရာမရွေ့)
  6. လှေလှော်ခြင်း
  7. အေးသောနိုင်ငံများ၌ ရေခဲစကိတ်စီးခြင်း (Skating)
  8. အေးသောနိုင်ငံများ၌ ရေခဲဟော်ကီကစားခြင်း (Ice Hockey)

ယင်း အေရိုးဘစ် အားကစားများသည် နှလုံးခုန်နှုန်းကို တစ်မိနစ်လျှင် အကြိမ်၁၀၀ထက် ကျော်လွန်၍ ခုန်စေ၏။ ခန္ဓာကိုယ်က ကယ်လိုရီ၃၅၀၀ အသုံးပြုတိုင်း ကိုယ်အလေးချိန် တစ်ပေါင်ကျပါသည်။ အေရိုးဘစ်လေ့ကျင့်ခန်းမျာကို တစ်ပတ်လျှင် မှန်မှန်အနည်ဆုံး သုံးကြိမ်ပြုလုပ်မှ အကျိုးရှိပါသည်။

ဒေါက်တာမောင်မောင်ညို ရေးသားသည့် “မိန်းမရောဂါများနှင့် နောက်ဆုံးပေါ်ဆေးများ” စာအုပ်မှ ကူးယူဖော်ပြပါသည်။

OpenYourBusinessOnline

Related Posts