အိပ်ရေးဝဝ အိပ်ပါ

အိပ်ရေးဝဝ အိပ်ပါ

ဖွံ့ဖြိုးတိုးတက်လိုသူတစ်ယောက်အတွက် အိပ်ရေးဝဝအိပ်ဖို့ဟာ မရှိမဖြစ် လိုအပ်တယ်။ သာမန်လူတစ်ဦးဟာ တစ်ရက် ပျှမ်းမျှ အိပ်ချိန် (၆)နာရီမှ (၈)နာရီခန့်အထိ လိုအပ်ပါတယ်။ ကလေးသူငယ် လူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကတော့ ဒီထက်မက လိုအပ်ပါတယ်။
          အိပ်ရေးဝဝ အိပ်မှသာလျှင် ဆုံးဖြတ်ချက်မှန်ပါတယ်။ တစ်ခါတစ်ရံ အရှုံးအနိုင်၊ သေရေးရှင်ရေးက ဆုံးဖြတ်ချက်တွေအပေါ် မူတည်တာဖြစ်တဲ့အတွက် အိပ်ရေးဝဖို့က အရေးကြီးတာ ဖြစ်တယ်။ ကောင်းတာကတော့ စောစောအိပ်ပြီး စောစောထတာ ကောင်းတယ်။ စောစောထတာက သန့်ရှင်းသောလေကို ပိုရတယ်။ အောက်စီဂျင်များတဲ့လေကို ပိုရတယ်။ အောက်စီဂျင်ဟာ ဦးနှောက်အတွက် အဓိကလိုအပ်တော့ ဦးနှောက်ရဲ့အရည်အသွေးက ပိုတက်လာတယ်။
          အခုခေတ်မှာက စောစောအိပ်ဖို့ရာ သိပ်တော့မလွယ်ကူဘူး။ တယ်လီဖုန်းတွေ၊ တက်ဘလက်တွေ၊ ကွန်ပျူတာတွေနဲ့ အင်တာနက် သုံးရတာလွယ်တော့ အိပ်ချိန်နည်းလာကြတာ များတယ်။ ဒါကြောင့် အထူးသတိထားကြရမှာက ဒီအီလက်ထရွန်းနစ်ပစ္စည်းတွေကို ဘယ်အချိန်ထိပဲ သုံးမယ်ဆိုတာမျိုးကို မိမိကိုယ်မိမိ ကန့်သတ်ထားဖို့ လိုအပ်ပါတယ်။
          နောက်တမျိုးက ပျော်ရွှင်ဖို့ အတွက် ညပိုင်းမှ အသက်ဝင်တဲ့ ကာရာအိုကေ၊ နိုက်ကလပ်တွေကို သွားခြင်းပါပဲ။ တစ်ခါတစ်ရံသွားပြီး အိပ်ရေးပျက်တာ ပြဿနာမရှိပေမယ့် အမြဲတမ်းဆိုရင် မိမိရဲ့ကျန်းမာရေး၊ မိသားစုနဲ့ လုပ်ငန်းတွေကို ထိခိုက်လာနိုင်ပါကြောင်း ရေးသားလိုက်ရပါတယ်။

ခင်မောင်လွင်၏ လွတ်လပ်သောလူသား စာအုပ်မှ ကူးယူဖော်ပြသည်။

#OpenYourBusinessOnline

Related Posts