hapeye

  တည်ကြည်ဖြောင့်မတ်တဲ့ လူသားတစ်ဦးဖြစ်လာဖို့၊ ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်မှုအတွက် လိုအပ်တဲ့ အခြေခံမူတွေထဲက ရိုးသားခြင်းဟာ အလွန်အရေးကြီးတယ်။ လူတွေမှာ ရိုးသားသူများနဲ့ ရိုးရှင်းသူများဆိုပြီး (၂)မျိုး ရှိတယ်။ ရိုးသားခြင်းနဲ့ ရိုးရှင်းခြင်း ကွာခြားချက်ကို သိရမယ်။
          ရိုးရှင်းသူဆိုတာကို အင်္ဂလိပ်လိုအားဖြင့် လို့ခေါ်ပါတယ်။ ရဲ့အနက်ကတော့ လို့ဆိုပါတယ်။ ဆိုလိုတဲ့ သဘောကတော့ စဉ်းကိုမစဉ်းစားလိုတော့သူတွေ၊ အပြောင်းအလဲတစ်ခုလည်း မလုပ်လိုတော့သူတွေကို ခေါ်တာဖြစ်ပါတယ်။ တချို့လူသားတွေဟာ စဉ်းစားပြီးလုပ်ရမယ့် ကိစ္စမျိုးဆိုရင် ဘာမှမလုပ်လိုတော့ပါ။ သူတစ်ပါးပြောတာကို အကုန်ယုံတယ်။ သူတစ်ပါးခိုင်းတာ အကုန်လုပ်တယ်။ မိမိက ဦးဆောင်ဖို့ မစဉ်းစား။ သူများနောက်လိုက် အဖြစ်နဲ့သာ နေလိုသူများ ဖြစ်ပါတယ်။ တချို့လူများကတော့ အပြောင်းအလဲဆိုလို့ ဘာမျှမလုပ်လိုတော့ပါ။ အစားအသောက် စားတဲ့နေရာမှာလည်း ဒီနေ့ ဒါပဲစားမယ်၊ မနက်ဖြန်လည်း ဒါပဲစားမယ်၊ တစ်သက်လုံးလည်း ဒီလိုပဲ စားတာပါပဲ။ ဘယ်ကိုမှလည်း သွားဖို့ မစဉ်းစားဘူး။ ဒီနေရာမှာ မွေးတယ်၊ ဒီနေရာမှာပဲ သေမယ်။
          ဒီလို မစဉ်းစားလိုသူများနဲ့ မပြောင်းလဲလိုသူများမှာ အဓိက ဖြစ်လေ့ရှိတဲ့ လက္ခဏာကတော့ ပျင်းရိခြင်းပဲ ဖြစ်ပါတယ်။ ပျင်းရိသူများ ဖြစ်တဲ့အတွက် ဘာကိုမှ စိတ်အားထက်သန်စွာ လုပ်ဆောင်ခြင်း၊ ကြိုးပမ်းခြင်း မရှိပါဘူး။ ဒီလိုလူများအတွက် နောက်ဆက်တွဲ လိုက်ပါလာတာက လို့ခေါ်တဲ့ ဆင်းရဲမွဲတေခြင်းသာ ဖြစ်တယ်။ ဆင်းရဲမွဲတေခြင်းဟာ ကူးစက်ရောဂါ ဖြစ်တယ်။ မိမိ ဆင်းရဲသွားပြီဆိုတာနဲ့ မိမိရဲ့သွေးပါတဲ့ မျိုးဆက်တွေမှာ ခံစားကြရတော့မှာပါပဲ။ နောက်. . .ကျန်းမာရေး ထိခိုက်လာချိန်မှာတော့ ကုသဖို့နေနေသာသာ ရောဂါရှာဖွေဖို့တောင် ဝင်ငွေကမရှိ၊ စောင့်ရှောက်သူများ ကင်းဝေးစွာနဲ့ နာကျင်မှုဝေဒနာတွေကို အလူးအလဲ ခံစားကြရပါတော့တယ်။
          ဒါဟာ ရှင်နေရက်နဲ့ ငရဲကျနေတဲ့ လို့တောင် ဆိုနိုင်ပါတယ်။ ပျင်းရိသူတွေ ဖြစ်တာနဲ့အညီ ဒီလိုလူမျိုးတွေဟာ အလကားရတာတွေကိုသာ တောင့်တနေလေ့ရှိတယ်။ တောင်းစားဖို့ပဲ စဉ်းစားနေပါတယ်။ အခွင့်အရေးကိုသာ စောင့်နေတယ်။ ကိုယ်က ဘာတစ်ခုမှ တတ်အောင် မကြိုးစားလိုတော့ပါ။ ဒါကြောင့် အမြဲတစေ ကြောက်ရွံ့မှုတွေနဲ့သာ နေထိုင်ကြရပါတယ်။ ဘဝမှာ ရှင်သန်ရသည့်အကြောင်း ပျောက်ဆုံးခြင်းတွေ ဖြစ်လာပါတယ်။
          ဒါဆိုရင် ရိုးသားခြင်း ဆိုတာကကော ဘာပါလဲ။ ဆိုတာက လို့ဆိုပါတယ်။ မြန်မာလိုအနက်ကို ပြောရရင်တော့ အမှန်တရားကို အမြဲပြောခြင်း၊ ဘယ်သောအခါမှ မခိုးခြင်း၊ ဘယ်တော့မှ မလိမ်လည်ခြင်း၊ မလှည့်စားခြင်းများ ဖြစ်ပါတယ်။ အမှန်တရားကို ပြောသူတွေ၊ မခိုးသူတွေါ မိမိအလုပ်ကို မှန်တယ်လို့ ပြင်းပြင်းပြပြ ယုံကြည်သူတွေမှာ ဖြစ်ပေါ်လာတာက သတ္တိဖြစ်ပါတယ်။ ဒီသတ္တိပေါ်လာတာနဲ့ ဇွဲက လိုက်လာပါတယ်။ ဒါကြောင့် ရိုးသားသူတွေဟာ အလုပ်ကြိုးစားသူတွေ ဖြစ်လာပါတယ်။ အလုပ်ကြိုးစားသူတွေဖြစ်တဲ့အတွက် အောင်မြင်မှုတွေ ရတယ်။ အခက်အခဲတွေကို ကျော်လွှားနိုင်ကြတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေ တိုးလာတယ်။ ပိုသိလာတယ်။ ဒါကြောင့် ပိုကောင်းတဲ့ အလုပ်တွေကို လုပ်လာနိုင်ကြပါတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်တဲ့ ဘဝတွေကို ရရှိလာကြတာ ဖြစ်ပါတယ်။ ရိုးသားသူတွေဟာ ဘဝမှာ ရှင်သန်ရသည့်အကြောင်း တိတိကျကျရှိပြီး အဲဒီပန်းတိုင်ကို အရောက်သွားနိုင်ကြပါတယ်။
          လူသားတွေဟာ အရောင်းအဝယ်လုပ်ငန်းတွေကို အမြဲတစေ လုပ်ဆောင်နေရမှာ ဖြစ်တယ်။ ဝယ်တာလည်း ဝယ်တတ်အောင်၊ ရောင်းတာလည်း ရောင်းတတ်အောင် အမြဲလေ့လာသင်ယူနေရမှာ ဖြစ်တယ်။ အရောင်းအဝယ်တတ်သူများဟာ လူ့ဘဝမှာ ကောင်းကောင်းမွန်မွန် နေရတယ်။ အရောင်းအဝယ် မတတ်သူများဟာ လူ့အသိုင်းအဝိုင်းရဲ့ ဝေးရာကို စွန့်ခွာလိုသူများ ဖြစ်တဲ့အတွက် အသိဉာဏ်နည်းပါးသူများ ဖြစ်လာတယ်။ အရောင်းအဝယ်လုပ်ခြင်းဟာ အမြတ်အစွန်းရရှိဖို့လုပ်တာ ဖြစ်တဲ့အတွက် လူအတော်များများက မရိုးသားတဲ့အလုပ်၊ လိမ်ညာရတဲ့ လုပ်ငန်းလို့ ထင်မြင် ယူဆလေ့ ရှိတယ်။ ဒီအမြင်ဟာ လုံးဝမှားယွင်းတဲ့ အမြင်ဖြစ်တယ်။ အရောင်းအဝယ် လုပ်သူတွေအတွက် ရိုးသားမှုဟာ အရေးကြီးဆုံး ဖြစ်တယ်။ ဝယ်ယူသူ ဖောက်သည်များဟာ ရိုးသားတဲ့ ရောင်းဝယ်သူများထံမှ အမြဲဝယ်ယူလိုလေ့ ရှိတယ်။ မရိုးသားတဲ့ လုပ်ငန်းများဟာ ရေရှည်မှာ ပြိုကျပျက်စီးကုန်တာချည်းပါပဲ။
          လူသားဆိုတဲ့ အဓိပ္ပာယ်က ပြောင်းလဲနေခြင်း သဘောဖြစ်တယ်။ ပြောင်းလဲတတ်တဲ့ သဘောရှိတဲ့အတွက် လူသားတွေကို လေ့ကျင့်ပေးလို့ရတယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာ ရှိတဲ့အတွက် လူသားတွေကို လေ့ကျင့်ပေးလို့ ရတယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာ ရှိတဲ့ လူသားတွေ မရိုးသားတော့ဘူးဆိုရင် ဒီလူ့အဖွဲ့အစည်းရဲ့ တန်ဖိုးတွေ မှားယွင်းနေတာပဲဖြစ်ဖြစ်၊ လူသားတွေကို ပုံသွင်းလေ့ကျင့်ပေးနေတာပဲဖြစ်ဖြစ် မှားယွင်းနေလို့ ဖြစ်တယ်။ မှားယွင်းခြင်းဆိုတာ လူသားတွေအတွက် ဖြစ်တယ်။ မှားတာသိရင် ပြန်ပြင်နိုင်ရမယ်။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် မိမိကိုယ်တိုင်က အစွမ်းကုန် ရိုးသားရမယ်။

ခင်မောင်လွင်၏ လွတ်လပ်သောလူသား စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts