အမှားကင်းသောဘဝ

ကျွန်တော်အသက်ကြီးပါပြီ။ ကျွန်တော့် အတိတ်ကလုပ်ခဲ့မိတာတွေကိုပြန်သုံးသပ်နေမိတယ်။ အမှားတွေအများကြီးလုပ်ခဲ့မိတယ်။ ဘာလို့ဒီအမှားတွေလုပ်ခဲ့မိတာလဲဆိုတဲ့ မေးခွန်းကိုကိုယ့်ကိုယ်ကို ပြန်မေးကြည့်နေမိတတ်တယ်။ အမှန်တွေဘာလို့မလုပ်မိတာလဲလို့ ပြန်စဉ်းစားနေမိတတ်တယ်။ 

ကျွန်တော်တို့ကလေးဘဝ ငယ်စဉ်ကအမှားတစ်ခုခု လုပ်တော့မယ်ဆိုရင် မိဘတွေကကြိုတင်သတိပေးကြတယ်။ ကျွန်တေ်တို့လုပ်နေတာမှားနေပြီ။ ဆက်လုပ်နေရင် ဒုက္ခရောက်တော့မယ်လို့။ ဘာဖြစ်လို့လဲ။ သူတို့ငယ်စဉ်ဘဝမှာ အမှားလုပ်ခဲ့လို့ ဒုက္ခရောက်ခဲ့တဲ့အတွေ့အကြုံရခဲ့ပြီးပြီ။ သားသမီးတွေကို သူတို့လိုဒုက္ခ မရောက်စေချင်လို့ပါ။ 

ဒါပေမယ့် သားသမီးတွေဟာ အဲဒီလို ဆုံးမသွန်သင်ပြတာကို နားမထောင်ကြတော့ အမှားတွေလုပ်မိကြတယ်။ 

သူတို့ကြီးလာတဲ့အခါ သူတို့မွေးလာတဲ့သားသမီးတွေကိုအမှားမလုပ်ဖို့ဆုံးမကြတယ်။ ကလေးတွေကနားမထောင်ကြပါဘူး။ အမှားတွေလုပ်ကြတယ်။ ဒုက္ခတွေနဲ့ကြုံတွေ့ရတယ်။ သံသရာလိုပဲ ဒီလိုဖြစ်နေတာတွေဟာ ဖြစ်ခဲ့တယ်။ ဖြစ်နေတယ်။ နောင်လဲဆက်ဖြစ်နေဦးမှာပဲ။ 

ကျွန်တော်တို့ဟာအနာဂတ်ကိုကြိုတင်မြင်တွေ့နိုင်တဲ့အသိဉာဏ်ရှိနေရင် အမှားတွေကိုရှောင်ရှားနိုင်ကြမှာပါ။ အမှားကင်းတဲ့ အနာဂတ်ကိုပိုင်ဆိုင်ဖို့စောစောကပြောသလို အတွေ့အကြုံရင့်ကျက်တဲ့ လူကြီးမိဘတွေကိုတိုင်ပင်မေးမြန်းအကြံဉာဏ်ရယူခြင်း၊ အတွေ့အကြုံရှိသူတွေ ရေးသားထားသောစာအုပ်များကိုဖတ်ရှုခြင်းဖြင့်အမှားလုံးဝကင်းစင်တာမဟုတ်တောင် အမှားနည်းတဲ့ဘဝကိုဖြတ်သန်းနိုင်ပါလိမ့်မယ်။ 

Kazuo Inamori ရေးတဲ့ ‘A Passion for Success’ စာအုပ်ထဲက ဆောင်းပါးတစ်ပုဒ်ကိုမှီးထားတာပါ။ 

ဗန်းမော်သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများမှကူးယူဖော်ပြထားပါသည်။ 

OpenYourBusinessOnline

ဘဝနေနည်း

Related Posts