အမှားလုပ်မိမှာ၊ ကျဆုံးမှာကို ကမ္ဘာပေါ်ရှိ လူသားတိုင်းကြောက်ကြပါတယ်။ ဒီ အကြောက်တရားကို ဘယ်လို ကျော်လွှားမယ်ဆိုတာက အောင်မြင်တာနဲ့ ကျဆုံးတာကို ဆုံးဖြတ်တာပါပဲ။ အကြောက်တရားကို ဖယ်ရှားနိုင်အောင် ဖြစ်နိုင်တဲ့ ရည်မှန်းချက် သေးသေးလေးက စပါ။ ရည်မှန်းချက်သေးသေးလေး အောင်မြင်ရင် ဒီထက်ကြီးတဲ့ ရည်မှန်းချက်ကိုချပြီး အောင်မြင်အောင်လုပ်ပါ။ အောင်မြင်မှုက အောင်မြင်မှုကို ဖြစ်စေပါတယ်။ အောင်မြင်မှုတွေ ဆက်တိုက်ရလာရင် ကျဆုံးမှာကို မကြောက်တော့ပါဘူး။
ရည်မှန်းချက် အကြီးကြီးချမယ့်အစား ရည်မှန်းချက်အကြီးကြီးကို အဆင့်ဆင့်ခွဲလိုက်ပါ။
ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။