ဂရုမစိုက်ခြင်း အနုပညာ

ဂရုမစိုက်ခြင်း အနုပညာ

ဂရုမစိုက်ခြင်း အနုပညာ – အဆုံးထိ ဖတ်ဖြစ်အောင်ဖတ်ပါ ။

၁။ ကိုယ့်ကိုယ်ကိုသိပါ။ ကိုယ့်အရှိအတိုင်း လက်ခံတတ်ပါစေ။

၂။ ကိုယ်ဖြစ်ချင်တာကို သိပါ။ ကိုယ်ဖြစ်ချင်တာ သိပြီး ဖြစ်ချင်တဲ့ဆီကို သွားနေရင်းနဲ့ တလွဲတွေ ဖြစ်နေတဲ့ လောကကြီးထဲက ကိုယ်ဖြစ်ချင်တာတွေနဲ့ မဆိုင်တဲ့ အရေးမပါတဲ့အရာတွေကို ဂရုမစိုက်ပဲ နေတတ်ပါစေ။

၃။ အားနာတတ်တာကို လျှော့ပြီး ငြင်းပယ်တတ်ပါစေ။

၄။ နာကျင်စရာ ဒုက္ခတွေကို တည့်တည့်ရင်ဆိုင်ပါ။ ထပ်တူညီတဲ့ ဒုက္ခတွေ နောက်တစ်ခါ မဖြစ်အောင် ရှောင်ပါ ။

၅။ သုခနဲ့ ဒုက္ခက ဒွန်တွဲနေတာမို့လို့ ဘယ်လို ဒုက္ခလိုချင်လဲဆိုတာ တွေးပြီး ဘဝကို ဖြတ်သန်းပါ။

၆။ မိမိကိုယ်မိမိ သာမာန် လူတစ်ယောက်ပဲဆိုတာ လက်ခံရမယ်။ ကိုယ့်ဒုက္ခတွေဟာ သူများတွေနဲ့ အတူတူပဲဆိုတာ နားလည်ရမယ်။

၇။ ထူးထူးခြားခြားဖြစ်ချင်တယ်ဆိုတာ မကောင်းဘူး။ ကိုယ့်အခြေအနေ ကိုယ်သိပြီး သာမာန်လူလို ကြိုးစားရင်းနဲ့မှ ထူးခြားလာတာမျိုး။ တမင်တကာကြီး ထူးခြားဖို့ စကြိုးစားရင်တော့ စိတ်ကူးယဉ်တာများပြီး ရွာသာကြီး ရောက်သွားနိုင်ပါတယ်။

၈။ ကိုယ်တန်ဖိုးထားတဲ့ အရာတွေကို သေချာသိပါစေ။ ကိုယ်တန်ဖိုးထားတဲ့ အရာတွေကို ဘယ်ပေတံနဲ့ တိုင်းနေတာလဲဆိုတာ သေချာသိပါစေ။

၉။ ကိုယ့်စိတ်ကို ကိုယ်တာဝန်ယူပါ။ ကိုယ့်ပတ်ဝန်းကျင်က ဖြစ်သမျှကို လိုက်မထိန်းချုပ်နိုင်ပေမယ့် ကိုယ့်စိတ်ကိုတော့ ကိုယ်ပိုင်ပါသေးတယ်။

၁၀။ ရွေးချယ်မှုတစ်ခုလုပ်ခဲ့ရင်လဲ ကိုယ့်ရွေးချယ်မှုကနေ ရလာမယ့် အကျိုးအကြောင်း အဆိုးအကောင်းအကုန် တာဝန်ယူတတ်ပါစေ။

၁၁။ ကိုယ့်အမှား ကိုယ်သိပါ။ အမှားများရာကနေ နည်းရာကို သွားပါ။ အမှားမရှိတဲ့ ဘဝမျိုး ဆိုတာတော့ မရှိပါဘူး။

၁၂။ မသိဘူးဆိုတာကို ရဲရဲဝံ့ဝံ့လက်ခံတတ်ပါစေ။

၁၃။ ကိုယ့်ခံယူချက်နှင့် ယုံကြည်ချက်တွေကို အမြဲပြန် ဆန်းစစ်ပါ။

၁၄။ ခံစားနေရတဲ့ စိတ်နှင့် တကယ်ဖြစ်နေတဲ့လက်တွေ့ကို အမြဲ ကွဲကွဲပြားပြား သိပါစေ။

၁၅။ စဉ်းစားနေမယ့်အစား တစ်ခုခုထလုပ်လိုက်၊ လုပ်နေမှ ဖြစ်ချင်စိတ်တွေကို ပိုဖြစ်လာတာ။

၁၆။ ယုံကြည်မှုရအောင် ရိုးသားမှုကို အရင်တည်ဆောက်ပါ။

၁၇။ သဘောထား ကွဲလွဲမူကို လက်ခံပါ။

၁၈။ ချစ်ရတဲ့သူ အချင်းချင်းတောင် သူ့စည်း၊ ကိုယ့်စည်း ခွဲခြားပါ။

၁၉။ တည်ငြိမ်တဲ့ လွတ်လပ်မှုကိုရှာပါ။

၂၀။ သေခြင်းတရားကို အမြဲသတိရပါ။ သေရမှာ ကြောက်တဲ့စိတ်ဟာ ရှင်ရမှာ ကြောက်တဲ့စိတ်နဲ့ တွဲပါလာတာမျိုး။

၂၁။ ကိုယ်မရှိတဲ့အခါ ကမ္ဘာကြီးကို ဘယ်လိုခြေရာတွေ ချန်ခဲ့ချင်လဲလို့ တွေးပြီး ရှင်သန်ပါ။

၂၂။ ဘယ်အရာမှ၊ ဘယ်တော့မှ ကြောက်စရာမလိုဘူး။

၂၃။ မကြိုးစားပဲနဲ့ ဘာမှမရဘူး။

❀ စာပေချစ်သူများကို အစဉ်လေးစားလျှက် မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် ❀

ဆရာချမ်းမြေ့ဝင်း ဘာသာပြန်သော ဂရုမစိုက်ခြင်းအနုပညာ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

သမိုင်း

Related Posts