Custom

အမြဲတမ်းကို ကြားကြားနေရတဲ့ Custom Rom ဆိုတာ

ဖုန်းအကြောင်းကို “ဟိုစပ်စပ် ဒီစပ်စပ် လိုက်စူးစမ်းနေတဲ့သူတွေဆို ဒီစကားလုံးကို ရင်းရင်းနှီးနှီးသိမယ်လို့ ကျွန်တော် 
ရဲရဲကြီးပြောလို့ ရပါတယ်။ 
     သိပ်မသိသေးတဲ့ သူတွေအတွက် ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် ခေါင်းစဉ် (၂) ခု နဲ့ ခွဲပြီးပြောပြပေးပါမယ်။

 What is a Custom Rom ? ( ……..ဆိုတာဘာလဲ)
အရင်ဦးဆုံးပြောရရင် rom လို့ပြောလိုက်တာနဲ့ လူတော်တော်များများက storage လို့ခေါ်တဲ့memory ကို ပြေးမြင်သွားပါလိမ့်မယ်။
မဟုတ်ပါဘူး၊ အခုပြောပြနေတဲ့Custom Rom နဲ့မတူပါဘူး။ 
custom rom ဆိုတာ developer တွေတီထွင်ထားတဲ့ rom အမျိုးအစားပါပဲ။ နည်းနည်း ရှုပ်သွားပြီထင်တယ်။ OK ဟုတ်ပြီ 
ကျွန်တော်တွေ ဖုန်းပေါ်မှာ အခြေခံနေတဲ့ Andriod ဟာ အရမ်းကို social ဆန်ပါတယ် Ios လို ချုပ်နှောင်မျိုးလည်းမရှိပါဘူး။
သူ့ရဲ့သဘောတရားက “မင်းဒါကိုလုပ်ချင်တာလား၊ လုပ်လေ ပြဿနာတစ်ခုခုနဲ့ တွေ့ရင် ကိုယ့်ဘာသာခံ” ။ အဲ့ဒါကြောင့် 
Rom developer တွေက ကြိုးစားပြီး code တွေရေးတယ်။ ထွက်လာတဲ့custom rom တွေကို user တွေအတွက် ချပေးပါတယ်။ ကျွန်တော်တို့တွေကလည်း ဒီrom တွေကို လွတ်လွတ်လပ်လပ်ပဲ အသုံးပြုနိုင်ပါသေးတယ်။

သင်ဖုန်းစဝယ်ပြီးဆိုရင် တွေ့ရမှာက stock rom ပါ၊ stock firmware လို့လဲခေါ်ပါတယ်။သင့်ဖုန်းထဲကို ကြိုတင်ထည့်ပေးထားတဲ့ operating system တစ်ခုပါပဲ။ Manufacturer တွေက သင်လက်ရှိသုံးနေတဲ့ stock rom ထဲက တချို့သောပိတ်ပင်ထားတာပါ ။ ဥပမာ – root ဖောက်တာပေါ့ ။custom rom က တစ်ချို့ပိတ်ပင်ထားတဲ့ feacture တွေပါအလွယ်တကူ ပဲသုံးနိုင်ပြီး ကိုယ့်ဖုန်းရဲ့ စွမ်းဆောင်ရည်လည်းမြင့်မားလာနိုင်ပါတယ်။custom rom ကိုတော့ andriod ကို အခြေခံထားတဲ့ ဖုန်းတွေ ၊ တပ်ပလက်တွေမှာ အသုံးပြုနိုင်ပါတယ်။

Why use a Custom Rom ? ( ………..ကိုဘာလို့ သုံးကြတာလဲ) 

အခုဆိုရင် အရင်ကထက်custom rom သုံးတဲ့userတွေက ပိုမိုများပြားလာပါတယ်။ custom rom သုံးတာက stock rom ထက်တချို့အချက်လေးတွေပိုပြီး ကောင်းတဲ့အတွက်ကြောင့်လဲ သုံးကြတာပါ။ ဒီလိုလျှောက်ကလိပြီးပြောင်းရင်းနဲ့ သုံးရတဲ့အပေါ် ကောင်းကျိုးလေးတွေလည်းရှိပါတယ်။

Battery Life (ဘတ်ထရီသက်တမ်း)

သင် ဖုန်းတစ်လုံးကို ဝယ်လိုက်ပီ ဆိုတာနဲ့ bloatware လိုခေါ်တဲ့ သင့်အတွက်မလိုအပ်တဲ့ app တွေပါတတ်ပါတယ်။ တရုတ်ဖက် ကနေလာတယ်ဖုန်းတွေမှာတော်တော်ဆိုးပါတယ်။xiaomi က အဓိကပါပဲ ။ ဒီ bloatware တွေ background  app တွေက ဒီအတိုင်းဖျက်လို့ရတယ်ဆိုပေမဲ့ အာ    ရုံနောက်ရပါတယ်။ ဖုန်းရဲ့ဘတ်ထရီသက်တမ်းကို လျော့ကျစေပါတယ်။custom rom တွေကတော့ အပိုစာသားတွေapp တွေမပါသလို battery life ကိုလည်း ပိုမို ကောင်းမွန်စေပါတယ်။

Performance (စွမ်းဆောင်ရည်) 
 
များသောအားဖြင့် stock rom တွေက ကိုယ့်ဖုန်းရဲ့ စွမ်းဆောင်ရည်ကိုထိန်းချုပ်ထားပါတယ်။ ထွက်တာတော့ နည်းနည်းကြာပီဖြစ်တဲ့ red mi note 5 နဲ့ဥပမာပေးချင်ပါတယ်။ mi note 5 ရဲ့soc ကအားလုံးသိတဲ့အတိုင်း snapdragon 636 ပဲပါတယ်။ mi ရဲ့ကိုယ်ပိုင် ui ဖြစ်တဲ့ MIUI  မှာ PUBG ဆော့ရင် Graphic မှာ balances ထိပဲရတာပါ။ kernal ပြောင်းထားတဲ့ ကြိုက်တဲ့ custom rom မှာ hd ထိရပါတယ်။ 
 ဒါကြောင့် custom rom တွေမှာက ချုပ်ကိုင်ထားခြင်းမရှိတဲ့ အတွက်ကြောင့် နဂိုထက် performance က ပိုသာပြီး သွက်လက်လာမှာကိုတွေ့ရပါတယ်။

Custom rom တင်ချင်တယ့်သူရှိရင် တင်ပေးသွားပါမယ် ။

Related Posts