ဂရုစိုက်ခြင်း

စိတ်ဖိစီးစေခြင်း နှင့် ဂရုစိုက်ခြင်း ကို မရောထွေးပါနှင့်

စိတ်ဖိစီးစေခြင်း နှင့် ဂရုစိုက်ခြင်း ကို မရောထွေးပါနှင့်
ဟန့်စ်ဆဲလ်ရီ စိတ္တဗေဒပညာရှင် ~~~~ မန်နေဂျာအများစုမှာ မိမိတို့၏ လူများအား တွန်းအားပေးရန် အတွက် ‘မ’ (Negative) နှစ်လုံးထပ်၍ အဓိပ္ပာယ်ပြရန် ကြိုးစားကြသည်။ ပထမပန်းတိုင်သို့ ‘မ’ ရောက်နိုင်ကြောင်းကို ‘မ’ ကောင်းသော စွမ်းအင်ထုတ်၍ မိမိကိုယ်ကို သိသိကြီးနှင့် စိတ်ဒုက္ခရောက်အောင် ဖန်တီးတတ်ကြသည်။ ဤနည်းမှာ အလုပ်မဖြစ်။ မိမိ အသင်း၏ ရည်မှန်းချက် များနှင့် ပက်သတ်ပြီး မိမိတို့ကိုယ် မိမိ စိတ်ဖိစီးမှုဖြစ်အောင် လုပ်ခြင်းသည် မိမိ၏အသင်း အဖွဲဝင်များ အားဂရုစိုက်ရာမရောက်။ စိတ်ဖိစီးမှု ဖြစ်စေခြင်းသည် အသုံးကျသော တန်းအားပေးနည်း မဟုတ်။

စိတ်တင်းကျပ်၊ စိတ်ဖိစီးမှု ခံစားနေရလျှင် မည့်သည့်သရုပ် ဆောင်မှ ကောင်းကောင်းသရုပ် ဆောင်နိုင်မည် မဟုတ်။ အရောင်းသမားများ၊ မိဘများအားလုံး အတူတူပင်ဖြစသည်။

စိတ်ဖိစီးမှုရှိသော သေနက်ပစ်သမားသည် အခြားလူတစ်ဦးက လေထဲသို့ ပစ်တင်လိုက်သော လုပ်ရှားနေသည်. ပစ်မှတ်ကို ထိအောင် မပစ်နိုင်တော့။ စိတ်ဖိစီးမှုခံစားနေသော သရုပ်ဆောင်တစ် ဦးသည်ဦးနောက်၏ အစိတ်အပိုင်းအနည်းငယ် ကိုသာ အသုံးချတော့မည်။ စိတ်ဖိစီးမှုရှိသော ဘောလုံးအသင်းဝင်တစ်ဦးသည် ဘောလုံးပွဲပြီးခါနီး တွင်ဂိုးဝင်အောင် မကန်နိင်တော့။
ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးမှုဖြစ်စေပြီးမှ ပန်းတိုင်သို့ ရောက်အောင် သွားသည့်နည်းလမ်းသည် ဂရုစိုက်ခြင်း မဟုတ်။ စိတ်ဖိစီးမှု ရှိလျှင် စွမ်းဆောင်မှု ညံဖျင်းသည်။ ဂရုစိုက်ခြင်းသည် စွမ်းဆောင်မှုကို ကောင်းမွန်စေသည်။ ထို့ကြောင့် ခေါင်းဆောင်တစ်ဦး အနေဖြင့် ဤအသိအမြင် နှစ်ခု၏ကွဲပြားခြားနားမှုကို သိရှိနားလည်ရမည်။

ဂရုစိုက်ခြင်း သည် စိတ်အပန်းပြေ၊ အာရုံစူးစိုက်မှု ဖြစ်စေပြီး မိမိတွင် ရှိနေသည့် အရင်းအမြစ်များကို စုစည်းခြင်းလည်း ဖြစ်သည်။

စိတ်မေးချမ်းမှုရှိပါက ပေါက်ကွဲခါနီး ဒိုင်းနမိုက်ကိုတောင် သယ်ယူနိုင်ကောင်း သယ်ယူနိုင်သည်။ စိတ်ဖိစီးမှုသည် ကမ္ဘာမြေကြီးနှင့် မဆက် အသွယ်ပြတ်တောက်ခြင်းဖြစ်သည်ဟု ဖန်တီးမှုနှင့် ပတ်သက်သော ဆရာမနာတာလီဂိုးလ်ဒ် ဘာ့ဂ်က တိုလေသည်။ ကမ္ဘာမြေကြီးကိုမေ့လျော့ခြင်း ဖြစ်သည်။ အရာရာ ကို မသိသောအခြေအနေ။ လျစ်လျူရှုသော အခြေအနေဖြစ်သည်ဟုလည်း ဆိုလေသည်။

ခေါင်းဆောင်မှုပိုင်းတွင် အောင်မြင်ချင်ပါက အာရုံစူးစိုက်မှု ရှိရမည်။ အာရုံစူးစိုက်တတ်ရမည်။ အာရုံစူးစိုက်ပြီးနေရမည်။ အာရုံစူးစိုက်ခံ ရသောအရာသည် ကျယ်ပြန့်လာလိမ့်မည်။
ထို့အတွတ် မိမိ၏အာရုံကို အကောင်းဆုံးရလဒ်များ ဆိုသည်မှာ Client/ Customer များထံမှသော်လည်းကောင်း၊ ငွေကြေးရလဒ်သော်လည်းကောင်း ရရှိမှုကို ဆိုလိုသည်။ စိတ်လက်သက်သာ ပျော်ရွှင်မှုကို အဓိက ထားသောနည်လမ်းဖြင့် ငြိမ်းချမ်းမှု၊ စွမ်းအင်ရှိမှုများ ရရှိမည်ဖြစ်သည်။ ထိုမှတစ်ဆင့် အောင်မြင်မှုသို့ တက်လှမ်းနိုင်မည်။

ရဲညွှန့် ( မဟာဝိဇ္ဇာ – နိူင်ဆက် ) ရေးသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း  ၁၀၀ စာအုပ်မှ ကူးယူ ဖော်ပြထားသည်။ 

Related Posts