အမဲလုံးခေါက်ဆွဲဟင်းချို

အမဲလုံးခေါက်ဆွဲဟင်းချို

ပါဝင်သောပစ္စည်းများ

  • အမဲသား – နှစ်ဆယ်ကျပ်သား
  • ကိုးရီးယားပဲခေါက်ဆွဲ – တစ်ဆယ့်ငါးကျပ်သား
  • ကော်မှုန့် – နှစ်ဇွန်း
  • မုန်လာဥနီ – လေးဥ
  • ကြက်သွန်မြိတ် – သုံးပင်
  • ကြက်ဥ – ငါးလုံး
  • ချင်း – တစ်တက်
  • ကြက်သွန်ဖြူ – နှစ်ဥ
  • ပဲငံပြာရည်အကြည် – နှစ်ဇွန်း
  • ဆား – အနည်းငယ်
  • ဟင်းချက်ဝိုင် – နှစ်ဇွန်း
  • ငရုတ်ကောင်း – အနည်းငယ်
  • အရိုးပြတ်ရည် – လိုသလောက်

ပြုလုပ်နည်းအဆင့်ဆင့်

*အမဲသား ရေဆေးပြီး နုတ်နုတ်စဉ်းပါ။ စက်ဖြင့်ကြိတ်လည်း ရပါတယ်။ ကြက်သွန်ဖြူတစ်ဥကို ထောင်းပြီး အမဲသားထဲရောနယ်ပါ။ ထိုအထဲသို့ ဆား၊ သကြား၊ ပဲငံပြာရည်တို့ဖြင့် နယ်၍ နှပ်ထားပါ။

*မုန်လာဥနီနှစ်ဥကိုယူပြီး အခွံသင်ပါ။ ပြီးလျှင် သေးသေးလေးများဖြစ်အောင် နုတ်နုတ်စဉ်းပါ။ နှပ်ထားသော အမဲသားထဲသို့ ရော၍နယ်ပြီး ကော်မှုန့်ပါ ထည့်နယ်ပါ။ အမဲလုံးကလေးများ လုပ်ထားပါ။

*ကျန်မုန်လာဥနီကို အမြှောင်းကလေးများဖြစ်အောင် ကုတ်ဖြင့်ခြစ်ထားပါ။ ကြက်ဥကို အနှစ်ဖယ်ပြီး အကာချည်းသက်သက် လုပ်ထားပြီးနောက် ကိုးရီးယားခေါက်ဆွဲကို နာရီဝက်ခန့် ရေတွင်စိမ်ထားပါ။

*အရိုးပြုတ်ရည်ကို မီးဖိုပေါ်တင်ပြီး ပွက်ပွက်ဆူလာလျှင် အမဲလုံးများထည့်ပါ။ ခေါက်ဆွဲနှင့် အမဲလုံးများ နူးလာလျှင် မုန်လာဥနီနှင့် ကြက်ဥများထည့်လိုက်ပါ။ ကြက်ဥထည့်ရာ၌ အပေါ်မှ အမျှင်ကလေးများဖြစ်အောင် ဖြည်းဖြည်းချင်းလောင်းပါ။

*ဆား၊ သကြား၊ ပဲငံပြာရည်တို့ထည့်ပါ။ ချခါနီးတွင် ဟင်းချက်ဝိုင်၊ ငရုတ်ကောင်း၊ ကြက်သွန်မြိတ်များ လှီး၍ အုပ်လိုက်ပါ။

*အလွန် အရသာရှိသော အမဲလုံး ပဲခေါက်ဆွဲ ဟင်းချိုတစ်ခွက် ရရှိပါပြီ။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Related Posts