အပြုသဘောဖြင့်

အပြုသဘောဖြင့် ရှုမြင်ခြင်း

အပြုသဘောဖြင့် ရှုမြင်ခြင်း

သင် ယခင်က ဆောင်ရွက်ခဲ့သော မှတ်တမ်းများ သို့မဟုတ် စာမေးပွဲအမှတ်များကို ပေးအပ်လာသည်ဆိုပါက အပျက်သဘော ရှုထောင့်ထက် အောင်မြင်သော အချက်များကိုသာ အာရုံစိုက်ပါ။

အပျက်သဘောတွေးသူ

စာမေးပွဲ၌ ရသောအဆင့်အတွက် စိတ်ပျက်နေသည်။

အပြုသဘောတွေးသူ

သူ၏အဆင့်မှာ မည်မျှပင်ဖြစ်နေပါစေ သူအတတ်နိုင်ဆုံး ကြိုးစားခဲ့ကြောင်း သူသိ၏။

သင်၏ စိတ်ကူးပုံရိပ်များကို ပြောင်းလဲပစ်ခြင်း

သင်၏အတွေးများကို စိတ်ကိုကိုယ်စားပြုသော အဇ္ဈတ္တမှ ပုံရိပ်များ၊ အသံများနှင့် စာလုံးများအနေဖြင့် တွေ့ကြုံခံစား၍ ရနိုင်သည်။ အဆိုပါ အချက်များကို လေ့လာရှာဖွေခြင်း၊ နေရာရွှေ့ပြောင်းခြင်း၊ ဖွံ့ဖြိုးတိုးတက်လာစေခြင်း တို့ဖြင့် မိမိ၏ တွေးပုံတွေးနည်း၊ မိမိ၏ဘဝနှင့် မိမိဘဝအကြောင်း ခံစားနေမှုများကို အကျိုးသက်ရောက်မှု ရှိစေနိုင်သည်။

မောင်မြင့်ကြွယ် ဘာသာပြန်ဆိုထားသော မရှိမဖြစ် အပြုသဘောဆောင်သော အကောင်းမြင်စိတ်သဘောထား စာအုပ်မှ ကူးယူဖော်ပြသည်။

OpenYourBusinessOnline

Related Posts