စိတ်ဓာတ်အင်အား

စိတ်ဓာတ်အင်အား ကြီးတဲ့သူ၊ သဘောထားကြီးတဲ့သူဟာ ဘယ်သူ့ကိုမှ မနိုင်ချင်ဘူး၊ ဘယ်သူ့အထက်ကမှ မနေချင်ဘူး။ စိတ်ဓာတ်အင်အား နည်းတဲ့သူ၊ သဘောထား သေးတဲ့သူဟာ သူများကို ကုပ်ခွပြီးတော့ စီးထားချင်တယ်၊ အထက်စီးကနေ ဆက်ဆံချင်တယ်။

တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးမှာ တကယ်လှိုက်လှဲမှု ရှိဖို့၊ ရိုးသားမှုရှိဖို့၊ ပွင့်လင်းမှုရှိဖို့ အရေးကြီးပါတယ်။ ဆက်ဆံရေးမှာ လှိုက်လှဲမှု၊ ရိုးသားမှု၊ ပွင့်လင်းမှုရှိတာ အင်မတန်အရသာရှိတယ်။ နှစ်ဦးစလုံးရဲ့ စိတ်ဓာတ်နဲ့ အသိဉာဏ် ကြီးပွားမှုကိုလည်း ထိထိရောက်ရောက်အထောက်အကူပေးပါတယ်။

ဆရာတော် ဦးဇောတိက ရေးသားသော တစိမ့်စိမ့်တွေးမယ် သိစရာတွေးစရာ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts