အပြုသဘောဆောင်သည့်

အပြုသဘောဆောင်သည့် ပုံရိပ်များဖြစ်ပေါ်လာခြင်း

အပြုသဘောဆောင်သည့် ပုံရိပ်များဖြစ်ပေါ်လာခြင်း

ရေတိုအနေဖြင့် ပို၍ အပြုသဘောဆောင်သည့် ခံစားမှုကို ရရှိလာစေရန် သင်၏ စိတ်ကူးပုံရိပ်၌ ပါဝင်နေသော အကြောင်းအရာများကို ပြောင်းလဲပစ်ရန် ကြိုးစားပါ။ “ဖြည့်စွက်၍ ပြောင်းလဲပစ်လိုက်သော မြင်ကွင်း” အဖြစ် သင်၏ ကြောက်စရာကောင်းလှသော ဆရာသမားကို ဘောင်းဘီရှည်၏ အပေါ်ဘက်မှ အနီရောင်ပန်းပွင့်များပါသော အောက်ခံဘောင်းဘီတိုကို ထပ်၍ဝတ်ဆင်ထားသော ရယ်စရာဟားစရာ ပုံရိပ်အဖြစ် စိတ်ထဲက မှန်းကြည့်လိုက်ပါ။ “အနိဌာအာရုံကို ဖယ်ရှားဖြစ်သော မြင်ကွင်း” အဖြစ် စိတ်ဖိစီးမှု များလွန်းလှပြီး အလွန်အလုပ်များနေသော သင်၏ရုံးခန်းကို သင့်အလုပ်စားပွဲသည် နေရာင်ခြည်လင်းလက်ပြီး လူသူကင်းမဲ့နေသည့် ငွေဆောင်ကမ်းခြေ သဲသောင်ပြင်ပေါ်၌ ရှိနေသည်ဟု မြင်ကြည့်လိုက်ပါ။

“အပြင်ပန်းမှ အကာအရံများကို ထွင်းဖောက်၍ ကြည့်သောမြင်ကွင်း” အဖြစ် သင်၏ အကြီးမားဆုံးရန်သူက ၎င်းအနေဖြင့် လုံခြုံစိတ်ချမှုမရှိဟု ခံစားနေရသောကြောင့် စိတ်မချမ်းမသာ ဖြစ်နေရမှုကို ခံစားနေရပါသည်ဟု ဝန်ခံထွက်ဆိုနေပုံကို မြင်ယောင်ကြည့်ပါ။ “အကာအရံတစ်ခုက ကာကွယ်ပေးထားသော မြင်ကွင်း” အဖြစ် သင့်အား ပူပေါင်းကြီးတစ်လုံးက ဝန်းရံ၍ ပြဿနာပေါင်းစုံမှ အကာအကွယ်ပေးထားသည်ဆိုသော မြင်ကွင်းကို မြင်ယောင်ကြည့်ပါ။ သင့်စိတ်ထဲ မှန်းကြည့်လိုက်သော ကိစ္စများသည် အလိုအလျောက် ဖြစ်လာကြမည် မဟုတ်သော်လည်း သင်၏အဇ္ဈတ္တမှ သဘာဝကျသော မြင်ကွင်းကို ပြောင်းလဲပစ်လိုက်သောကြောင့် သင့်ခံစားမှုကို ပို၍ကောင်းမွန်လာစေပြီး ပို၍ကောင်းမွန်သော ရလဒ်ကို ရရှိလာစေပါလိမ့်မည်။

အဓိကအချက်များ

  • သင့်အနေဖြင့် သဘာဝတရားကြီးကို မပြောင်းလဲပစ်နိုင်ပါ။ သို့ရာတွင် သင်က အပြုသဘောဆောင်သည့် ရလဒ်များရလာအောင် မိမိ၏ ပညတ်ချက်များကို ပြောင်းလဲပစ်နိုင်ကြောင်း နားလည် သဘောပေါက်စေလို၏။
  • သင်သည် စိတ်ကူးပုံရိပ်များကို မြင်ရောင်လာအောင် ပြုလုပ်ခြင်းဖြင့် သင်၏အမြင်နှင့် သဘောထားကို ထိန်းချုပ်နိုင်သည်။

မောင်မြင့်ကြွယ် ဘာသာပြန်ဆိုထားသော မရှိမဖြစ် အပြုသဘောဆောင်သော အကောင်းမြင်စိတ်သဘောထား စာအုပ်မှ ကူးယူဖော်ပြသည်။

OpenYourBusinessOnline

Related Posts