ကိုယ့်ရဲ့ရည်မှန်းချက်က ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ရည်မှန်းချက်ကိုရောက်အောင် ကြိုးစားနေချိန်မှာ လေ့လာသင်ကြားတာကိုလည်း စဉ်ဆက်မပြတ်လုပ်နေဖို့ လိုပါတယ်။ လေ့လာသင်ကြားဖို့အချိန်ကို နေ့စဉ်သတ်မှတ်ထားပါ။ အထူးသဖြင့် မိမိရဲ့အောင်မြင်မှုကို အထောက်အကူဖြစ်စေမယ့် ပညာတွေ၊ ဗဟုသုတတွေကို လေ့လာသင်ကြားပါ။ သင်တန်းတွေတက်ပါ။ အင်တာနက်ပေါ်မှာ လေ့လာပါ။

မမေးပဲ သင်ပေးတာကို ကျွန်တော်မကြိုက်ပေမယ့် လေ့လာသင်ယူဖို့ကိုတော့ ကျွန်တော်အမြဲကြိုက်ပါတယ်။
Winston Churchill

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

အတွေးအခေါ်

Related Posts