အတွေးလက်ဆောင်

အတွေးလက်ဆောင် (၂၀)

အတွေးလက်ဆောင် (၂၀) ။ ။ လူဆိုတာ ဒုက္ခရောက်ဖူးမှ ဘဝအကြောင်းနားလည်သလို လူတွေအကြောင်းကိုလည်း ပိုသိလာတတ်ပါတယ်။ မိမိဒုက္ခ ရောက်စဉ်အခါမှာ အနီးဆုံးလူတွေက ဝေးကွာသွားတတ်ကြပြီး အဝေးဆုံးလူတွေက နီးကပ်လာတတ်ပါတယ်။ မိတ်ကောင်းဆွေကောင်းဆိုတာ နေ့ခင်းကြောင်တောင် မီးခွက်ထွန်းရှာရင်တောင်မှ တွေ့ရခဲပါတယ်။ မိတ်ကောင်းဆွေကောင်းကို လိုချင်ရင် ကိုယ်တိုင်ကလည်း မိတ်ကောင်းဆွေကောင်းဖြစ်အောင် ဦးစွာ ကြိုးစားဖို့လိုပါတယ်။

A friend in need is a friend in deed.

English Proverb

အရေးကြုံတဲ့အခါ ရပ်တည်တဲ့ မိတ်ဆွေသူငယ်ချင်းသာ မိတ်ဆွေစစ် မိတ်ဆွေကောင်း ဖြစ်တယ်။
အင်္ဂလိပ်စကားပုံ

#OpenMoreOnline

Related Posts