အတွေးလက်ဆောင်

အတွေးလက်ဆောင် (၂၁)

အတွေးလက်ဆောင် (၂၁) ။ ။ မိတ်ဆွေအပေါင်းအသင်း ပေါများခြင်းဟာ ဘဝအောင်မြင်ရေးမှာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ လူဆိုတာ အထီးကျန်သတ္တဝါမဟုတ်။ လူ့အဖွဲ့အစည်းနဲ့ နေတဲ့ သတ္တဝါ ဖြစ်တဲ့ အတွက် မိတ်ဆွေအပေါင်းအသင်း ပေါများလေလေ ဘဝခရီးအတွက် လှေကားထစ်တွေ ပိုပြီးမြင့်လာလေလေပါပဲ။ ဒါ့ကြောင့် မိတ်ဆွေအပေါင်းအသင်း များများ ရှာပါ။ လူတွေကို ချစ်ပါ။ သူတို့ကိုလည်း  ကူညီပါ။ သူတို့ဆီက အကူအညီကိုလည်း ရအောင်ယူပါ။

Never hesitate to hold out your hand; never hesitate to accept out stretched hand of another.

Pope John XXXIII

သင့်လက်ကို ကမ်းပေးဖို့ ဘယ်တော့မှ မနှောင့်နှေးပါနဲ့။ သူတစ်ပါးကမ်းပေးလာတဲ့ လက်ကိုလည်း ဘယ်တော့မှ လှမ်းဆွဲယူဖို့ မနှောင့်နှေးပါနဲ့။
ပုပ်ရဟန်းမင်း

#OpenMoreOnline

Related Posts