စကားပြောသည်ကို ရပ်လိုက်ပါ

စကားပြောသည်ကို ရပ်လိုက်ပါ

ခေါင်းဆောင်မှုကို တိုင်းတာနိုင်သည့် အရာတစ်ခုမှာ
နောက်လိုက်များ၏ အရည်အသွေး၊ အဆင့်အတန်းပင် ဖြစ်သည်။

ဒင်းနစ်အေပီးယား
စီမံခန့်ခွဲမှု အတိုင်ပင်ခံပညာရှင်

အင်တာဗျူးမေးမြန်းသူအများစုမှာ စကားအလွန်ပြောပြီး နောက်ဆုံးတွင် “ကဲ… ကောင်းပါပြီ၊ ငါတို့ကုမ္ပဏီ နဲ့ပတ်သက်ပြီး သိချင်တာများ ရှိသေးလား” ဟု မေးတက်ကြသည်။ ဤကဲ့သို့ မဖြစ် စေရန် ရှောင်ရှား ရမည်။ အင်တာဗျူးလုပ်ရာတွင် မကျေညက် သောလူ များသည် မိမိ၏အကြောင်း၊ မိမိတို့ကုမ္ပဏီ၏ အကြောင်းများကိုသာ ပြောပြီးအင်တာဗျူးကို အဆုံးသတ်ကြသည်။

မေးခွန်းတွေ အများကြီးမေးရသဖြင့် စိတ်ထဲတွင် မအီမသာဖြစ်လာပြီး ကုမ္ပဏီ၏ သမိုင်းကြောင်း၊ မိမိ၏ ကိုယ်ရေးရာဇဝင်၊ မိမိ၏ခံယူချက်များ၊ ထင်မြင်ယူဆချက်များအကြောင်း ပြောသည့်ဘက်သို့ ရောက်သွားလေသည်။ ငါးလခန့်ကြာသည့်အခါ မိမိခန့်ထားသော ဝန်ထမ်းနှင့် အမြဲတမ်း အပြစ်ပြောတက်သူ Customer တို့အကြား ပြဿနာ တက်လေတော့သည်။ အင်တာဗျူးကို မည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိ သရွေ့ ကာလပတ်လုံးဤ ကဲ့သို့ ပြဿနာမျိုးတက် နေမည်သာဖြစ်သည်။

စကားများများ မပြောဖို့သတိရပါ။ အင်တာဗျူး လုပ်ရာတွင် မိမိ၏တာဝန်မှာ လာရောက်ဖြေဆိုသူ၏ အဆင့်ကို သိအောင်လုပ်ဖို့ပဲ ဖြစ်သည်။ ဤကဲ့သို့ သိရန်မှာ ဖြေဆိုသူအား မေးခွန်းတစ်ခုပြီးတစ်ခု မေးရန်သာ ဖြစ်သည်။

ဟိုဟိုဒီဒီစကားမမြည်ပြောခြင်းထက် မေးခွန်းပေါင်းများစွာကို မေးနိုင်ရန်မှာ စိတ်ဓာတ်၊ စဉ်းစားတွေးမြင်မှုနှင့် ကြိုတင်စီစဉ်ထားမှု များလိုအပ်သည်။ ခေါင်းဆောင်ကောင်းများသည် လူသစ်များ ရှာဖွေဖွဲ့ စည်းရာတွင် တော်ကြသည်။ အားကစား ဘက်တွင်ရော၊ ဘဝတွင် မှာပါမိမိက တော်သကဲ့သို့ မိမိ၏ လူများလည်။ တော်ရမည်ဖြစ်သည်။ အတော်ဆုံးလူများကို ရွေးချယ်ပါ။

“ကျွန်တော် သုတေသန လုပ်ရာက နေ The Gifted Boss (William Morrow, 1st Ed., 1999) စာအုပ်ကို ရေးဖြစ်ခဲ့တယ်။ အလွန် လာအော်လုပ်တာနဲ့ အချိန်ကုန်မခံတက်ကြဘူး။ ထူးခြားပြီး တော်တဲ့ဝန်ထမ်းတွေကို ရွေးချယ်ဖို့ပဲ ကြိုးပမ်းတတ်ကြတယ်။ နောက်ဆုံး အဖြေ ကတော့ အကောင်းဆုံးစီမံခန့်ခွဲ မှုဆိုတာဟာ စီမံခန့်ခွဲဖို့ မလိုအပ်တဲ့ ဝန်ထမ်းတွေကို ရှာဖွေခြင်းသာဖြစ်ပါတယ်” ဟု လုပ်ငန်းအတိုင်ပင်ခံ ပညာရှင်ဒေးလ် ခေါင်တန်က ဆိုပါသည်။

Related Posts