အဆိပ်မြှားကို ရှောင်ရှားပါ

အဆိပ်မြှားကို ရှောင်ရှားပါ

တကယ့်အဆိပ်ကို ပြောခြင်းမဟုတ်ပါ။ ကိုယ့်ကို အဆိပ်သင့်စေတဲ့လူကို ပြောတာပါ။ ကိုယ့်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေ၊ လုပ်ငန်းတူ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေက ကိုယ့်ရဲ့အောင်မြင်မှုကို အထောက်အကူပြုတဲ့လူတွေ ဖြစ်နိုင်သလို ကိုယ့်ကို အဆိပ်သင့်နိုင်တဲ့လူတွေလည်း ဖြစ်နိုင်ပါတယ်။ အရင်းနှီးဆုံးမိတ်ဆွေပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေပဲဖြစ်ဖြစ် ကိုယ်ကြိုးစားတာကို မနာလိုတဲ့လူ၊ နှောက်ယှက်တဲ့လူ၊ အပြစ်ပြောတဲ့လူဆိုရင်တော့ ဝေးဝေးက ရှောင်သင့်ပါတယ်။ နေ့စဉ်တွေ့နေရတဲ့ လူဆိုရင်လည်း ကိုယ့်ရည်မှန်းချက်နဲ့ ပတ်သတ်တာတွေ ဆွေးနွေးတိုင်ပင်တာ ရှောင်ပါ။

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

အတွေးအခေါ် ဘဝနေနည်း

Related Posts