ရည်မှန်းချက်ကို အောင်မြင်အောင် ကြိုးစားနေချိန်မှာ ပုံမှန်စစ်ဆေးဖို့လိုပါတယ်။ စစ်ဆေးတဲ့လူကတော့ ကိုယ်ကြည်ညိုတဲ့လူ၊ ကိုယ့်အပေါ် အရှိကိုအရှိအတိုင်း မှန်တာကိုပြောမယ့်လူ၊ အောင်မြင်နေတဲ့လူ ဖြစ်ဖို့တော့ လိုပါတယ်။ ကိုယ်ကြိုးစားနေတာနဲ့ ပတ်သက်တဲ့ အမှန်အတိုင်းပြောပြချက်ကို နားထောင်ပါ။ ပြင်သင့်တာကိုပြင်ပါ။ အကြံပေးချက်တွေကို နားထောင်ပါ။ ဒါမှသာ လမ်းကြောင်းမှန်ပေါ်မှာ ရှိမရှိကို သိရပါမယ်။

ကျွန်တော်နားထောင်ရတာကို နှစ်သက်သဘောကျပါတယ်။ သေသေချာချာ ဂရုတစိုက်နားထောင်တဲ့အတွက် ပညာတွေအများကြီး တိုးပါတယ်။ လူတော်တော်များများကတော့ နားထောင်ဖို့ ဝန်လေးကြပါတယ်။
Ernest Hemingway

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

အတွေးအခေါ် ဘဝနေနည်း

Related Posts